တစ်ကမ္ဘာလုံးဆီ ဖြန့်ချိမယ့် MIUI 12

ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းက Mi 10 Youth စမတ်ဖုန်းနဲ့အတူ MIUI 12 ကို မိတ်ဆက်ခဲ့ပါတယ်။ တရုတ်ပြည်က ပရိသတ်တွေအတွက် အရင်ဆုံးမိတ်ဆက်ခဲ့တာပါ။ အခုဆိုရင် Xiaomi က မေ ၁၉မှာ MIUI 12 တစ်ကမ္ဘာလုံးဆီ ဖြန့်ချိဖို့ စဉ်ထားပါတယ်။

MIUI Twitter account က MIUI 12 မိတ်ဆက်မယ့်ရက်ကို ဉာဏ်စမ်းပုံစံ အမြည်းသဘော မိတ်ဆက်လိုက်ပါတယ်။ ဉာဏ်စမ်းက သင်္ချာပုစ္ဆာတစ်ခုဖြစ်ပါတယ်။ အဖြေက ၁၉ဖြစ်ပါတယ်။

MIUI 12 ဟာ Andoird 10 အခြေခံထားပြီး အဓိက ရုပ်ထွက်ပိုင်းပြောင်းလဲမှုတွေ ပြုလုပ်ထားပါတယ်။ MIUI 12 မှာ flat design, animations အသစ်နဲ့ တိုးတက်လာတဲ့ dark mode တို့ပါဝင်လာပါတယ်။ ဒါ့အပြင် ဘယ် လို app တွေက permission ကိုထိခိုက်စေသလဲဆိုတာ ခြေရာခံ‌ပေးပါတယ်။ အကြားအာရုံချို့ယွင်းသူတွေအတွက် ဖုန်းခေါ်ဆိုမှုကို စာနဲ့မှတ်တမ်းတင်ပေးမယ့် AI Calling feature ပါဝင်လာပါတယ်။

Xiaomi ဟာ Global ROM အတွက် အိန္ဒိယမှာ beta စမ်းသပ်သုံးစွဲသူတွေ စုဆောင်းနေပါတယ်။ Xiaomi စမတ်ဖုန်း ၃၀ကျော်မှာ Global ROM ကို update လုပ်နိုင်ပါမယ်။

စိုးထက်
Ref: GSMArena