တစ္ႏွစ္အတြင္း Viber ၏ Chat Extension အႀကိမ္ေရ သန္း ၄၅၀၀ ေက်ာ္အသံုးျပဳခဲ့ ဟုဆို

[ Zawgyi ]

၂၀၁၇ ခုႏွစ္အတြင္းမွာ Viber Application အတြင္းရွိ Chat Extension ေတြကို အႀကိမ္ အေရအတြက္ သန္း ၄၅၀၀ ေက်ာ္ အသံုးျပဳခဲ့ေၾကာင္း သိရပါတယ္။

Viber ရဲ႕ Shouts, Favorites နဲ႔ Location Extension ေတြကို ကမာၻတစ္ဝန္း တျဖည္းျဖည္းမိတ္ဆက္ဖို႔ စီစဥ္ေနတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ျမန္မာႏိုင္ငံအတြက္ ျပည္တြင္း၊ ျပည္ပမွ လက္တြဲေဖာ္ ၂၀ ေက်ာ္နဲ႔ ပူးေပါင္းေဆာင္ရြက္လ်က္ရွိတယ္လို႔ သိရပါတယ္။ Viber အသံုးျပဳမႈ အမ်ားဆံုးႏိုင္ငံမွာ ျမန္မာပါဝင္တယ္လို႔ သိရပါတယ္။ အေရွ႕ေတာင္ အာရွႏိုင္ငံေတြရဲ႕အသံုးျပဳမႈထဲမွာ အပါအဝင္ျဖစ္ၿပီး ျမန္မာႏိုင္ငံအျပင္ ဖိလစ္ပိုင္၊ ဗီယက္နမ္တို႔လည္း အသံုးျပဳမႈမ်ားတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံမွာ Viber အသံုးျပဳသူ သန္း ၃၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။ တစ္ကမာၻလံုးမွာ သံုးစြဲသူေပါင္း သန္း ၈၀၀ ေက်ာ္ရွိၿပီး တစ္ဦးခ်င္းခ်ိတ္ ဆက္ေျပာဆိုျခင္း (one-on-one chats) ၊ ဗီဒီယိုေခၚဆိုမႈမ်ား ျပဳလုပ္ျခင္း (video calls)၊ အဖဲြ႔လိုက္ မက္ေဆ့ခ်္မ်ား ေပးပို႔ျခင္း (group messaging) ဒါမွမဟုတ္ မိမိတို႔ ႀကိဳက္ႏွစ္သက္တဲ့ ကုန္ပစၥည္းအမွတ္တံဆိပ္ေတြ၊ အႏုပညာရွင္ေတြနဲ႔ ေဆြးေႏြးစကားေျပာျခင္းေတြကို လုပ္ေဆာင္ႏိုင္တာ ျဖစ္ပါတယ္။

-ထြန္းထြန္း

[ Unicode ]

၂၀၁၇ ခုနှစ်အတွင်းမှာ Viber Application အတွင်းရှိ Chat Extension တွေကို အကြိမ် အရေအတွက် သန်း ၄၅၀၀ ကျော် အသုံးပြုခဲ့ကြောင်း သိရပါတယ်။

Viber ရဲ့ Shouts, Favorites နဲ့ Location Extension တွေကို ကမ္ဘာတစ်ဝန်း တဖြည်းဖြည်းမိတ်ဆက်ဖို့ စီစဉ်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအတွက် ပြည်တွင်း၊ ပြည်ပမှ လက်တွဲဖော် ၂၀ ကျော်နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ Viber အသုံးပြုမှု အများဆုံးနိုင်ငံမှာ မြန်မာပါဝင်တယ်လို့ သိရပါတယ်။ အရှေ့တောင် အာရှနိုင်ငံတွေရဲ့အသုံးပြုမှုထဲမှာ အပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံအပြင် ဖိလစ်ပိုင်၊ ဗီယက်နမ်တို့လည်း အသုံးပြုမှုများတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ Viber အသုံးပြုသူ သန်း ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။ တစ်ကမ္ဘာလုံးမှာ သုံးစွဲသူပေါင်း သန်း ၈၀၀ ကျော်ရှိပြီး တစ်ဦးချင်းချိတ် ဆက်ပြောဆိုခြင်း (one-on-one chats) ၊ ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များ ပေးပို့ခြင်း (group messaging) ဒါမှမဟုတ် မိမိတို့ ကြိုက်နှစ်သက်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ၊ အနုပညာရှင်တွေနဲ့ ဆွေးနွေးစကားပြောခြင်းတွေကို လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

-ထွန်းထွန်း