တစ္ႏိုင္ငံလံုး၏ ဆက္သြယ္ေရးကြန္ရက္အတြက္ MyanmarSat-2 ႏွင့္သေဘာတူ လက္မွတ္ေရးထိုးခဲ့

[ Zawgyi ]

ျမန္မာတစ္ႏိုင္ငံလံုးရဲ႕ ဆက္သြယ္ေရးကြန္ရက္အတြက္ MyanmarSat-2 နဲ႔ သေဘာတူ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သတင္းရရွိပါတယ္။

သတင္းအခ်က္အလက္ နည္းပညာႏွင့္ ဆိုက္ဘာလုံျခဳံေရး ဦးစီးဌာနနဲ႔ Intelsat Global Sales and Marketing Ltd တို႔ လက္မွတ္ေရးထိုးခဲ့တာျဖစ္ေၾကာင္း၊ ဆက္သြယ္ေရး ဝန္ေဆာင္မႈ ျပတ္ေတာက္မႈ မရွိေစရန္နဲ႔ ျမန္မာတစ္ႏိုင္ငံလုံး ဆက္သြယ္ေရး ကြန္ရက္ လႊမ္းျခဳံမႈ ရွိေစဖို႔အတြက္ Satellite Payload IRU Agreement for MyanmarSat-2 လက္မွတ္ေရးထိုးျခင္း အခမ္းအနားကို ဇြန္လ ၁ ရက္က ေနျပည္ေတာ္မွာ က်င္းပခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

အဲဒီအခမ္းအနားမွာ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန႔္စင္ေမာင္က ဆက္သြယ္ေရး ဝန္ေဆာင္မႈေတြ ျပတ္ေတာက္မႈ မရွိေစေရးနဲ႔ ျမန္မာတစ္နိုင္ငံလုံး ဆက္သြယ္ေရးကြန္ရက္ လႊမ္းျခဳံမႈ ရွိေစေရးအတြက္ MyanmarSat-2 မွ အေထာက္အပံ့ျဖစ္ေစမယ့္ ကိစၥရပ္ေတြနဲ႔ စပ္လ်ဥ္းၿပီး ရွင္းလင္း ေျပာၾကားခဲ့တယ္လို႔ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

-ထြန္းထြန္း

===========

[ Unicode ]

တစ်နိုင်ငံလုံး၏ ဆက်သွယ်ရေးကွန်ရက်အတွက် MyanmarSat-2 နှင့်သဘောတူ လက်မှတ်ရေးထိုးခဲ့

===========

မြန်မာတစ်နိုင်ငံလုံးရဲ့ ဆက်သွယ်ရေးကွန်ရက်အတွက် MyanmarSat-2 နဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနနဲ့ Intelsat Global Sales and Marketing Ltd တို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှု ပြတ်တောက်မှု မရှိစေရန်နဲ့ မြန်မာတစ်နိုင်ငံလုံး ဆက်သွယ်ရေး ကွန်ရက် လွှမ်းခြုံမှု ရှိစေဖို့အတွက် Satellite Payload IRU Agreement for MyanmarSat-2 လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇွန်လ ၁ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဲဒီအခမ်းအနားမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပြတ်တောက်မှု မရှိစေရေးနဲ့ မြန်မာတစ်နိုင်ငံလုံး ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံမှု ရှိစေရေးအတွက် MyanmarSat-2 မှ အထောက်အပံ့ဖြစ်စေမယ့် ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး ရှင်းလင်း ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

-ထွန်းထွန်း