တစ္လ ၉.၉၉ ေဒၚလာ က်သင့္မယ့္ Apple TV Plus ကုိ ႏိုဝင္ဘာလအတြင္း မိတ္ဆက္ႏိုင္

[ Zawgyi ]

Apple ရဲ႕အသစ္ထြက္ရွိလာမယ့္္ ဗီဒီယို streaming ဝန္ေဆာင္မႈကုိ ႏိုဝင္ဘာလအတြင္း မိတ္ဆက္ဖို႔ စီစဥ္ထားၿပီး တစ္လကို ၉.၉၉ ေဒၚလာ က်သင့္မယ္လို႔ Bloomberg ကေဖာ္ျပခဲ့ပါတယ္။

Apple အေနနဲ႔ ဝန္ေဆာင္မႈ ထြက္ရွိမယ့္ရက္ ဒါမွမဟုတ္ ေဈးႏႈန္းကုိ မေျပာေသးေပမယ့္ ဒီႏွစ္မတ္လမွာေတာ့ ဗီဒီယုိဝန္ေဆာင္မႈတစ္ခု လာမယ္လုိ႔ မိတ္ဆက္ထားပါတယ္။ Apple ရဲ႕ထုတ္ကုန္က Disney+ ကုိ ၿပိဳင္ဆိုင္သြားမွာ ျဖစ္ပါတယ္။ Disney+ ဟာ Disney စတူဒီယိုက ပုိင္ဆိုင္တဲ့ ဝန္ေဆာင္မႈျဖစ္ၿပီး Disney ကပုိင္တဲ့ ႐ုပ္ရွင္ေတြ၊ Marvel ဇာတ္ကားေတြ၊ Star Wars ဇာတ္ကားေတြနဲ႔ ကုမၸဏီကပုိင္ဆိုင္တဲ့ ကြန္ရက္က ႐ုပ္ရွင္ေတြအားလုံး ပါဝင္လာမွာ ျဖစ္ပါတယ္။

Apple ဟာ၂၀၂၀ ခုႏွစ္အေရာက္ ႏွစ္စဥ္ဝန္ေဆာင္မႈေတြကေန ဝင္ေငြ ေဒၚလာ ၅၀ ဘီလ်ံ အထိ ေရာက္ရွိဖို႔ ေမွ်ာ္လင့္ေနၿပီး TV Plus ျဖန္႔ခ်ိမႈက အဲဒီ စံခ်ိန္ကုိ ယူေဆာင္လာႏိုင္ပါတယ္။ ႏုိဝင္ဘာလအတြင္း Apple TV Plus ဝန္ေဆာင္မႈမွာ တီဗီအစီအစဥ္ ၅ ခုပဲ ပါဝင္လာဦးမယ္ျဖစ္ပါတယ္။ အဲဒါေတြကေတာ့ ဂ်နီဖာအန္နီစတန္နဲ႔ ရစစၥဝပ္သာစပြန္းတို႔ပါဝင္တဲ့ The Morning Show ၊ Aquaman ရဲ႕ေဂ်ဆင္မိုမိုအာပါဝင္တဲ့ See နဲ႔ သ႐ုပ္ေဆာင္ ေအာ့ေတဗီးယားစပင္ဆာ ပါဝင္တဲ့ Truth Be Told အျပင္ စတီဗင္စပီးဘာ့ခ်္ရဲ႕ Amazing Stories နဲ႔ Home အမည္ရ မွတ္တမ္းစီးရီးတို႔ပဲ ျဖစ္ပါတယ္။

Apple အေနနဲ႔ Netflix လုိုမ်ိဳး တီဗီအစီအစဥ္ေတြကုိ အလ်င္အျမန္ ဖန္တီးသြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ Apple အေနနဲ႔ ေအာ္ပရာဝင္းဖေရးလိုမ်ိဳး ေက်ာ္ၾကားသူကုိ ဆြဲေဆာင္ထားကာ TV Plus အတြက္ မွတ္တမ္းစီးရီး ၂ ခုဖန္တီးေပးမယ္လုိ႔ သိရပါတယ္။ Apple အေနနဲ႔ The Morning Show နဲ႔ See ေပၚမွာ ေဒၚလာသန္းရာေပါင္းမ်ားစြာ အသုံးျပဳထားပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Apple ရဲ့အသစ်ထွက်ရှိလာမယ့်် ဗီဒီယို streaming ဝန်ဆောင်မှုကို နိုဝင်ဘာလအတွင်း မိတ်ဆက်ဖို့ စီစဉ်ထားပြီး တစ်လကို ၉.၉၉ ဒေါ်လာ ကျသင့်မယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။

Apple အနေနဲ့ ဝန်ဆောင်မှု ထွက်ရှိမယ့်ရက် ဒါမှမဟုတ် ဈေးနှုန်းကို မပြောသေးပေမယ့် ဒီနှစ် မတ်လမှာတော့ ဗီဒီယိုဝန်ဆောင်မှုတစ်ခု လာမယ်လို့ မိတ်ဆက်ထားပါတယ်။ Apple ရဲ့ထုတ်ကုန်က Disney+ ကို ပြိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ Disney+ ဟာ Disney စတူဒီယိုက ပိုင်ဆိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပြီး Disney ကပိုင်တဲ့ ရုပ်ရှင်တွေ၊ Marvel ဇာတ်ကားတွေ၊ Star Wars ဇာတ်ကားတွေနဲ့ ကုမ္ပဏီကပိုင်ဆိုင်တဲ့ ကွန်ရက်က ရုပ်ရှင်တွေအားလုံး ပါဝင်လာမှာ ဖြစ်ပါတယ်။

Apple ဟာ၂၀၂၀ ခုနှစ်အရောက် နှစ်စဉ်ဝန်ဆောင်မှုတွေကနေ ဝင်ငွေ ဒေါ်လာ ၅၀ ဘီလျံ အထိ ရောက်ရှိဖို့ မျှော်လင့်နေပြီး TV Plus ဖြန့်ချိမှုက အဲဒီ စံချိန်ကို ယူဆောင်လာနိုင်ပါတယ်။ နိုဝင်ဘာလအတွင်း Apple TV Plus ဝန်ဆောင်မှုမှာ တီဗီအစီအစဉ် ၅ ခုပဲ ပါဝင်လာဦးမယ်ဖြစ်ပါတယ်။ အဲဒါတွေကတော့ ဂျနီဖာအန်နီစတန်နဲ့ ရစစ္စဝပ်သာစပွန်းတို့ပါဝင်တဲ့ The Morning Show ၊ Aquaman ရဲ့ဂျေဆင်မိုမိုအာပါဝင်တဲ့ See နဲ့ သရုပ်ဆောင် အော့တေဗီးယားစပင်ဆာ ပါဝင်တဲ့ Truth Be Told အပြင် စတီဗင်စပီးဘာ့ချ်ရဲ့ Amazing Stories နဲ့ Home အမည်ရ မှတ်တမ်းစီးရီးတို့ပဲ ဖြစ်ပါတယ်။

Apple အနေနဲ့ Netflix လိုုမျိုး တီဗီအစီအစဉ်တွေကို အလျင်အမြန် ဖန်တီးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ Apple အနေနဲ့ အော်ပရာဝင်းဖရေးလိုမျိုး ကျော်ကြားသူကို ဆွဲဆောင်ထားကာ TV Plus အတွက် မှတ်တမ်းစီးရီး ၂ ခုဖန်တီးပေးမယ်လို့ သိရပါတယ်။ Apple အနေနဲ့ The Morning Show နဲ့ See ပေါ်မှာ ဒေါ်လာသန်းရာပေါင်းများစွာ အသုံးပြုထားပါတယ်။

Ref: TheVerge