တစ္လအတြင္း OnePlus 6 ဖုန္း ၁ သန္းေက်ာ္ ေရာင္းခ်ခဲ့ရ

[ Zawgyi ]

OnePlus ဟာ ကုမၸဏီရဲ႕ ေနာက္ဆံုးေပၚစမတ္ဖုန္းျဖစ္တဲ့ OnePlus 6 ကို တစ္လအတြင္း အလံုးေရ ၁ သန္းေက်ာ္ ေရာင္းခ်ခဲ့ရတယ္လို႔ ကုမၸဏီတည္ေထာင္သူနဲ႔ အမႈေဆာင္အရာရိွခ်ဳပ္ျဖစ္တဲ့ Pete Lau က Business Insider ထံ ေျပာၾကားခဲ့ပါတယ္။

ဒီကိန္းဂဏန္းအခ်က္အလက္ဟာ ၂၂ ရက္အတြင္း ေရာင္းခ်ခဲ့ရတဲ့ အေရအတြက္ျဖစ္တယ္လို႔ Lau က ဆိုပါတယ္။ OnePlus က ျဖန္႔ခ်ိခဲ့တဲ့ အရင္ဖုန္းႏွစ္မ်ိဳးကေတာ့ ဒီအေရအတြက္ကိုရရိွဖို႔ အခ်ိန္သံုးလ ယူခဲ့ရပါတယ္။

ဖုန္းေရာင္းအား ၁ သန္းဆိုတဲ့ ပမာဏဟာ မ်ားျပားေပမယ့္လည္း တစ္လအတြင္း ဖုန္း သန္းေပါင္းမ်ားစြာ ေရာင္းခ်ခဲ့ရတဲ့ Samsung Galaxy နဲ႔ Apple iPhone တို႔လို႔ ဖုန္းေရာင္းအားနဲ႔ယွဥ္ရင္ေတာ့ အေတာ့္ကို နည္းပါးပါေသးတယ္။

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

OnePlus ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းဖြစ်တဲ့ OnePlus 6 ကို တစ်လအတွင်း အလုံးရေ ၁ သန်းကျော် ရောင်းချခဲ့ရတယ်လို့ ကုမ္ပဏီတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Pete Lau က Business Insider ထံ ပြောကြားခဲ့ပါတယ်။

ဒီကိန်းဂဏန်းအချက်အလက်ဟာ ၂၂ ရက်အတွင်း ရောင်းချခဲ့ရတဲ့ အရေအတွက်ဖြစ်တယ်လို့ Lau က ဆိုပါတယ်။ OnePlus က ဖြန့်ချိခဲ့တဲ့ အရင်ဖုန်းနှစ်မျိုးကတော့ ဒီအရေအတွက်ကိုရရှိဖို့ အချိန်သုံးလ ယူခဲ့ရပါတယ်။

ဖုန်းရောင်းအား ၁ သန်းဆိုတဲ့ ပမာဏဟာ များပြားပေမယ့်လည်း တစ်လအတွင်း ဖုန်း သန်းပေါင်းများစွာ ရောင်းချခဲ့ရတဲ့ Samsung Galaxy နဲ့ Apple iPhone တို့လို့ ဖုန်းရောင်းအားနဲ့ယှဉ်ရင်တော့ အတော့်ကို နည်းပါးပါသေးတယ်။

-နောင်နောင်
Ref: TheVerge