တစ္မူထူးျခားတဲ့ ပတၱာဒီဇိုင္းပါဝင္တဲ့ Asus ZenBook S laptop

[ Zawgyi ]

Computex 2018 မွာ Asus က တစ္မူထူးျခားတဲ့ ပတၱာဒီဇိုင္းပါဝင္တဲ့ ZenBook S laptop ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။

Asus က ErgoLift လို႔ေခၚဆိုတဲ့ ပတၱာဒီဇိုင္းဟာ အခ်ိန္ၾကာျမင့္စြာ စာ႐ိုက္တဲ့အခါ ပိုၿပီးသက္ေသာင့္သက္သာ ရိွေစဖို႔အတြက္ ကီးဘုတ္ကို ၅.၅ ဒီဂရီ ေစာင္းေပးထားပါတယ္။

Asus ZenBook S – Angled for Creative Power / ASUS

ZenBook S ရဲ႕ အေလးခ်ိန္က ၁ ကီလိုဂရမ္ (၂.၂ ေပါင္) ျဖစ္ၿပီး အထူက ၁၂.၉ မီလီမီတာ (၀.၅ လက္မ) ျဖစ္ပါတယ္။ Display က ၁၃.၃ လက္မျဖစ္ၿပီး 4K နဲ႔ 1080p resolution option ေတြနဲ႔ရရိွႏိုင္ပါတယ္။ ေဘးေဘာင္ေတြက ေသးငယ္ၿပီး screen-to-body အခ်ိုးက ၈၅ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ Processor ေတြကို U-series Core i7 ဒါမွမဟုတ္ i5 နဲ႔ရရိွႏိုင္ပါတယ္။ USB-C port သံုးခု၊ Thunderbolt 3 ႏွစ္ခုနဲ႔ နားၾကပ္ေပါက္တစ္ခု ပါဝင္ပါတယ္။

ZenBook S ကို ဇြန္လ ၁၁ ရက္စၿပီး ေရာင္းခ်သြားမွာျဖစ္ပါတယ္။ တန္ဖိုးက ၁,၁၉၉ ေဒၚလာနဲ႔ စတင္မွာျဖစ္ပါတယ္။

ZenBook S

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

Computex 2018 မှာ Asus က တစ်မူထူးခြားတဲ့ ပတ္တာဒီဇိုင်းပါဝင်တဲ့ ZenBook S laptop ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။

Asus က ErgoLift လို့ခေါ်ဆိုတဲ့ ပတ္တာဒီဇိုင်းဟာ အချိန်ကြာမြင့်စွာ စာရိုက်တဲ့အခါ ပိုပြီးသက်သောင့်သက်သာ ရှိစေဖို့အတွက် ကီးဘုတ်ကို ၅.၅ ဒီဂရီ စောင်းပေးထားပါတယ်။

Asus ZenBook S – Angled for Creative Power / ASUS

ZenBook S ရဲ့ အလေးချိန်က ၁ ကီလိုဂရမ် (၂.၂ ပေါင်) ဖြစ်ပြီး အထူက ၁၂.၉ မီလီမီတာ (၀.၅ လက်မ) ဖြစ်ပါတယ်။ Display က ၁၃.၃ လက်မဖြစ်ပြီး 4K နဲ့ 1080p resolution option တွေနဲ့ရရှိနိုင်ပါတယ်။ ဘေးဘောင်တွေက သေးငယ်ပြီး screen-to-body အချိုးက ၈၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Processor တွေကို U-series Core i7 ဒါမှမဟုတ် i5 နဲ့ရရှိနိုင်ပါတယ်။ USB-C port သုံးခု၊ Thunderbolt 3 နှစ်ခုနဲ့ နားကြပ်ပေါက်တစ်ခု ပါဝင်ပါတယ်။

ZenBook S ကို ဇွန်လ ၁၁ ရက်စပြီး ရောင်းချသွားမှာဖြစ်ပါတယ်။ တန်ဖိုးက ၁,၁၉၉ ဒေါ်လာနဲ့ စတင်မှာဖြစ်ပါတယ်။

ZenBook S

-နောင်နောင်
Ref: TheVerge