တစ္မီတာအျမင့္ကေန ႀကိမ္ဖန္မ်ားစြာ လြတ္က်ဒဏ္ခံႏိုင္တဲ့ Gorilla Glass 6

[Zawgyi]

သိပ္မၾကာခင္မွာ စမတ္ဖုန္းေတြဟာ ႀကိမ္ဖန္မ်ားစြာ လြတ္က်တဲ့ဒဏ္ကို ခံႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

အျမင့္ တစ္မီတာ (၃.၂၈ ေပ) ကေန ႀကိမ္ဖန္မ်ားစြာ လြတ္က်တဲ့ဒဏ္ခံႏိုင္တဲ့ Gorilla Glass 6 လို႔ေခၚတဲ့ နည္းပညာသစ္ကို Corning က ဗုဒၶဟူးေန႔မွာ မိတ္ဆက္ခဲ့ပါတယ္။

စမ္းသပ္မႈမ်ားအရ အဆိုပါ မွန္ဟာ ၁၅ ႀကိမ္အထိ ျပဳတ္က်ဒဏ္ခံႏိုင္ၿပီး Gorilla Glass 5 ထက္ ႏွစ္ဆပိုမိုတယ္လို႔ ဆိုပါတယ္။ ႐ိုး႐ိုးမွန္ကေတာ့ ပထမဆံုးအႀကိမ္ လြတ္က်တာနဲ႔ ကြဲမွာျဖစ္တယ္လို႔ ကုမၸဏီရဲ႕ အမႈေဆာင္ေတြက Corning ရဲ႕ နည္းပညာစင္တာသစ္မွာျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

သံုးစြဲသူေတြကေတာ့ Corning ကို မီးဖိုေခ်ာင္သံုး Pyrex မွန္ထည္ေတြနဲ႔ပတ္သက္ၿပီး လူသိမ်ားပါတယ္။ ဒါ့အျပင္ အဆိုပါကုမၸဏီဟာ စမတ္ဖုန္းေတြအတြက္ မွန္ display ေတြကို အဓိကေထာက္ပံ့တဲ့ ကုမၸဏီတစ္ခုလည္း ျဖစ္ပါတယ္။ Apple နဲ႔ Samsung ဖုန္းေတြမွာ Corning ရဲ႕ ေနာက္ဆံုးေပၚနည္းပညာေတြကို အသံုးျပဳထားသလို ၂၀၀၇ ခုႏွစ္က Gorilla Glass ကို ပထမဆံုးမိတ္ဆက္ခဲ့ၿပီးေနာက္ပိုင္း ေစ်းကြက္ထဲမွာ အဲ့ဒီနည္းပညာသံုးတဲ့ထုတ္ကုန္ ၆ ဘီလ်ံအထိ ရိွေနပါၿပီ။

Gorilla Glass ဟာ ဖုန္းကို ပိုက္ဆံအိတ္ထဲ ဒါမွမဟုတ္ အိတ္ကပ္ထဲ ထည့္ထားတဲ့အခါ ဖုန္း display ကို စင္းရာျခစ္ရာမထင္က်န္ေအာင္ ကာကြယ္ေပးႏိုင္တဲ့ အလြန္ခိုင္ခံ့တဲ့ မွန္အမ်ိဳးအစားျဖစ္ပါတယ္။ ဒါ့အျပင္ လြတ္က်တဲ့ဒဏ္နဲ႔ အျခားထိခိုက္မႈေတြကိုလည္း ခံႏိုင္ရည္ရိွပါတယ္။

Corning ဟာ စတင္မိတ္ဆက္ခ်ိန္ကစၿပီး Gorilla Glass အမ်ိဳးအစားသစ္ေတြကို ႏွစ္ႏွစ္တစ္ႀကိမ္ ျဖန္႔ခ်ိခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္က မိတ္ဆက္ခဲ့ Gorilla Glass 5 ကေတာ့ ပိုမိုခံႏိုင္ရည္ရိွလာၿပီး အျမင့္ ၁.၆ မီတာ (၅ ေပ ၂ လက္မ) ကေန ျပဳတ္က်တဲ့ဒဏ္ကို ခံႏိုင္ရည္ရိွပါတယ္။ ဒါဟာ သာမန္အသံုးျပဳေနတဲ့ မွန္ထက္ ေလးဆနီးပါး ပိုမိုခံႏိုင္ရည္ရိွတာျဖစ္တယ္လို႔ ကုမၸဏီက အဲ့ဒီနည္းပညာကိုမိတ္ဆက္တုန္းမွာ ေျပာၾကားခဲ့ပါတယ္။

Corning ရဲ႕ ရည္မွန္းခ်က္သစ္က ထုတ္ကုန္တစ္ခု ႀကိမ္ဖန္မ်ားစြာ လြတ္က်တဲ့အခါ မွန္ကြဲတာမ်ိဳးကို ကာကြယ္ႏိုင္ဖို႔ ျဖစ္ပါတယ္။ လူေတြဟာ သူတို႔ရဲ႕ဖုန္းကို တစ္ႏွစ္မွာ ၇ ႀကိမ္ခန္႔ ျပဳတ္က်ေလ့ရိွေၾကာင္းနဲ႔ အဲ့ဒီအထဲက ထက္ဝက္ေက်ာ္ဟာ တစ္မီတာ ဒါမွမဟုတ္ တစ္မီတာေအာက္ကေန လြတ္က်ေလ့ရိွေၾကာင္း Toluna ရဲ႕ ေလ့လာေတြ႕ရိွခ်က္ကို ကိုးကားၿပီး Corning က ေဖာ္ျပခဲ့ပါတယ္။

ကာဗာမွန္ရဲ႕ စြမ္းေဆာင္ရည္ကိုျမွင့္တင္ဖို႔အတြက္ Corning သိပၸံပညာရွင္ေတြဟာ ႀကိမ္ဖန္မ်ားစြာ လြတ္က်မႈေတြကို စိန္ေခၚႏိုင္ေစမယ့္ material သစ္ကို ဖန္တီးခဲ့ၾကပါတယ္။ ဓာတ္ခြဲခန္း စမ္းသပ္ခ်က္မ်ားအရ Gorilla Glass 6 ကို ၁ မီတာအျမင့္ကေန ၾကမ္းတမ္းတဲ့ မ်က္ႏွာျပင္ေပၚကို ၁၅ ႀကိမ္အထိ ျပဳတ္က်ဒဏ္ ခံႏိုင္ၿပီး Gorilla Glass 5 ထက္ ႏွစ္ဆပိုမိုခံႏိုင္ရည္ရိွတယ္လို႔ သိရပါတယ္။

Corning ရဲ႕ Gorilla Glass 6 ကို လာမယ့္ လအနည္းငယ္အတြင္း ေစ်းကြက္ထဲ တင္ပို႔ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref: CNET

-ေနာင္ေနာင္

[Unicode]

သိပ်မကြာခင်မှာ စမတ်ဖုန်းတွေဟာ ကြိမ်ဖန်များစွာ လွတ်ကျတဲ့ဒဏ်ကို ခံနိုင်တော့မှာ ဖြစ်ပါတယ်။

အမြင့် တစ်မီတာ (၃.၂၈ ပေ) ကနေ ကြိမ်ဖန်များစွာ လွတ်ကျတဲ့ဒဏ်ခံနိုင်တဲ့ Gorilla Glass 6 လို့ခေါ်တဲ့ နည်းပညာသစ်ကို Corning က ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်ခဲ့ပါတယ်။

စမ်းသပ်မှုများအရ အဆိုပါ မှန်ဟာ ၁၅ ကြိမ်အထိ ပြုတ်ကျဒဏ်ခံနိုင်ပြီး Gorilla Glass 5 ထက် နှစ်ဆပိုမိုတယ်လို့ ဆိုပါတယ်။ ရိုးရိုးမှန်ကတော့ ပထမဆုံးအကြိမ် လွတ်ကျတာနဲ့ ကွဲမှာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်တွေက Corning ရဲ့ နည်းပညာစင်တာသစ်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သုံးစွဲသူတွေကတော့ Corning ကို မီးဖိုချောင်သုံး Pyrex မှန်ထည်တွေနဲ့ပတ်သက်ပြီး လူသိများပါတယ်။ ဒါ့အပြင် အဆိုပါကုမ္ပဏီဟာ စမတ်ဖုန်းတွေအတွက် မှန် display တွေကို အဓိကထောက်ပံ့တဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ Apple နဲ့ Samsung ဖုန်းတွေမှာ Corning ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုထားသလို ၂၀၀၇ ခုနှစ်က Gorilla Glass ကို ပထမဆုံးမိတ်ဆက်ခဲ့ပြီးနောက်ပိုင်း စျေးကွက်ထဲမှာ အဲ့ဒီနည်းပညာသုံးတဲ့ထုတ်ကုန် ၆ ဘီလျံအထိ ရှိနေပါပြီ။

Gorilla Glass ဟာ ဖုန်းကို ပိုက်ဆံအိတ်ထဲ ဒါမှမဟုတ် အိတ်ကပ်ထဲ ထည့်ထားတဲ့အခါ ဖုန်း display ကို စင်းရာခြစ်ရာမထင်ကျန်အောင် ကာကွယ်ပေးနိုင်တဲ့ အလွန်ခိုင်ခံ့တဲ့ မှန်အမျိုးအစားဖြစ်ပါတယ်။ ဒါ့အပြင် လွတ်ကျတဲ့ဒဏ်နဲ့ အခြားထိခိုက်မှုတွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။

Corning ဟာ စတင်မိတ်ဆက်ချိန်ကစပြီး Gorilla Glass အမျိုးအစားသစ်တွေကို နှစ်နှစ်တစ်ကြိမ် ဖြန့်ချိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က မိတ်ဆက်ခဲ့ Gorilla Glass 5 ကတော့ ပိုမိုခံနိုင်ရည်ရှိလာပြီး အမြင့် ၁.၆ မီတာ (၅ ပေ ၂ လက်မ) ကနေ ပြုတ်ကျတဲ့ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါဟာ သာမန်အသုံးပြုနေတဲ့ မှန်ထက် လေးဆနီးပါး ပိုမိုခံနိုင်ရည်ရှိတာဖြစ်တယ်လို့ ကုမ္ပဏီက အဲ့ဒီနည်းပညာကိုမိတ်ဆက်တုန်းမှာ ပြောကြားခဲ့ပါတယ်။

Corning ရဲ့ ရည်မှန်းချက်သစ်က ထုတ်ကုန်တစ်ခု ကြိမ်ဖန်များစွာ လွတ်ကျတဲ့အခါ မှန်ကွဲတာမျိုးကို ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။ လူတွေဟာ သူတို့ရဲ့ဖုန်းကို တစ်နှစ်မှာ ရ ကြိမ်ခန့် ပြုတ်ကျလေ့ရှိကြောင်းနဲ့ အဲ့ဒီအထဲက ထက်ဝက်ကျော်ဟာ တစ်မီတာ ဒါမှမဟုတ် တစ်မီတာအောက်ကနေ လွတ်ကျလေ့ရှိကြောင်း Toluna ရဲ့ လေ့လာတွေ့ရှိချက်ကို ကိုးကားပြီး Corning က ဖော်ပြခဲ့ပါတယ်။

ကာဗာမှန်ရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်ဖို့အတွက် Corning သိပ္ပံပညာရှင်တွေဟာ ကြိမ်ဖန်များစွာ လွတ်ကျမှုတွေကို စိန်ခေါ်နိုင်စေမယ့် material သစ်ကို ဖန်တီးခဲ့ကြပါတယ်။ ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ Gorilla Glass 6 ကို ၁ မီတာအမြင့်ကနေ ကြမ်းတမ်းတဲ့ မျက်နှာပြင်ပေါ်ကို ၁၅ ကြိမ်အထိ ပြုတ်ကျဒဏ် ခံနိုင်ပြီး Gorilla Glass 5 ထက် နှစ်ဆပိုမိုခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။

Corning ရဲ့ Gorilla Glass 6 ကို လာမယ့် လအနည်းငယ်အတွင်း စျေးကွက်ထဲ တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: CNET

-နောင်နောင်