တစ်မိနစ်ပြော တစ်ကျပ်လှူဒါန်းနိုင်မည့် အစီအစဉ် နယ်မြေတိုးချဲ့

Ooredoo Myanmar ကဆောင်ရွက်နေတဲ့ တစ်မိနစ်ပြောရင် တစ်ကျပ်လှူဒါန်းနိုင်မယ့် အစီအစဉ်ကို နယ်မြေအချို့မှာ တိုးချဲ့လိုက်တယ်လို့ သိရပါတယ်။

အဲဒီအစီအစဉ်ကို ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီတို့မှာ ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာရှိတဲ့ Ooredoo ဖုန်းအသုံးပြုသူတိုင်း တစ်မိနစ်ပြောရင် တစ်ကျပ်လှူဒါန်းပေးမှာ ဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၉ ရက်မှာ နေပြည်တော်ကောင်စီနဲ့ ကယားပြည်နယ်မှာ စတင်နေကာ ကချင်ပြည်နယ်မှာတော့ ဇန်န၀ါရီ ၂၉ ရက်မှာ စတင်သွားမယ်လို့ သိရပါတယ်။

“မကွေးတိုင်းဒေသကြီးမှာလုပ်ခဲ့တဲ့ လူမှုအကျိုးပြုလုပ်ငန်း အောင်မြင်မှုရရှိမှုအပေါ် မူတည်ပြီးတော့ အခြား ပြည်နယ်နဲ့ တိုင်းတွေမှာ ဆက်လုပ်တာဖြစ်ပါတယ်” လို့ Ooredoo Myanmar ရဲ့ CEO ဖြစ်သူ Mr Vikram Sinha ကပြောခဲ့ပါတယ်။

Ooredoo Mynamar အနေနဲ့ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ အဲဒီ အစီအစဉ်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၇ ရက်က မကွေးတိုင်းဒေသကြီးမှာ ပထမဦးဆုံးစတင်ခဲ့တာဖြစ်ပါတယ်။

အောင်သက်ကို