တက္ကသိုလ်ဝင်တန်းနှင့် IGCSE ဖြေဆို အောင်မြင်ပြီးသူတွေအတွက် နိုင်ငံတကာပညာရေး ဆွေးနွေးပွဲကျင်းပမည်




-ဝေဝေ

[ Unicode ]

တက္ကသိုလ်ဝင်တန်းနဲ့ IGCSE ဖြေဆိုအောင်မြင်ပြီးသူ လူငယ်တွေအပြင် ဘွဲ့ရပြီးသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတကာ ပညာရေးဆွေးနွေးပွဲကို သြဂုတ်လ ၁၉ ရက် Novotel Hotel မှာ နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီ အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ YIUS မှ Counselor တွေအပြင် နိုင်ငံတကာတက္ကသိုလ်တွေက တာဝန်ရှိသူတွေနဲ့ အနာဂတ် ပညာရေးအခွင့်အလမ်းများ၊ ပညာသင်ဆုများနဲ့ အလုပ်အကိုင်အခွင့်အလမ်းများနဲ့ ပတ်သက်ပြီး ဆွေးနွေး ပေးသွားမှာ ဖြစ်ပါတယ်။ YIUS မှာ တက်ရောက် သင်ကြားနိုင်တဲ့ Program တွေကတော့ Advanced Diploma in Business (Scottish Qualifications Authority, UK), University Foundation Program in Business, IT & Engineering (Navitas, Australia), General & Academic English, GED Preparation Course စတဲ့ Program တွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။ US, UK, Switzerland, Canada, Australia, New Zealand, Singapore, Thailand, Malaysia နဲ့ Europe တို့မှာ ပညာသင်ယူလိုသူတွေအတွက် University နဲ့ Major ဘာသာရပ်များ ရွေးချယ်နိုင်ရန် အကြံပေးဆွေးနွေးခြင်း၊ ကျောင်းလျှောက်ထားပေးခြင်း၊ နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊ ကုန်ကျစရိတ်များ တွက်ချက်ပေးခြင်း၊ Visa နဲ့ လေယာဉ်လက်မှတ် စီစဉ်ပေးခြင်းစတဲ့ ဝန်ဆောင်မှုများအပြင် ပညာသင်ယူနိုင်ရန် အခမဲ့ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိတယ်လို့သိရပါတယ်။

Foundation Study မှစကာ Certificate, Diploma၊ Advanced Diploma, Bachelor၊ Graduate Certificate, Graduate Diploma, Master, Ph.D အစရှိတဲ့ Qualification Level အလိုက် သင်ကြားလိုတာတွေကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉- ၂၆၂၂၂၅၁၅၁ နှင့် ၀၁- ၆၅၂၃၁၁ သို့ဆက် သွယ်စုံစမ်းနိုင်ပါတယ်။