တကၠသိုုလ္ဝင့္ခြင့္ ေလွ်ာက္ထားျခင္းနဲ႔ ဘာသာရပ္ ေရြးခ်ယ္ျခင္းဆိုင္ရာ သိမွတ္ဖြယ္ရာ

[ Zawgyi ]

၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲေအာင္ျမင္သူေတြအတြက္ တကၠသိုလ္ ဝင္ခြင့္လမ္းၫႊန္စာအုပ္နဲ႔ တကၠသိုလ္ဝင္ခြင့္ ေလၽွာက္ထားရမယ့္ ပုံစံအိတ္ကို သက္ဆိုင္ရာ စာစစ္ဌာနအသီးသီးရွိ အေျခခံပညာေက်ာင္းေတြမွာ ထုတ္ယူရမွာ ျဖစ္ပါတယ္။ တကၠသိုလ္ဝင္ခြင့္ ေလၽွာက္ထားဖို႔ကို ဇြန္ ၂၄ ရက္မွ ဇူလိုင္ ၂၃ ရက္အထိ စေန၊ တနဂၤေႏြ ႐ုံး ပိတ္ရက္ေတြ အပါအဝင္ ပိတ္ရက္မရွိ ေလၽွာက္လႊာျပန္လည္ တင္သြင္းႏိုင္မွာ ျဖစ္ပါတယ္။ အခုႏွစ္ တကၠသိုလ္ဝင္ခြင့္ ေလွ်ာက္ထားမႈစနစ္ေတြ ေျပာင္းလဲထားၿပီး သီးျခားတကၠသိုလ္ေတြအလိုက္ တိုက္႐ိုက္ေလ်ာက္ထားရမယ့္ အုပ္စုနဲ႔ တကၠသိုလ္ဝင္ခြင့္ စီစစ္ေရြးခ်ယ္ေရးအဖြဲ႕ကို လိပ္မူၿပီး ေလွ်ာက္ထားရမယ့္ တကၠသိုလ္ အုပ္စုဆိုၿပီး (၂) ခုခြဲထားတာ ျဖစ္ပါတယ္။

ေဆးတကၠသိုလ္နဲ႔ ေဆးပညာႏွီးႏႊယ္ တကၠသိုလ္မ်ား၊ စစ္ကိုင္းပညာေရးတကၠသိုလ္၊ မုံ႐ြာစီးပြားေရး တကၠသိုလ္၊ မိတၳီလာစီးပြားေရးတကၠသိုလ္၊ နည္းပညာတကၠသိုလ္မ်ား၊ ကြန္ပ်ဴတာ တကၠသိုလ္မ်ား၊ ပညာေရးဒီဂရီေကာလိပ္မ်ား၊ ဝိဇၨာ သိပြံ ဘာသာရပ္သင္တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ား၊ ေန႔သင္တန္း၊ အေဝးသင္တို႔အတြက္ တကၠသိုလ္ဝင္ခြင့္ စိစစ္ေ႐ြးခ်ယ္ ေရးအဖြဲ႕သို႔ လိပ္မူကာတကၠ သိုလ္ ၂၃ ခုကေန ေပးပို႔ေလၽွာက္ ထားႏိုင္တယ္လို႔ သိရပါတယ္။

တကၠသိုလ္ဝင္ခြင့္ ေ႐ြးခ်ယ္ေရးအဖြဲ႕သို႔ ေပးပို႔မယ့္တကၠသိုလ္ ဝင္ခြင့္ေလၽွာက္လႊာေတြကို တကၠသိုလ္ ၂၃ ခုျဖစ္တဲ႔ ျမစ္ႀကီးနားတကၠသိုလ္၊ လြိဳင္ေကာ္ တကၠသိုလ္၊ ဘားအံတကၠသိုလ္၊ ဟားခါးတကၠသိုလ္၊ မုံ႐ြာတကၠသိုလ္၊ စစ္ကိုင္းတကၠသိုလ္၊ ထားဝယ္တကၠသိုလ္၊ ေတာင္ငူတကၠသိုလ္၊ ျပည္တကၠသိုလ္၊ ပဲခူးတကၠသိုလ္၊ မေကြးတကၠသိုလ္၊ ပခုကၠဴတကၠသိုလ္၊ မႏၲေလး အေဝးသင္တကၠသိုလ္၊ မိတၳီလာတကၠသိုလ္၊ ေမာ္လၿမိဳင္တကၠသိုလ္၊ စစ္ေတြတကၠသိုလ္၊ ေတာင္ကုတ္ ဒီဂရီေကာလိပ္၊ ရန္ကုန္အေဝးသင္တကၠသိုလ္၊ ေတာင္ႀကီးတကၠသိုလ္၊ လား႐ႈိး တကၠသိုလ္၊ က်ိဳင္းတုံတကၠသိုလ္၊ ပုသိမ္တကၠသိုလ္ႏွင့္ ဟသၤာတ တကၠသိုလ္တို႔တြင္ ေပးပို႔ေလၽွာက္ထားႏိုင္မွာ ျဖစ္ပါတယ္။ သီးျခားေလွ်ာက္ထားရမယ့္ တကၠသိုလ္ (၁၄) ခုရွိၿပီး သက္ဆိုင္ရာတကၠသိုလ္ ပါေမာကၡခ်ဳပ္ကို လိပ္မူၿပီး ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။

နည္းပညာတကၠသိုလ္မႏွစ္တုန္းက သီးျခားဝင္ခြင့္ေခၚယူတာ ၁၁ ေက်ာင္းရွိခဲ့တယ္။ ဒီႏွစ္မွာ ၃ ေက်ာင္းထပ္ တိုးလာပါတယ္။ အားလုံးေပါင္း ၁၄ ေက်ာင္းျဖစ္လာပါတယ္။ အဲဒီ ၁၄ ေက်ာင္းထဲမွာမွ နည္းပညာတကၠသိုလ္ အင္ဂ်င္နီယာနဲ႔ ဗိသုကာကို သင္ၾကားေပးတဲ့ေက်ာင္းက သီးျခား၀င္ခြင့္ေခၚယူမယ့္ ေက်ာင္း ၅ ေက်ာင္းရွိပါတယ္။ အဲဒီ ၅ ေက်ာင္းက ႀကိဳ႕ကုန္းမွာရွိတဲ့ YTU ရန္ကုန္နည္း ပညာတကၠသိုလ္၊ မႏၲေလးနည္းပညာ တကၠသိုလ္နဲ႔ နည္းပညာတကၠသိုလ္ မႏၲေလးဆိုတာရွိပါတယ္။ ေနာက္ရတနာပံု ဆိုက္ဘာစီးတီးနဲ႔ မိတၳီလာၿမိဳ႕မွာရွိတဲ့ ျမန္မာႏိုင္ငံ ေလေၾကာင္းနဲ႔ အာကသပညာတကၠသိုလ္ အဲဒီ ေက်ာင္း ၅ ေက်ာင္းကေတာ့ သီးျခား၀င္ခြင့္ေခၚဆိုမွာျဖစ္ပါတယ္။ နည္းပညာတကၠသိုလ္ ၃၃ ေက်ာင္းရွိတဲ့အတြက္ က်န္တဲ့ ၂၈ ေက်ာင္း က်န္ပါတယ္။ အဲဒီ ၂၈ ေက်ာင္းကေတာ့ ခ်င္းျပည္နယ္လိုမ်ိဳးမွာေတာင္မွ နည္းပညာတကၠသိုလ္ကို တက္ေရာက္ခြင့္ရွိတယ္။ ဒီႏွစ္စဖြင့္ပါၿပီ။ က်န္တဲ့ျပည္နယ္နဲ႔ တုိင္းေတြအားလုံးမွာလည္း နည္းပညာတကၠသိုလ္ေတြ အသီးသီးရွိပါတယ္။

သီးျခားေခၚယူတဲ့ နည္းပညာတကၠသိုလ္ေတြ ဘယ္လိုေလွ်ာက္မလဲ။

သီးျခားဝင္ခြင့္ေခၚယူတဲ့ ေက်ာင္း (၅) ေက်ာင္းကို ေက်ာင္းသား၊ ေက်ာင္းသူက ေလွ်ာက္ထားခ်င္ရင္သို႔ ပါေမာကၡခ်ဳပ္ဆိုၿပီး ကိုယ္နံပါတ္ (၁) ဦးစားေပး ေလွ်ာက္ထားတဲ့ တကၠသိုလ္မွာ ကိုယ္တက္ခ်င္တဲ့ ေက်ာင္းကိုျဖည့္ပါ။ အဲကေန ဒုတိယဦးစားေပး၊ တတိယဦးစားေပးစတဲ့ ဦးစားေပး အစီစဥ္အတိုင္း ေဖာ္ျပေပးရမွာျဖစ္ၿပီး (၂၂) ကြက္ေပးထားတာျဖစ္တဲ့အတြက္ မိမိ
ေလ်ာက္ထားလိုတဲ့ တကၠသိုလ္ေတြကို ဦးစားေပးအစီစဥ္အတိုင္း အကြက္ေတြကို ျပည့္ေအာင္ ျဖည့္ေပးရမယ္လို႔ သိရပါတယ္။

“ ျဖည့္ၿပီးရင္ လူကိုယ္တိုင္ေသာ္လည္းေကာင္း စာတိုက္ကေနေသာ္လည္းေကာင္း အခ်ိန္မွီေပးပို႔ဖို႔ လိုပါတယ္။ အဲဒါက သီးျခားဝင္ခြင့္ေခၚယူမယ့္ ေက်ာင္းအတြက္ ေလွ်ာက္ရမွာပါ“ လို႔ သန္လ်င္နည္းပညာ တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာသိဂႌက ေျပာပါတယ္။

သီးျခား ဝင္ခြင့္ေခၚတဲ့ နည္းပညာတကၠသိုလ္ေတြရဲ႕ အမွတ္ကန္႔သတ္ခ်က္

သီးျခားဝင္ခြင့္ေခၚယူမယ့္ နည္းပညာတကၠသိုလ္ေတြမွာ အမွတ္ကန္႔သတ္ထားၿပီး ရန္ကုန္နည္းပညာ တကၠသိုလ္နဲ႔ မႏၲေလးနည္းပညာ တကၠသိုလ္ကို ေလွ်ာက္ထားလိုတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ အဂၤလိပ္စာ၊ သခ်ာၤ ၊ ဓါတု၊ ႐ူပ ေလးဘာသာ ေပါင္းရမွတ္ (၃၂၀) ျပည့္မွ ေလွ်ာက္ထားလို႔ရမွာျဖစ္ပါတယ္။ နည္းပညာ တကၠသိုလ္မႏၲေလးအတြက္ အဂၤလိပ္စာ၊ သခ်ာၤ၊ ဓါတု၊ ႐ူပ ေလးဘာသာေပါင္း ရမွတ္အမွတ္ေပါင္း (၃၀၀) ျပည့္ရင္ ေလွ်ာက္လို႔ရမယ္လို႔ ဆိုပါတယ္။ ရတနာပံုဆိုက္ဘာစီးတီးအတြက္ ဘာသာစံု ရမွတ္ေပါင္း (၄၂၀) ရရင္ ေလွ်ာက္ထားလို႔ ရမွာျဖစ္ပါတယ္။ မိတၳီလာေလေၾကာင္းနဲ႔ အာကသပညာ တကၠသိုလ္ကေတာ့ စုစုေပါင္း (၃၈၀) ရရင္ ေလွ်ာက္ထားလို႔ရမွာ ျဖစ္ပါတယ္။

အျခားနည္းပညာတကၠသိုလ္ (၂၈) ခုအတြက္ ဝင္ခြင့္သတ္မွတ္ခ်က္

ျမန္မာတစ္ႏိုင္ငံလံုး အတိုင္းအတာအရ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအသီးသီးမွာ ဖြင့္လွစ္ေပးထားတဲ့ နည္းပညာတကၠသိုလ္ေပါင္း (၂၈) ခု ရွိပါတယ္။ အဲဒီနည္းပညာ တကၠသိုလ္ေတြကို ေလွ်ာက္ထားမယ္ဆိုရင္ သို႔ ဥကၠ႒ တကၠသိုလ္ဝင္ခြင့္စီစစ္ ေရြးခ်ယ္ေရးအဖြဲ႕ဆိုၿပီး လိပ္မူေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ မိမိတက္ေရာက္လိုတဲ့ တိုင္းေဒသႀကီးအတြင္းက နည္းပညာ တကၠသိုလ္ေတြကို ဦးစားေပးအဆင့္ဆင့္နဲ႔ ေဖာ္ျပေပးရမွာ ျဖစ္ပါတယ္။

တက္ေရာက္ႏိုင္တဲ့ တကၠသိုလ္ကို အရင္ေရြးခ်ယ္ေပးၿပီး ၿပီးမွတက္ေရာက္ရမယ့္ ေမဂ်ာေတြကို ျပန္လည္ေရြးခ်ယ္ေပးတာျဖစ္ပါတယ္။ အရင္ႏွစ္ေတြက တက္ေရာက္လိုတဲ့ တိုင္းေဒသႀကီးျပည္နယ္က နည္းပညာတကၠသိုလ္ေတြကို သြားေရာက္ ေလွ်ာက္ထားခြင့္ရွိေပမယ့္ အခုႏွစ္မွာေတာ့ နည္းပညာတကၠသိုလ္ အသီးသီးမွာ ေလွ်ာက္ထားႏိုင္တဲ့ Catchment Area ေတြ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ ရန္ကုန္က ေက်ာင္သား၊ ေက်ာင္းသူေတြက ရန္ကုန္က ေက်ာင္း (၃) ေက်ာင္းကေတာ႔ မရႏိုင္ဘူး၊ ရႏိုင္တယ္ထားဦး လိုခ်င္တဲ့ေမဂ်ာမရႏိုင္ဘူးဆိုၿပီး ဧရာဝတီတိုင္းကို ေက်ာ္ေလွ်ာက္တယ္။ ထားဝယ္ကိုေလွ်ာက္တယ္။ အဲလိုေလွ်ာက္တဲ့အခါ ကိုယ္လိုခ်င္တဲ့ ေမဂ်ာရခဲ့တယ္။

ဒီႏွစ္မွာေတာ့ အဲဒီလိုမဟုတ္ပါဘူး၊ နယ္ေတြက ေက်ာင္းေတြ အားလံုးမွာ ဥပမာ- ဧရာဝတီတိုင္းက ေက်ာင္း (၃) ေက်ာင္းက သူ႔တိုင္းထဲက ေအာင္ျမင္တဲ့သူေတြကိုပဲ ဦးစားေပးၿပီးေရြးခ်ယ္မွာ ျဖစ္ပါတယ္။ သတ္မွတ္ခ်က္အေရအတြက္ မျပည့္မွသာ နယ္ေက်ာ္ေလွ်ာက္ထားတဲ႔ ေက်ာင္းသူ၊ ေက်ာင္းသားေတြကို ျပန္ၿပီးစဥ္းစားေပးမွာ ျဖစ္ပါတယ္။ စဥ္းစားတဲ့ အခါမွာလည္း အမွတ္အနည္း၊ အမ်ားအလိုက္ျပန္ၿပီးစီမွာျဖစ္ပါတယ္။ နည္းပညာတကၠသိုလ္ေတြကိုဝင္မယ့္ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ကေတာ့ ဝင္ခြင့္ရၿပီးမွသာလိုင္းေတြ ခြဲေပးတာ ျဖစ္ပါတယ္” လို႔ ေဒါက္တာသိဂႌက ေျပာပါတယ္။

အခုႏွစ္မွာ ရန္ကုန္တိုင္းအတြင္းက နည္းပညာ တကၠသိုလ္ေတြျဖစ္တဲ့ နည္းပညာတကၠသိုလ္ (သန္လ်င္)၊ အေနာက္ပိုင္း နည္းပညာတကၠသိုလ္၊ နည္းပညာ တကၠသိုလ္ (ေမွာ္ဘီ) စတဲ့ ေက်ာင္း (၃) ေက်ာင္းကိုေတာ႔ ျမန္မာႏိုင္ငံအႏွံ႔ ဘယ္ေနရာက ေက်ာင္းသားမဆို ေလွ်ာက္ထားခြင့္ရွိတယ္လုိ႔ သိရပါတယ္။ ဝင္ခြင့္အမွတ္ သတ္မွတ္ခ်က္အေနနဲ႔ ဘာသာရပ္အားလံုး စုစုေပါင္း (၃၈၀) နဲ႔ အထက္ ရရွိသူေတြကို ေလွ်ာက္ထားခြင့္ျပဳၿပီး ဝင္ခြင့္ျပဳဦးေရကိုလည္း မႏွစ္ကထက္ ပိုတိုးၿပီးေခၚယူမယ္လို႔ သိရပါတယ္။

ေဆးတကၠသိုလ္ႏွင့္ ေဆးႏွီးႏႊယ္တကၠသိုလ္မ်ား

ေဆးတကၠသိုလ္ႏွင့္ ေဆးႏွီးႏႊယ္တကၠသိုလ္ေတြကို ေလွ်ာက္မယ္ဆိုရင္လည္း သို႔ ဥကၠ႒တကၠသိုလ္ဝင္ခြင့္ စီစစ္ေရြးခ်ယ္ေရးအဖြဲ႕ကို လိပ္မူေလွ်ာက္ထားရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ အခုႏွစ္မွာလည္း ေဆးတကၠသိုလ္ေတြအတြက္ စုစုေပါင္း (၁၂၀၀) ဦးေခၚယူမွာျဖစ္ၿပီး က်ား (၅၀) ရာခိုင္ႏႈန္းနဲ႔ မ (၅၀) ရာခိုင္ႏႈန္း ေခၚယူမွာျဖစ္ပါတယ္။ အမွတ္သတ္မွတ္ခ်က္အေနနဲ႔ ေလွ်ာက္ထားတဲ႔ ဦးေရေပၚ မူတည္သတ္မွတ္တာျဖစ္ၿပီး တက္ေရာက္ရမယ့္ တကၠသိုလ္ေတြကိုေတာ့ ေလ်ာက္ထားတဲ့ နယ္ေျမေတြအတိုင္း ျပန္လည္သတ္မွတ္ေပး ထားပါတယ္။

အခုႏွစ္ ေဆးတကၠသိုလ္ဝင္ခြင့္ ပံုစံမေျပာင္းလဲထားေပမယ့္ သင္ၾကားမႈပံုစံေတြကေတာ့ ေျပာင္းလဲထားပါတယ္။ ဝင္ခြင့္စနစ္ မေျပာင္းေပမယ့္ သင္မယ့္စနစ္ ေျပာင္းပါတယ္။ လာမယ့္ ၂၀၁၉ ဒီဇင္ဘာဖြင့္မယ့္ အတန္းမွာ အရင္ (Traditional) သင္ၾကားနည္း မဟုတ္ေတာ့ဘဲ integrated Curriculum ဆိုၿပီးေတာ့ အားလံုးေပါင္းထားတဲ့ သင္႐ိုးလုပ္ေနပါတယ္။ ေတာ္ေတာ္လည္း ခရီးေရာက္ေနပါၿပီ။ (Year 1 ,2, 3) အထိ ျပင္ထားပါၿပီ။ ေက်ာင္း (၅) ေက်ာင္းလံုးေပါင္းၿပီးေတာ့ လုပ္တာပါ။ ဟိုဖက္က (UK နဲ႔ US ) က Tradetional နဲ႔လည္း နည္းနည္းေလးစပ္ၿပီးေတာ့ လုပ္ထားပါတယ္။ ေက်ာင္းရဲ႕ အဆင့္အတန္းမွီသလားလို႔ ေျပာရင္ေတာ႔ အာမခံပါတယ္” လို႔ ေဆးတကၠ သိုလ္ (၁) ရန္ကုန္က ဒုတိယပါေမာကၡခ်ဳပ္ ပေရာ္ဖက္ဆာ ေဒါက္တာ ေဒၚျမင့္ျမင့္ၿငိမ္းက ေျပာပါတယ္။

အခုႏွစ္ ဝင္ခြင့္လက္ခံမယ့္ လူဦးေရက ေဆးတကၠသိုလ္ (၁) က (၃၀၀) နဲ႔ (၄၀၀) ၾကားယူတယ္။ ေဆး(၂) ကလည္း အဲဒီလိုပါပဲ။ မႏၲေလးလည္း အတူတူပဲ၊ မေကြးနဲ႔ ေတာင္ႀကီးကေတာ႔ (၁၀၀) ဝန္းက်င္ေလာက္ပဲ ရွိပါတယ္။ အမွတ္ေတြကေတာ့ သိပၸံတြဲနဲ႔ ေအာင္တဲ႔သူတိုင္း ေလွ်ာက္လုိ႔ ရတယ္။ ပံုမွန္မွာေယာက်္ားေလးက မိန္းကေလးထက္ (၁၀) မွတ္ေလာက္ေတာ့ ပိုႏွိမ့္တယ္လို႔ ဆိုပါတယ္။ ပေရာဖက္ဆာ ေဒါက္တာ ေဒၚျမင့္ျမင့္ၿငိမ္းက “ ေဆးေက်ာင္းတက္တိုင္း ဆရာဝန္တက္ရတာ မဟုတ္ဘူး။ ဆရာဝန္မွာ Branch ေတြ အမ်ားႀကီးရွိ္တယ္။ ဒါေပမဲ့ MBBS (၆) ႏွစ္၊ House Sergion (၁) ႏွစ္ဆိုေတာ့ (၇) ႏွစ္ၿပီးမွ ဆံုးျဖတ္လို႔ရတယ္။ ေဆးေက်ာင္းမွာ စာသင္တဲ့ဆရာဝန္ရွိတယ္။ ကုသေရး၊ သုေတသန၊ ျပည္သူ႔က်န္းမာေရး စီမံခ်က္ေတြ ရွိတယ္။ ဆရာဝန္လို႔ေျပာလိုက္တာနဲ႔ နားၾကပ္ေလးကိုင္ၿပီး ေဆးကုတဲ့အလုပ္ တစ္ခုတည္းေတာ့ မဟုတ္ဘူး။ ေဆးကုတယ္လို႔ ေျပာတဲ့ဆရာဝန္မွာ ဘာသာရပ္ေပါင္း (၆၀) ရွိတဲ့ အတြက္ စိတ္ဝင္စားမႈက အရမ္းအေရး ႀကီးပါတယ္” လို႔ ေျပာပါတယ္။

စီးပြားေရး တကၠသိုလ္မ်ား

ျမန္မာတစ္ႏိုင္ငံလံုး အတိုင္းအတာအရ စီးပြားေရးတကၠသိုလ္ (၃) ခုရွိၿပီး စီးပြားေရးတကၠသိုလ္ ေလွ်ာက္ထားမယ့္သူေတြအေနနဲ႔ ရန္ကုန္စီးပြားေရး တကၠသိုလ္လိႈင္နယ္ေျမနဲ႔ ရြာသာႀကီး နယ္ေျမတို႔က သီးျခားေလွ်ာက္ထားရမယ့္ တကၠသိုလ္စာရင္းမွာ ပါဝင္ပါတယ္။ မံုရြာစီးပြားေရး တကၠသိုလ္နဲ႔ မိတၳီလာစီးပြားေရး တကၠသိုလ္ကေတာ့ တကၠသိုလ္ဝင္ခြင့္ စီစစ္ေရြးခ်ယ္ေရး အဖြဲ႕ကို လိပ္မူေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ ရန္ကုန္စီးပြားေရးတကၠသိုလ္မွာ ကြဲျပားတာတစ္ခု အျခားေက်ာင္းေတြနဲ႔မတူတဲ့ အခ်က္က ရန္ကုန္စီးပြားေရး တကၠသိုလ္ (လိႈင္) နဲ႔ ရန္ကုန္စီးပြားေရးတကၠသိုလ္ (ရြာသာႀကီး ) ဆုိၿပီး (၂) ခုကြဲျပားေနတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ရန္ကုန္စီးပြားေရး တကၠသိုလ္နယ္ေျမ (၂) ခုလံုးကို ေလွ်ာက္ထားသူေတြအေနနဲ႔ အင္တာဗ်ဴးေျဖဆိုရတာျဖစ္ၿပီး အခုႏွစ္မွာေတာ့ အင္တာဗ်ဴး ေျဖဆိုစရာမလိုေတာ့ပါဘူး။

အရင္ႏွစ္က ရန္ကုန္စီးပြားေရး တကၠသိုလ္ (လိႈင္) နဲ႔ ရန္ကုန္စီးပြားေရးတကၠသိုလ္ ရြာသာႀကီးနယ္ေျမေတြမွာ တက္ေရာက္ႏိုင္တဲ့ သင္တန္းေတြက (၄) မ်ိဳးစီရွိၿပီး တစ္ခုနဲ႔တစ္ခုမတူပါဘူး။ ဒီႏွစ္မွာေတာ့ ရန္ကုန္စီးပြားေရး တကၠသိုလ္အေနနဲ႔ လိႈင္ကိုပဲေလွ်ာက္ေလွ်ာက္၊ ရြာသာႀကီးကိုပဲ ေလ်ွ်ာက္ေလွ်ာက္ ဘာသာရပ္ (၄) ခု စီေပါင္းၿပီး နယ္ေျမ (၂) ခုလံုးမွာ ႀကိဳက္တဲ့နယ္ေျမကို ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။ ဘြဲ႕ (၈) ခုလံုးကို လိႈင္နယ္ေျမအတြက္ေရာ၊ ရြာသာႀကီးအတြက္ေရာ ေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္လို႔ သိရပါတယ္။ အရင္ႏွစ္က ရန္ကုန္စီးပြားေရး တကၠသိုလ္ လိႈင္နယ္ေျမမွာဘြဲ႕ သင္တန္း (၄) ခုအတြက္ လူဦးေရ စုစုေပါင္း (၂၀၀) ပဲ လက္ခံခဲ့တယ္။ ဒီႏွစ္မွာ ဘြဲ႕သင္တန္း (၈) ခုလံုးအတြက္ တစ္ဘာသာကို ဦးေရ (၈၀) ႏႈန္းနဲ႔ (၈) ဘာသာအတြက္ (၆၄၀) အထိ လိႈင္တကၠသိုလ္နယ္ေျမမွာ တိုးခ်ဲ႕ေခၚယူၿပီး ဖြင့္လွစ္ေပးမွာ ျဖစ္ပါတယ္။ ရြာသာႀကီး စီးပြားေရး တကၠသိုလ္အတြက္ အရင္ႏွစ္ေတြမွာ ေက်ာင္းသားဦးေရ (၁၂၀၀) လက္ခံသင္ၾကားေပးဖို႔ ေၾကညာခဲ့တာျဖစ္ၿပီး အခုႏွစ္မွာေတာ႔ ရန္ကုန္စီးပြားေရးတကၠသိုလ္ ရြာသာႀကီးနယ္ေျမအတြက္ စုစုေပါင္း (၁၆၀၀) အထိ တိုးျမႇင့္ၿပီးေတာ့ လက္ခံေပးမွာ ျဖစ္ပါတယ္။

တစ္ႏိုင္ငံလံုးက တကၠသိုလ္ဝင္စာေမးပြဲ ေအာင္တဲ့သူေတြ ေလွ်ာက္ထားခြင့္ရွိမွာ ျဖစ္ပါတယ္။ မံုရြာစီးပြားေရး တကၠသိုလ္အတြက္ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ ရွမ္းျပည္ေျမာက္ပိုင္းက ေက်ာင္းသား၊ ေက်ာင္းသူေတြကို ဝင္ေရာက္ခြင့္ျပဳမွာျဖစ္ၿပီး မိတၳီလာ တကၠသိုလ္ေတြအတြက္ေတာ့ ကယားျပည္နယ္၊ မေကြးတိုင္း၊ မႏၲေလးတိုင္း၊ ရွမ္း (ေတာင္)၊ ရွမ္း (အေရွ႕) စတဲ့ နယ္ေျမ ကန္႔သတ္ခ်က္ေတြအတိုင္း လက္ခံမယ္လုိ႔ သိရပါတယ္။

ရန္ကုန္ စီးပြားေရးတကၠသိုလ္ လိႈင္နယ္ေျမနဲ႔ ရြာသာႀကီး (၂) ခုလံုးအတြက္ ေလွ်ာက္ထားတဲ့ ေနရာမွာ လူကိုယ္တိုင္ ေလွ်ာက္ထားမယ္ဆိုရင္ ရန္ကုန္စီးပြားေရး တကၠသိုလ္ ကမာရြတ္ျပည္လမ္းနဲ႔ အင္းယားလမ္းေထာင့္မွာရွိတဲ့ ရန္ကုန္စီးပြားေရး တကၠသိုလ္ ကမာရြတ္နယ္ေျမမွာ လာေရာက္ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။ “စာတိုက္ကလည္း ေပးပို႔လို႔ရပါတယ္။ ဒီႏွစ္ရဲ႕ ရန္ကုန္စီးပြားေရးတကၠသိုလ္ရဲ႕ လိႈင္ေရာ ရြာသာၾကီးေရာ ေလွ်ာက္ထားႏိုင္တဲ့ စုစုေပါင္းရမွတ္က ေတာ့ (၄၂၀) လို႔ ေၾကညာထားေသာ္လည္း သတ္မွတ္အေရအတြက္က အရင္ႏွစ္ ထက္ ေက်ာင္းသားဦးေရ တိုးျမင့္ေခၚယူမွာျဖစ္တာေၾကာင့္ (၄၂၀) နဲ႔ သတ္မွတ္အေရအတြက္ မျပည္႔မွီခဲ႔ဘူးဆိုရင္ (၄၂၀) ေအာက္ အမွတ္ေတြကိုလည္း ထည့္သြင္းစဥ္းစားေပးမွာ ျဖစ္တဲ့အတြက္ အျခားစီးပြားေရး တကၠသိုလ္ေတြလိုပဲ (၃၈၀) နဲ႔ အထက္ရရွိတဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြ အားလံုးအခြင့္အေရးတစ္ခု ျဖစ္တယ္လို႔ ရန္ကုန္စီးပြားေရး တကၠသိုလ္ရဲ႕ ဒုတိယ ပါေမာကၡခ်ဳပ္ ပေရာ္ဖက္ဆာ ေဒါက္တာေဒၚနီလာျမင့္ထူးက အႀကံျပဳပါတယ္။

ရန္ကုန္စီးပြားေရးတကၠသိုလ္အတြက္ ေလွ်ာက္ထားႏိုင္တဲ့ ဘာသာရပ္မ်ား

ရန္ကုန္ တကၠသုိလ္သီးျခား ဝင္ခြင့္ေခၚယူတဲ့ ေက်ာင္း (၁၄) ေက်ာင္းထဲမွာ ပါဝင္တဲ့ ဝိဇၨာသိပၸံေက်ာင္းတစ္ေက်ာင္း ျဖစ္ပါတယ္။ တစ္ႏိုင္ငံလံုးမွာ ဝိဇၨာသိပၸံ တကၠသိုလ္ေတြ (၁၄) ခုရွိပါတယ္။ ဝိဇၨာသိပၸံ တကၠသိုလ္ေတြထဲမွာ သီးျခားေလွ်ာက္ထားရမယ့္ ေက်ာင္းေတြက ရန္ကုန္တကၠသိုလ္၊ မႏၲေလးတကၠသိုလ္၊ ရန္ကုန္ႏိုင္ငံျခားဘာသာ တကၠသိုလ္၊ မန္းေလးႏိုင္ငံျခားဘာသာ တကၠသိုလ္နဲ႔ ရန္ကုန္ပညာေရး တကၠသိုလ္ေတြ ျဖစ္ပါတယ္။ ရန္ကုန္ တကၠသိုလ္ကို ေလွ်ာက္မယ္ဆိုရင္ တျခားေက်ာင္း (၁၄) ေက်ာင္းနဲ႔ မတူတာက ရန္ကုန္တကၠသိုလ္ကို ေလွ်ာက္ထားတဲ႔ ေက်ာင္းသားေက်ာင္းသူေတြကို လူေတြ႕ႏႈတ္ေျဖ စစ္ေဆးမွာ ျဖစ္ပါတယ္။

ရန္ကုန္တကၠသိုလ္မွာ ေလွ်ာက္ထားလို႔ရတဲ့ ေမဂ်ာေတြ (၂၆) ခုရွိပါတယ္။ အဲသည္ (၂၆) ခုထဲမွာမွ ကိုယ္ကဘယ္ဘာသာရပ္ကို ေရြးခ်ယ္မွာလဲဆိုတာ ဆံုးျဖတ္ဖို႔ လိုပါတယ္။ အဲဒီအတြက္ေၾကာင့္ ဒီ (၂၆) ခုက ဘာေတြလဲဆိုတာ ၾကိဳတင္ျပီးေလ့လာထားဖို႔ လိုတယ္လို႔ သိရပါတယ္။ ဘာသာရပ္က (၂၆) ခုရွိတဲ့အတြက္ ကိုယ္က ရန္ကုန္တကၠသိုလ္ကို ေလွ်ာက္ေတာ့မယ္ဆိုရင္ ရန္ကုန္တကၠသိုလ္ဆိုၿပီး ဒီအတိုင္းထားလို႔ မရပါဘူး၊ ကိုယ္ေလွ်ာက္မယ့္ ဘာသာရပ္ကို ထည့္ေပးရမွာ ျဖစ္ပါတယ္။

“ဆိုလိုတာက ရန္ကုန္တကၠသိုလ္မွာဆိုရင္ ဝိဇၨာဘာသာရပ္က (၁၅) ခုရွိတယ္။ သိပၸံဘာသာရပ္က (၁၆) ခုရွိတယ္။ အဲဒီထဲကမွ ကိုယ္က ဘာကိုေလွ်ာက္မွာလဲဆိုတာ ဆံုးျဖတ္ဖို႔လိုတယ္။ ေလာေလာဆယ္မွာ ေက်ာင္းသားဦးေရ မ်ားတာေၾကာင့္ ရန္ကုန္တကၠသိုလ္ရဲ႕ main campus မွာ လက္မခံႏိုင္တာေၾကာင့္ လိႈင္နယ္ေျမမွာ လက္ခံေပးေနပါတယ္။ ဒုတိယႏွစ္ ေရာက္ရင္ေတာ႔ ဒီဖက္ကိုေျပာင္းၿပီး သင္ေပးေနပါတယ္။ ေနာက္တစ္ခုက ရန္ကုန္တကၠသိုလ္ရဲ႕ ဘာသာရပ္ေတြကို ေလွ်ာက္မယ္ဆိုရင္ ဦးစားေပးအမ်ားဆံုး (၃) ခုပဲ ေရြးလို႔ရပါတယ္။ အဲထက္ပိုၿပီး ေလွ်ာက္ခြင့္မရွိပါဘူး“ လို႔ ရန္ကုန္တကၠသိုလ္ အဂၤလိပ္စာဌာနက ပေရာဖက္ဆာ ေဒါက္တာ ေဒၚပိုးပိုး ကေျပာပါတယ္။

ရန္ကုန္ တကၠသိုလ္ကို ေလွ်ာက္ထားတဲ့အခါမွာ ပထမဦးစားေပးအေနနဲ႔ ေလွ်ာက္ထားသူေတြကိုသာ ဦးစား ေပးေရြးခ်ယ္မွာ ျဖစ္တယ္လို႔သိရပါတယ္။ ပေရာဖက္ဆာ ေဒါက္တာ ေဒၚပိုးပိုးက “ပထမဦးစားေပးဆိုၿပီး ရန္ကုန္တကၠသိုလ္ ေရာက္လာတဲ့သူကို အင္တာဗ်ဴးမွာ ျဖစ္ပါတယ္။ အဲဒီထဲက လူျပည့္သြားရင္ ေနာက္ထပ္လာတဲ့ ေက်ာင္းသားေက်ာင္းသူေတြကိ္ု လက္ခံလို႔မရပါဘူး။ တကယ္လို႔သာ သူက ဒုတိယဦးစားေပးမွာ ရန္ကုန္တကၠသိုလ္ ျဖစ္ေနတယ္ဆိုရင္ အဲဒီအခ်ိန္က်မွ ရန္ကုန္တကၠသိုလ္ ေလွ်ာက္ထားတယ္ဆိုရင္ ဒီဘာသာရပ္ေတြမွာ ေနရာရွိေသးတယ္ဆိုရင္ အင္တာဗ်ဴး လက္ခံေပးမွာ ျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

အခုလာမယ့္ႏွစ္အတြက္ ရန္ကုန္တကၠသိုလ္မွာ ေက်ာင္းသားဦးေရက (၂၁၀၀) ဦးလက္ခံမွာ ျဖစ္ပါတယ္။ ဘာသာရပ္ေတြ အမ်ားႀကီးရွိတဲ့အတြက္ တခ်ိဳ႕ ဘာသာရပ္ကို (၁၀၀) တခ်ိဳ႕ ဘာသာရပ္အတြက္ ဦးေရ (၅၀) လက္ခံမွာျဖစ္ျပီး အမ်ားစုက လူဦးေရ (၁၅၀) ထိလက္ခံမွာ ျဖစ္တယ္လို႔ သိရပါတယ္။ သိပၸံဘာသာရပ္အတြက္ အႏွိမ့္ဆံုးက စုစုေပါင္း အမွတ္ (၄၀၀) ရရွိဖို႔လိုၿပီး ဝိဇၨာဘာသာရပ္မွာအတြက္ အဂၤလိပ္စာဆိုရင္ စုစုေပါင္း (၄၅၀) တခ်ိဳ႕ ဘာသာရပ္ေတြအတြက္ စုစုေပါင္း အမွတ္ (၄၇၀) ခန္႔ရရွိဖို႔လိုတယ္လို႔ ဆိုပါတယ္။

အဓိကယူမယ့္ အထူးျပဳဘာသာရပ္ေတြမွာ အနည္းဆံုး အဂၤလိပ္စာ (၇၀) ရရမယ္၊ တခ်ိဳ႕ဘာသာရပ္ေတြမွာဆိုရင္ (၆၀) ရွိရမွာျဖစ္ပါတယ္။ အႏွိမ္႔ဆံုးကေတာ့ (၆၀) ခန္႔ ရရမွာျဖစ္ၿပီး ကိုယ့္ရဲ႕ စုစုေပါင္းရမွတ္ အပါဝင္ တစ္ဘာသာခ်င္းစီမွာ ကို္ယ္အထူးျပဳ ဘာသာရပ္အျဖစ္ ရယူလိုတဲ့ ဘာသာရပ္မွာ ဂုဏ္ထူးထြက္ရမွာျဖစ္ကာ အနည္းဆံုးေတာ့ (၇၀) မွတ္ရဖို႔ လိုတယ္လို႔ သိရပါတယ္။

ပညာေရး ဒီဂရီေကာလိပ္

အခုႏွစ္မွာေတာ့ ပညာေရး ဒီဂရီေကာလိပ္ ေလွ်ာက္ထားမယ့္သူေတြအေနနဲ႔ တကၠသိုလ္ဝင္ခြင့္ ေလွ်ာက္လႊာကေနတစ္ဆင့္ ေလွ်ာက္ထားရမွာျဖစ္ျပီး တကၠသိုလ္ဝင္ခြင့္ စီစစ္ေရြးခ်ယ္ေရးအဖြဲ႕ကို လိပ္မူေလွ်ာက္ ထားရမယ္လို႔ သိရပါတယ္။ ၂၀၁၉ ဒီဇင္ဘာမွာ စတင္သင္ၾကားေပးမယ့္ ပညာေရးေကာလိပ္ ၂၅ ခု အားလုံးတုိ႔က B.A (Education), B.Sc (Education) ဘြဲ႕ေပးမယ့္ ပညာေရးဒီဂရီေကာလိပ္အျဖစ္ အဆင့္တုိးျမႇင့္မွာ ျဖစ္ပါတယ္။

ပညာေရးဒီဂရီေကာလိပ္ျဖစ္တဲ့အခါ ယခင္က ၂ ႏွစ္သင္ ပညာေရးအစား ၄ ႏွစ္တက္ေရာက္ရမယ့္ ပညာေရး ဘြဲ႕သင္တန္းေတြ ဖြင့္လွစ္သင္ၾကားေပးမွာ ျဖစ္ပါတယ္။ ပညာေရးဒီဂရီ ေကာလိပ္ေတြမွာ လုပ္ငန္းခြင္အႀကိဳ ဆရာအတတ္ပညာ အစီအစဥ္သစ္ရဲ႕ ပထမႏွစ္ သင္တန္းကို ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလမွာ စတင္ဖြင့္လွစ္မယ္လို႔ သိရပါတယ္။ အမ်ိဳးသားဦးေရနဲ႔ အမ်ိဳးသမီးဦးေရ (၅၀) ရာခိုင္ႏႈန္းစီ လက္ခံမွာျဖစ္ၿပီး ပညာေရးဒီဂရီေကာလိပ္ (၂၅) ေက်ာင္းအတြက္ လူဦးေရ (၃၃၇၀) ဦးလက္ခံမယ္လို႔ သိရပါတယ္။

သတ္မွတ္အရည္ အခ်င္းျပည့္မွီသူေတြကို တိုင္းေဒသၾကီး ျပည္နယ္ေတြ ၿမိဳ႕နယ္ေတြအလိုက္ မူလတန္းေက်ာင္းသား စုစုေပါင္းကို မူတည္ၿပီး ၿမိဳ႕နယ္အလိုက္ ေက်ာင္းသားဦးေရနဲ႔ ပညာေရး ေကာလိပ္ေတြရဲ႕ ဝင္ဆ့ံႏိုင္တဲ့ အင္အားအရ ၿမိဳ႕နယ္ေတြအလိုက္ ဝင္ခြင့္ျပဳမယ္လို႔ သိရပါတယ္။ မူလတန္းျပ၊ အလယ္တန္းျပအျဖစ္ ခန္႔ထားပါက ေဒသမေရြးတာ ဝန္ထမ္းေဆာင္ရမွာျဖစ္ၿပီး ခံဝန္ကတိကို ပ်က္ကြက္ပါက ေလ်ာ္ေၾကးေငြက်ပ္ (၅) သိန္း ေပးေလ်ာ္ရမယ္လို႔ သတ္မွတ္ထားပါတယ္။

ေဝးလံေခါင္ဖ်ားေဒသေတြက ေလွ်ာက္ထားတဲ့ ေက်ာင္းသား ေက်ာင္းသူေတြအတြက္ ပညာေရးေကာလိပ္ အသီးသီးမွာ လက္ခံမယ့္ဦးေရရဲ႕ (၅) ရာခိုင္ႏႈန္းကို ခြဲတမ္းအျဖစ္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ တကၠသုိလ္၀င္တန္း ေအာင္ျမင္ပါက ပညာေရးဒီဂရီေကာလိပ္ တက္ေရာက္ဖို႔ ေလွ်ာက္ထားႏိုင္မွာျဖစ္ၿပီး အနည္းဆုံး ရမွတ္သတ္မွတ္ခ်က္ အတိအက် သတ္မွတ္ထားတာမ်ိဳး မရွိပါဘူး။

ပညာေရး ဒီဂရီေကာလိပ္အျဖစ္သုိ႔ ျမႇင္တင္မည့္ ပညာေရးေကာလိပ္မ်ား

– ကခ်င္ျပည္နယ္ ျမစ္ႀကီးနား ပညာေရးေကာလိပ္
– ကယားျပည္နယ္ လြိဳင္ေကာ္ပညာေရး ေကာလိပ္
– ကရင္ျပည္နယ္ ဘားအံ ပညာေရးေကာလိပ္
– ခ်င္းျပည္နယ္ ဟားခါး ပညာေရးေကာလိပ္
– မြန္ျပည္နယ္ေမာ္လၿမိဳင္ ပညာေရးေကာလိပ္
– ရခိုင္ျပည္နယ္ေက်ာက္ျဖဴ ပညာေရးေကာလိပ္
– ရွမ္းျပည္နယ္ ေတာင္ႀကီး ပညာေရးေကာလိပ္၊ က်ိဳင္းတုံပညာေရးေကာလိပ္၊ လား႐ိႈး ပညာေရးေကာလိပ္
– စစ္ကိုင္းတိုင္းေဒသႀကီး စစ္ကိုင္းပညာေရးေကာလိပ္၊ မံုရြာ ပညာေရးေကာလိပ္
– တနသၤာရီတိုင္း ေဒသႀကီး ထားဝယ္ပညာေရးေကာလိပ္
– ပဲခူးတိုင္းေဒသႀကီး ေတာင္ငူပညာေရးေကာလိပ္၊ ျပည္ပညာေရးေကာလ္ိပ္
– မေကြးတိုင္း ေဒသႀကီး မေကြးပညာေရးေကာလ္ိပ္၊ ပခုကၠဴ ပညာေရးေကာလိပ္္
– မႏၲေလးတိုင္း ေဒသႀကီး မႏၲေလး ပညာေရးေကာလိပ္၊ မိတၳီလာ ပညာေရးေကာလိပ္၊ မုံရြာ ပညာေရးေကာလိပ္
– ရန္ကုန္တိုင္းေဒသႀကီး ရန္ကင္းပညာေရးေကာလိပ္၊ သဃၤန္းကြၽန္း ပညာေရး ေကာလိပ္၊ လွည္းကူး ပညာေရး ေကာလိပ္
– ဧရာဝတိီတိုင္း ေဒသႀကီး ပုသိမ္ ပညာေရးေကာလိပ္၊ ေျမာင္းျမ ပညာေရးေကာလိပ္၊ ဘုိကေလး ပညာေရးေကာလိပ္

ႏိုင္ငံျခားဘာသာ တကၠသိုလ္ (ရန္ကုန္)

ႏိုင္ငံျခားဘာသာ တကၠသိုလ္ရန္ကုန္က သီးျခားေလွ်ာက္ထားရမယ့္ တကၠသိုလ္ေတြထဲက တစ္ခုျဖစ္ၿပီး သို႔ ေပါေမာကၡခ်ဳပ္ ရန္ကုန္ႏိုင္ငံျခားဘာသာ တကၠသိုလ္ကို လိပ္မူေလွ်ာက္ထားရမွာ ျဖစ္ပါတတယ္။ ဝင္ခြင့္အတြက္ ၿပီးခဲ့တဲ့ ပညာသင္ႏွစ္က လူေတြ႕စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ အခုႏွစ္မွာေတာ့ လူေတြ႕ စစ္ေဆးမႈေတြ မရွိေတာ့ပါဘူး။ “ေက်ာင္းသားတစ္ေယာက္ဟာ ရန္ကုန္ တကၠသိုလ္ေရာ၊ ရန္ကုန္ ႏိုင္ငံျခားဘာသာတကၠသိုလ္ပါ ၀င္ခြင့္ရတယ္ဆိုတာ မရွိေတာ့ဘူး။ ေက်ာင္းသားတစ္ေယာက္ဟာ တစ္ခုတည္းကိုပဲ ၀င္ခြင့္ရေအာင္ လုပ္ထားတာ။ အရင္ႏွစ္က အားနည္းတာေတြကို တတ္ႏိုင္သေလာက္ ေပ်ာက္ေအာင္ ႀကိဳးစားထားတာပါ” လို႔ ရန္ကုန္ နိုင္ငံျခားဘာသာတကၠသိုလ္ ပါေမာၡခ်ဳပ္ ေဒါက္တာၾကည္ရႊင္က ေျပာပါတယ္။

ပထမႏွစ္သင္တန္းအတြက္ စုစုေပါင္းရမွတ္ ၄၀၀ ႏွင့္အထက္ ေက်ာင္းသား၊ ေက်ာင္းသူေတြ ေလၽွာက္ထားႏိုင္ၿပီး လူဦးေရ ၈၀၀ ေက်ာ္ လက္ခံသင္ၾကားေပးမွာ ျဖစ္ပါတယ္။ အဂၤလိပ္ ဘာသာစကားအတြက္ ဦးေရ ၁၅၀ ေခၚယူမည္ျဖစ္ၿပီး စုစုေပါင္းရမွတ္ ၄၀၀ အနည္းဆုံး ရရွိရမယ့္အျပင္ အဂၤလိပ္စာမွာ ရမွတ္ ၆၅ မွတ္အထက္ျဖစ္ဖို႔ လိုပါတယ္။ အဂၤလိပ္ဘာသာကုိ ေလွ်ာက္ထားသူ ဦးေရမ်ားပါ က စုစုေပါင္းရမွတ္ ၄၀၀ ထက္ ပုိမ်ားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ အရင္ႏွစ္ကလိုမ်ိဳး လူေတြ႕စစ္ေဆးမႈ ျပဳလုပ္ကာ လက္ခံေပးမွာ မဟုတ္ဘဲ စုစုေပါင္း ရမွတ္ေတြနဲ႔ သာ အမ်ားကေန အနည္းတန္းစီၿပီး ကန္႔သတ္ဦးေရ ေရြးခ်ယ္မယ္လို႔ သိရပါတယ္။

တ႐ုတ္ဘာသာ၊ ျပင္သစ္ဘာသာ၊ ဂ်ာမန္ဘာသာ၊ ဂ်ပန္ဘာသာ၊ ကိုရီးယားဘာသာ၊ ႐ုရွားဘာသာတုိ႔အတြက္ ဦးေရ ၁၀၀ စီ လက္ခံသင္ၾကားေပးမွာျဖစ္ျပီး ထိုင္းဘာသာအတြက္ ဦးေရ ၅၀ လက္ခံသင္ၾကားေပးမွာ ျဖစ္ပါတယ္။ အရင္ႏွစ္က ၀င္ခြင့္ေလွ်ာက္ထားသူ ၄၃၀၀ ခန္႔ရွိခဲ့ၿပီး ေက်ာင္းသူေက်ာင္းသား ၁၁၄၄ ဦး ဝင္ခြင့္ရရွိခဲ့ၿပီး ယခင္ႏွစ္က အဂၤလိပ္ဘာသာ တက္ေရာက္ဖို႔
ေလွ်ာက္ထားမႈမွာ ၀င္ခြင့္ အျမင့္ဆုံးရမွတ္မွာ ၅၃၉ မွတ္ျဖစ္ခဲ့ၿပီး ရုရွားဘာသာက ၀င္ခြင့္အနိမ့္ဆုံး ရမွတ္ ၄၂၂ မွတ္ ျဖစ္ခဲ့ပါတယ္။

-ေဝေဝ

[ Unicode ]

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူတွေအတွက် တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်စာအုပ်နဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမယ့် ပုံစံအိတ်ကို သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးရှိ အခြေခံပညာကျောင်းတွေမှာ ထုတ်ယူရမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားဖို့ကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၂၃ ရက်အထိ စနေ၊ တနင်္ဂနွေ ရုံး ပိတ်ရက်တွေ အပါအဝင် ပိတ်ရက်မရှိ လျှောက်လွှာပြန်လည် တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမှုစနစ်တွေ ပြောင်းလဲထားပြီး သီးခြားတက္ကသိုလ်တွေအလိုက် တိုက်ရိုက်လျောက်ထားရမယ့် အုပ်စုနဲ့ တက္ကသိုလ်ဝင်ခွင့် စီစစ်ရွေးချယ်ရေးအဖွဲ့ကို လိပ်မူပြီး လျှောက်ထားရမယ့် တက္ကသိုလ် အုပ်စုဆိုပြီး (၂) ခုခွဲထားတာ ဖြစ်ပါတယ်။

ဆေးတက္ကသိုလ်နဲ့ ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မုံရွာစီးပွားရေး တက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ ဝိဇ္ဇာ သိပွံ ဘာသာရပ်သင်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၊ နေ့သင်တန်း၊ အဝေးသင်တို့အတွက် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ် ရေးအဖွဲ့သို့ လိပ်မူကာတက္က သိုလ် ၂၃ ခုကနေ ပေးပို့လျှောက် ထားနိုင်တယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့သို့ ပေးပို့မယ့်တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာတွေကို တက္ကသိုလ် ၂၃ ခုဖြစ်တဲ့ မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော် တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ တောင်ကုတ် ဒီဂရီကောလိပ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ လားရှိုး တက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်နှင့် ဟင်္သာတ တက္ကသိုလ်တို့တွင် ပေးပို့လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ သီးခြားလျှောက်ထားရမယ့် တက္ကသိုလ် (၁၄) ခုရှိပြီး သက်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်ကို လိပ်မူပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။

နည်းပညာတက္ကသိုလ်မနှစ်တုန်းက သီးခြားဝင်ခွင့်ခေါ်ယူတာ ၁၁ ကျောင်းရှိခဲ့တယ်။ ဒီနှစ်မှာ ၃ ကျောင်းထပ် တိုးလာပါတယ်။ အားလုံးပေါင်း ၁၄ ကျောင်းဖြစ်လာပါတယ်။ အဲဒီ ၁၄ ကျောင်းထဲမှာမှ နည်းပညာတက္ကသိုလ် အင်ဂျင်နီယာနဲ့ ဗိသုကာကို သင်ကြားပေးတဲ့ကျောင်းက သီးခြားဝင်ခွင့်ခေါ်ယူမယ့် ကျောင်း ၅ ကျောင်းရှိပါတယ်။ အဲဒီ ၅ ကျောင်းက ကြို့ကုန်းမှာရှိတဲ့ YTU ရန်ကုန်နည်း ပညာတက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ် မန္တလေးဆိုတာရှိပါတယ်။ နောက်ရတနာပုံ ဆိုက်ဘာစီးတီးနဲ့ မိတ္ထီလာမြို့မှာရှိတဲ့ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကသပညာတက္ကသိုလ် အဲဒီ ကျောင်း ၅ ကျောင်းကတော့ သီးခြားဝင်ခွင့်ခေါ်ဆိုမှာဖြစ်ပါတယ်။ နည်းပညာတက္ကသိုလ် ၃၃ ကျောင်းရှိတဲ့အတွက် ကျန်တဲ့ ၂၈ ကျောင်း ကျန်ပါတယ်။ အဲဒီ ၂၈ ကျောင်းကတော့ ချင်းပြည်နယ်လိုမျိုးမှာတောင်မှ နည်းပညာတက္ကသိုလ်ကို တက်ရောက်ခွင့်ရှိတယ်။ ဒီနှစ်စဖွင့်ပါပြီ။ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းတွေအားလုံးမှာလည်း နည်းပညာတက္ကသိုလ်တွေ အသီးသီးရှိပါတယ်။

သီးခြား ခေါ်ယူတဲ့ နည်းပညာတက္ကသိုလ်တွေ ဘယ်လိုလျှောက်မလဲ။

သီးခြားဝင်ခွင့်ခေါ်ယူတဲ့ ကျောင်း (၅) ကျောင်းကို ကျောင်းသား၊ ကျောင်းသူက လျှောက်ထားချင်ရင်သို့ ပါမောက္ခချုပ်ဆိုပြီး ကိုယ်နံပါတ် (၁) ဦးစားပေး လျှောက်ထားတဲ့ တက္ကသိုလ်မှာ ကိုယ်တက်ချင်တဲ့ ကျောင်းကိုဖြည့်ပါ။ အဲကနေ ဒုတိယဦးစားပေး၊ တတိယဦးစားပေးစတဲ့ ဦးစားပေး အစီစဉ်အတိုင်း ဖော်ပြပေးရမှာဖြစ်ပြီး (၂၂) ကွက်ပေးထားတာဖြစ်တဲ့အတွက် မိမိ
လျောက်ထားလိုတဲ့ တက္ကသိုလ်တွေကို ဦးစားပေးအစီစဉ်အတိုင်း အကွက်တွေကို ပြည့်အောင် ဖြည့်ပေးရမယ်လို့ သိရပါတယ်။

“ ဖြည့်ပြီးရင် လူကိုယ်တိုင်သော်လည်းကောင်း စာတိုက်ကနေသော်လည်းကောင်း အချိန်မှီပေးပို့ဖို့ လိုပါတယ်။ အဲဒါက သီးခြားဝင်ခွင့်ခေါ်ယူမယ့် ကျောင်းအတွက် လျှောက်ရမှာပါ“ လို့ သန်လျင်နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီက ပြောပါတယ်။

သီးခြား ဝင်ခွင့်ခေါ်တဲ့ နည်းပညာတက္ကသိုလ်တွေရဲ့ အမှတ်ကန့်သတ်ချက်

သီးခြားဝင်ခွင့်ခေါ်ယူမယ့် နည်းပညာတက္ကသိုလ်တွေမှာ အမှတ်ကန့်သတ်ထားပြီး ရန်ကုန်နည်းပညာ တက္ကသိုလ်နဲ့ မန္တလေးနည်းပညာ တက္ကသိုလ်ကို လျှောက်ထားလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အင်္ဂလိပ်စာ၊ သချာင်္ ၊ ဓါတု၊ ရူပ လေးဘာသာ ပေါင်းရမှတ် (၃၂၀) ပြည့်မှ လျှောက်ထားလို့ရမှာဖြစ်ပါတယ်။ နည်းပညာ တက္ကသိုလ်မန္တလေးအတွက် အင်္ဂလိပ်စာ၊ သချာင်္၊ ဓါတု၊ ရူပ လေးဘာသာပေါင်း ရမှတ်အမှတ်ပေါင်း (၃၀၀) ပြည့်ရင် လျှောက်လို့ရမယ်လို့ ဆိုပါတယ်။ ရတနာပုံဆိုက်ဘာစီးတီးအတွက် ဘာသာစုံ ရမှတ်ပေါင်း (၄၂၀) ရရင် လျှောက်ထားလို့ ရမှာဖြစ်ပါတယ်။ မိတ္ထီလာလေကြောင်းနဲ့ အာကသပညာ တက္ကသိုလ်ကတော့ စုစုပေါင်း (၃၈၀) ရရင် လျှောက်ထားလို့ရမှာ ဖြစ်ပါတယ်။

အခြားနည်းပညာတက္ကသိုလ် (၂၈) ခုအတွက် ဝင်ခွင့်သတ်မှတ်ချက်

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ ဖွင့်လှစ်ပေးထားတဲ့ နည်းပညာတက္ကသိုလ်ပေါင်း (၂၈) ခု ရှိပါတယ်။ အဲဒီနည်းပညာ တက္ကသိုလ်တွေကို လျှောက်ထားမယ်ဆိုရင် သို့ ဥက္ကဋ္ဌ တက္ကသိုလ်ဝင်ခွင့်စီစစ် ရွေးချယ်ရေးအဖွဲ့ဆိုပြီး လိပ်မူလျှောက်ထားရမှာ ဖြစ်ပါတယ်။ မိမိတက်ရောက်လိုတဲ့ တိုင်းဒေသကြီးအတွင်းက နည်းပညာ တက္ကသိုလ်တွေကို ဦးစားပေးအဆင့်ဆင့်နဲ့ ဖော်ပြပေးရမှာ ဖြစ်ပါတယ်။

တက်ရောက်နိုင်တဲ့ တက္ကသိုလ်ကို အရင်ရွေးချယ်ပေးပြီး ပြီးမှတက်ရောက်ရမယ့် မေဂျာတွေကို ပြန်လည်ရွေးချယ်ပေးတာဖြစ်ပါတယ်။ အရင်နှစ်တွေက တက်ရောက်လိုတဲ့ တိုင်းဒေသကြီးပြည်နယ်က နည်းပညာတက္ကသိုလ်တွေကို သွားရောက် လျှောက်ထားခွင့်ရှိပေမယ့် အခုနှစ်မှာတော့ နည်းပညာတက္ကသိုလ် အသီးသီးမှာ လျှောက်ထားနိုင်တဲ့ Catchment Area တွေ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်က ကျောင်သား၊ ကျောင်းသူတွေက ရန်ကုန်က ကျောင်း (၃) ကျောင်းကတော့ မရနိုင်ဘူး၊ ရနိုင်တယ်ထားဦး လိုချင်တဲ့မေဂျာမရနိုင်ဘူးဆိုပြီး ဧရာဝတီတိုင်းကို ကျော်လျှောက်တယ်။ ထားဝယ်ကိုလျှောက်တယ်။ အဲလိုလျှောက်တဲ့အခါ ကိုယ်လိုချင်တဲ့ မေဂျာရခဲ့တယ်။

ဒီနှစ်မှာတော့ အဲဒီလိုမဟုတ်ပါဘူး၊ နယ်တွေက ကျောင်းတွေ အားလုံးမှာ ဥပမာ- ဧရာဝတီတိုင်းက ကျောင်း (၃) ကျောင်းက သူ့တိုင်းထဲက အောင်မြင်တဲ့သူတွေကိုပဲ ဦးစားပေးပြီးရွေးချယ်မှာ ဖြစ်ပါတယ်။ သတ်မှတ်ချက်အရေအတွက် မပြည့်မှသာ နယ်ကျော်လျှောက်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပြန်ပြီးစဉ်းစားပေးမှာ ဖြစ်ပါတယ်။ စဉ်းစားတဲ့ အခါမှာလည်း အမှတ်အနည်း၊ အများအလိုက်ပြန်ပြီးစီမှာဖြစ်ပါတယ်။ နည်းပညာတက္ကသိုလ်တွေကိုဝင်မယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက်ကတော့ ဝင်ခွင့်ရပြီးမှသာလိုင်းတွေ ခွဲပေးတာ ဖြစ်ပါတယ်” လို့ ဒေါက်တာသိင်္ဂီက ပြောပါတယ်။

အခုနှစ်မှာ ရန်ကုန်တိုင်းအတွင်းက နည်းပညာ တက္ကသိုလ်တွေဖြစ်တဲ့ နည်းပညာတက္ကသိုလ် (သန်လျင်)၊ အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (မှော်ဘီ) စတဲ့ ကျောင်း (၃) ကျောင်းကိုတော့ မြန်မာနိုင်ငံအနှံ့ ဘယ်နေရာက ကျောင်းသားမဆို လျှောက်ထားခွင့်ရှိတယ်လို့ သိရပါတယ်။ ဝင်ခွင့်အမှတ် သတ်မှတ်ချက်အနေနဲ့ ဘာသာရပ်အားလုံး စုစုပေါင်း (၃၈၀) နဲ့ အထက် ရရှိသူတွေကို လျှောက်ထားခွင့်ပြုပြီး ဝင်ခွင့်ပြုဦးရေကိုလည်း မနှစ်ကထက် ပိုတိုးပြီးခေါ်ယူမယ်လို့ သိရပါတယ်။

ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ

ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ်တက္ကသိုလ်တွေကို လျှောက်မယ်ဆိုရင်လည်း သို့ ဥက္ကဋ္ဌတက္ကသိုလ်ဝင်ခွင့် စီစစ်ရွေးချယ်ရေးအဖွဲ့ကို လိပ်မူလျှောက်ထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုနှစ်မှာလည်း ဆေးတက္ကသိုလ်တွေအတွက် စုစုပေါင်း (၁၂၀၀) ဦးခေါ်ယူမှာဖြစ်ပြီး ကျား (၅၀) ရာခိုင်နှုန်းနဲ့ မ (၅၀) ရာခိုင်နှုန်း ခေါ်ယူမှာဖြစ်ပါတယ်။ အမှတ်သတ်မှတ်ချက်အနေနဲ့ လျှောက်ထားတဲ့ ဦးရေပေါ် မူတည်သတ်မှတ်တာဖြစ်ပြီး တက်ရောက်ရမယ့် တက္ကသိုလ်တွေကိုတော့ လျောက်ထားတဲ့ နယ်မြေတွေအတိုင်း ပြန်လည်သတ်မှတ်ပေး ထားပါတယ်။

အခုနှစ် ဆေးတက္ကသိုလ်ဝင်ခွင့် ပုံစံမပြောင်းလဲထားပေမယ့် သင်ကြားမှုပုံစံတွေကတော့ ပြောင်းလဲထားပါတယ်။ ဝင်ခွင့်စနစ် မပြောင်းပေမယ့် သင်မယ့်စနစ် ပြောင်းပါတယ်။ လာမယ့် ၂၀၁၉ ဒီဇင်ဘာဖွင့်မယ့် အတန်းမှာ အရင် (Traditional) သင်ကြားနည်း မဟုတ်တော့ဘဲ integrated Curriculum ဆိုပြီးတော့ အားလုံးပေါင်းထားတဲ့ သင်ရိုးလုပ်နေပါတယ်။ တော်တော်လည်း ခရီးရောက်နေပါပြီ။ (Year 1 ,2, 3) အထိ ပြင်ထားပါပြီ။ ကျောင်း (၅) ကျောင်းလုံးပေါင်းပြီးတော့ လုပ်တာပါ။ ဟိုဖက်က (UK နဲ့ US ) က Tradetional နဲ့လည်း နည်းနည်းလေးစပ်ပြီးတော့ လုပ်ထားပါတယ်။ ကျောင်းရဲ့ အဆင့်အတန်းမှီသလားလို့ ပြောရင်တော့ အာမခံပါတယ်” လို့ ဆေးတက္က သိုလ် (၁) ရန်ကုန်က ဒုတိယပါမောက္ခချုပ် ပရော်ဖက်ဆာ ဒေါက်တာ ဒေါ်မြင့်မြင့်ငြိမ်းက ပြောပါတယ်။

အခုနှစ် ဝင်ခွင့်လက်ခံမယ့် လူဦးရေက ဆေးတက္ကသိုလ် (၁) က (၃၀၀) နဲ့ (၄၀၀) ကြားယူတယ်။ ဆေး(၂) ကလည်း အဲဒီလိုပါပဲ။ မန္တလေးလည်း အတူတူပဲ၊ မကွေးနဲ့ တောင်ကြီးကတော့ (၁၀၀) ဝန်းကျင်လောက်ပဲ ရှိပါတယ်။ အမှတ်တွေကတော့ သိပ္ပံတွဲနဲ့ အောင်တဲ့သူတိုင်း လျှောက်လို့ ရတယ်။ ပုံမှန်မှာယောကျ်ားလေးက မိန်းကလေးထက် (၁၀) မှတ်လောက်တော့ ပိုနှိမ့်တယ်လို့ ဆိုပါတယ်။ ပရောဖက်ဆာ ဒေါက်တာ ဒေါ်မြင့်မြင့်ငြိမ်းက “ ဆေးကျောင်းတက်တိုင်း ဆရာဝန်တက်ရတာ မဟုတ်ဘူး။ ဆရာဝန်မှာ Branch တွေ အများကြီးရှိ်တယ်။ ဒါပေမဲ့ MBBS (၆) နှစ်၊ House Sergion (၁) နှစ်ဆိုတော့ (၇) နှစ်ပြီးမှ ဆုံးဖြတ်လို့ရတယ်။ ဆေးကျောင်းမှာ စာသင်တဲ့ဆရာဝန်ရှိတယ်။ ကုသရေး၊ သုတေသန၊ ပြည်သူ့ကျန်းမာရေး စီမံချက်တွေ ရှိတယ်။ ဆရာဝန်လို့ပြောလိုက်တာနဲ့ နားကြပ်လေးကိုင်ပြီး ဆေးကုတဲ့အလုပ် တစ်ခုတည်းတော့ မဟုတ်ဘူး။ ဆေးကုတယ်လို့ ပြောတဲ့ဆရာဝန်မှာ ဘာသာရပ်ပေါင်း (၆၀) ရှိတဲ့ အတွက် စိတ်ဝင်စားမှုက အရမ်းအရေး ကြီးပါတယ်” လို့ ပြောပါတယ်။

စီးပွားရေး တက္ကသိုလ်များ

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ စီးပွားရေးတက္ကသိုလ် (၃) ခုရှိပြီး စီးပွားရေးတက္ကသိုလ် လျှောက်ထားမယ့်သူတွေအနေနဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်လှိုင်နယ်မြေနဲ့ ရွာသာကြီး နယ်မြေတို့က သီးခြားလျှောက်ထားရမယ့် တက္ကသိုလ်စာရင်းမှာ ပါဝင်ပါတယ်။ မုံရွာစီးပွားရေး တက္ကသိုလ်နဲ့ မိတ္ထီလာစီးပွားရေး တက္ကသိုလ်ကတော့ တက္ကသိုလ်ဝင်ခွင့် စီစစ်ရွေးချယ်ရေး အဖွဲ့ကို လိပ်မူလျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ကွဲပြားတာတစ်ခု အခြားကျောင်းတွေနဲ့မတူတဲ့ အချက်က ရန်ကုန်စီးပွားရေး တက္ကသိုလ် (လှိုင်) နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး ) ဆိုပြီး (၂) ခုကွဲပြားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ရန်ကုန်စီးပွားရေး တက္ကသိုလ်နယ်မြေ (၂) ခုလုံးကို လျှောက်ထားသူတွေအနေနဲ့ အင်တာဗျူးဖြေဆိုရတာဖြစ်ပြီး အခုနှစ်မှာတော့ အင်တာဗျူး ဖြေဆိုစရာမလိုတော့ပါဘူး။

အရင်နှစ်က ရန်ကုန်စီးပွားရေး တက္ကသိုလ် (လှိုင်) နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးနယ်မြေတွေမှာ တက်ရောက်နိုင်တဲ့ သင်တန်းတွေက (၄) မျိုးစီရှိပြီး တစ်ခုနဲ့တစ်ခုမတူပါဘူး။ ဒီနှစ်မှာတော့ ရန်ကုန်စီးပွားရေး တက္ကသိုလ်အနေနဲ့ လှိုင်ကိုပဲလျှောက်လျှောက်၊ ရွာသာကြီးကိုပဲ လျျှောက်လျှောက် ဘာသာရပ် (၄) ခု စီပေါင်းပြီး နယ်မြေ (၂) ခုလုံးမှာ ကြိုက်တဲ့နယ်မြေကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ဘွဲ့ (၈) ခုလုံးကို လှိုင်နယ်မြေအတွက်ရော၊ ရွာသာကြီးအတွက်ရော လျှောက်ထားနိုင်မှာဖြစ်ပါတယ်လို့ သိရပါတယ်။ အရင်နှစ်က ရန်ကုန်စီးပွားရေး တက္ကသိုလ် လှိုင်နယ်မြေမှာဘွဲ့ သင်တန်း (၄) ခုအတွက် လူဦးရေ စုစုပေါင်း (၂၀၀) ပဲ လက်ခံခဲ့တယ်။ ဒီနှစ်မှာ ဘွဲ့သင်တန်း (၈) ခုလုံးအတွက် တစ်ဘာသာကို ဦးရေ (၈၀) နှုန်းနဲ့ (၈) ဘာသာအတွက် (၆၄၀) အထိ လှိုင်တက္ကသိုလ်နယ်မြေမှာ တိုးချဲ့ခေါ်ယူပြီး ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ ရွာသာကြီး စီးပွားရေး တက္ကသိုလ်အတွက် အရင်နှစ်တွေမှာ ကျောင်းသားဦးရေ (၁၂၀၀) လက်ခံသင်ကြားပေးဖို့ ကြေညာခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးနယ်မြေအတွက် စုစုပေါင်း (၁၆၀၀) အထိ တိုးမြှင့်ပြီးတော့ လက်ခံပေးမှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်တဲ့သူတွေ လျှောက်ထားခွင့်ရှိမှာ ဖြစ်ပါတယ်။ မုံရွာစီးပွားရေး တက္ကသိုလ်အတွက် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းက ကျောင်းသား၊ ကျောင်းသူတွေကို ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး မိတ္ထီလာ တက္ကသိုလ်တွေအတွက်တော့ ကယားပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်း (တောင်)၊
ရှမ်း (အရှေ့) စတဲ့ နယ်မြေ ကန့်သတ်ချက်တွေအတိုင်း လက်ခံမယ်လို့ သိရပါတယ်။

ရန်ကုန် စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေနဲ့ ရွာသာကြီး (၂) ခုလုံးအတွက် လျှောက်ထားတဲ့ နေရာမှာ လူကိုယ်တိုင် လျှောက်ထားမယ်ဆိုရင် ရန်ကုန်စီးပွားရေး တက္ကသိုလ် ကမာရွတ်ပြည်လမ်းနဲ့ အင်းယားလမ်းထောင့်မှာရှိတဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ် ကမာရွတ်နယ်မြေမှာ လာရောက်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ “စာတိုက်ကလည်း ပေးပို့လို့ရပါတယ်။ ဒီနှစ်ရဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ လှိုင်ရော ရွာသာကြီးရော လျှောက်ထားနိုင်တဲ့ စုစုပေါင်းရမှတ်က တော့ (၄၂၀) လို့ ကြေညာထားသော်လည်း သတ်မှတ်အရေအတွက်က အရင်နှစ် ထက် ကျောင်းသားဦးရေ တိုးမြင့်ခေါ်ယူမှာဖြစ်တာကြောင့် (၄၂၀) နဲ့ သတ်မှတ်အရေအတွက် မပြည့်မှီခဲ့ဘူးဆိုရင် (၄၂၀) အောက် အမှတ်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးမှာ ဖြစ်တဲ့အတွက် အခြားစီးပွားရေး တက္ကသိုလ်တွေလိုပဲ (၃၈၀) နဲ့ အထက်ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အားလုံးအခွင့်အရေးတစ်ခု ဖြစ်တယ်လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ရဲ့ ဒုတိယ ပါမောက္ခချုပ် ပရော်ဖက်ဆာ ဒေါက်တာဒေါ်နီလာမြင့်ထူးက အကြံပြုပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်အတွက် လျှောက်ထားနိုင်တဲ့ ဘာသာရပ်များ

ရန်ကုန် တက္ကသိုလ်သီးခြား ဝင်ခွင့်ခေါ်ယူတဲ့ ကျောင်း (၁၄) ကျောင်းထဲမှာ ပါဝင်တဲ့ ဝိဇ္ဇာသိပ္ပံကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေ (၁၄) ခုရှိပါတယ်။ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေထဲမှာ သီးခြားလျှောက်ထားရမယ့် ကျောင်းတွေက ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ မန်းလေးနိုင်ငံခြားဘာသာ တက္ကသိုလ်နဲ့ ရန်ကုန်ပညာရေး တက္ကသိုလ်တွေ ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ကို လျှောက်မယ်ဆိုရင် တခြားကျောင်း (၁၄) ကျောင်းနဲ့ မတူတာက ရန်ကုန်တက္ကသိုလ်ကို လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူတွေကို လူတွေ့နှုတ်ဖြေ စစ်ဆေးမှာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ လျှောက်ထားလို့ရတဲ့ မေဂျာတွေ (၂၆) ခုရှိပါတယ်။ အဲသည် (၂၆) ခုထဲမှာမှ ကိုယ်ကဘယ်ဘာသာရပ်ကို ရွေးချယ်မှာလဲဆိုတာ ဆုံးဖြတ်ဖို့ လိုပါတယ်။ အဲဒီအတွက်ကြောင့် ဒီ (၂၆) ခုက ဘာတွေလဲဆိုတာ ကြိုတင်ပြီးလေ့လာထားဖို့ လိုတယ်လို့ သိရပါတယ်။ ဘာသာရပ်က (၂၆) ခုရှိတဲ့အတွက် ကိုယ်က ရန်ကုန်တက္ကသိုလ်ကို လျှောက်တော့မယ်ဆိုရင် ရန်ကုန်တက္ကသိုလ်ဆိုပြီး ဒီအတိုင်းထားလို့ မရပါဘူး၊ ကိုယ်လျှောက်မယ့် ဘာသာရပ်ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။

“ဆိုလိုတာက ရန်ကုန်တက္ကသိုလ်မှာဆိုရင် ဝိဇ္ဇာဘာသာရပ်က (၁၅) ခုရှိတယ်။ သိပ္ပံဘာသာရပ်က (၁၆) ခုရှိတယ်။ အဲဒီထဲကမှ ကိုယ်က ဘာကိုလျှောက်မှာလဲဆိုတာ ဆုံးဖြတ်ဖို့လိုတယ်။ လောလောဆယ်မှာ ကျောင်းသားဦးရေ များတာကြောင့် ရန်ကုန်တက္ကသိုလ်ရဲ့ main campus မှာ လက်မခံနိုင်တာကြောင့် လှိုင်နယ်မြေမှာ လက်ခံပေးနေပါတယ်။ ဒုတိယနှစ် ရောက်ရင်တော့ ဒီဖက်ကိုပြောင်းပြီး သင်ပေးနေပါတယ်။ နောက်တစ်ခုက ရန်ကုန်တက္ကသိုလ်ရဲ့ ဘာသာရပ်တွေကို လျှောက်မယ်ဆိုရင် ဦးစားပေးအများဆုံး (၃) ခုပဲ ရွေးလို့ရပါတယ်။ အဲထက်ပိုပြီး လျှောက်ခွင့်မရှိပါဘူး“ လို့ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနက ပရောဖက်ဆာ ဒေါက်တာ ဒေါ်ပိုးပိုး ကပြောပါတယ်။

ရန်ကုန် တက္ကသိုလ်ကို လျှောက်ထားတဲ့အခါမှာ ပထမဦးစားပေးအနေနဲ့ လျှောက်ထားသူတွေကိုသာ ဦးစား ပေးရွေးချယ်မှာ ဖြစ်တယ်လို့သိရပါတယ်။ ပရောဖက်ဆာ ဒေါက်တာ ဒေါ်ပိုးပိုးက “ပထမဦးစားပေးဆိုပြီး ရန်ကုန်တက္ကသိုလ် ရောက်လာတဲ့သူကို အင်တာဗျူးမှာ ဖြစ်ပါတယ်။ အဲဒီထဲက လူပြည့်သွားရင် နောက်ထပ်လာတဲ့ ကျောင်းသားကျောင်းသူတွေကိ်ု လက်ခံလို့မရပါဘူး။ တကယ်လို့သာ သူက ဒုတိယဦးစားပေးမှာ ရန်ကုန်တက္ကသိုလ် ဖြစ်နေတယ်ဆိုရင် အဲဒီအချိန်ကျမှ ရန်ကုန်တက္ကသိုလ် လျှောက်ထားတယ်ဆိုရင် ဒီဘာသာရပ်တွေမှာ နေရာရှိသေးတယ်ဆိုရင် အင်တာဗျူး လက်ခံပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခုလာမယ့်နှစ်အတွက် ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားဦးရေက (၂၁၀၀) ဦးလက်ခံမှာ ဖြစ်ပါတယ်။ ဘာသာရပ်တွေ အများကြီးရှိတဲ့အတွက် တချို့ ဘာသာရပ်ကို (၁၀၀) တချို့ ဘာသာရပ်အတွက် ဦးရေ (၅၀) လက်ခံမှာဖြစ်ပြီး အများစုက လူဦးရေ (၁၅၀) ထိလက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။ သိပ္ပံဘာသာရပ်အတွက် အနှိမ့်ဆုံးက စုစုပေါင်း အမှတ် (၄၀၀) ရရှိဖို့လိုပြီး ဝိဇ္ဇာဘာသာရပ်မှာအတွက် အင်္ဂလိပ်စာဆိုရင် စုစုပေါင်း (၄၅၀) တချို့ ဘာသာရပ်တွေအတွက် စုစုပေါင်း အမှတ် (၄၇၀) ခန့်ရရှိဖို့လိုတယ်လို့ ဆိုပါတယ်။

အဓိကယူမယ့် အထူးပြုဘာသာရပ်တွေမှာ အနည်းဆုံး အင်္ဂလိပ်စာ (၇၀) ရရမယ်၊ တချို့ဘာသာရပ်တွေမှာဆိုရင် (၆၀) ရှိရမှာဖြစ်ပါတယ်။ အနှိမ့်ဆုံးကတော့ (၆၀) ခန့် ရရမှာဖြစ်ပြီး ကိုယ့်ရဲ့ စုစုပေါင်းရမှတ် အပါဝင် တစ်ဘာသာချင်းစီမှာ ကို်ယ်အထူးပြု ဘာသာရပ်အဖြစ် ရယူလိုတဲ့ ဘာသာရပ်မှာ ဂုဏ်ထူးထွက်ရမှာဖြစ်ကာ အနည်းဆုံးတော့ (၇၀) မှတ်ရဖို့ လိုတယ်လို့ သိရပါတယ်။

ပညာရေး ဒီဂရီကောလိပ်

အခုနှစ်မှာတော့ ပညာရေး ဒီဂရီကောလိပ် လျှောက်ထားမယ့်သူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာကနေတစ်ဆင့် လျှောက်ထားရမှာဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် စီစစ်ရွေးချယ်ရေးအဖွဲ့ကို လိပ်မူလျှောက် ထားရမယ်လို့ သိရပါတယ်။ ၂၀၁၉ ဒီဇင်ဘာမှာ စတင်သင်ကြားပေးမယ့် ပညာရေးကောလိပ် ၂၅ ခု အားလုံးတို့က B.A (Education), B.Sc (Education) ဘွဲ့ပေးမယ့် ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်မှာ ဖြစ်ပါတယ်။

ပညာရေးဒီဂရီကောလိပ်ဖြစ်တဲ့အခါ ယခင်က ၂ နှစ်သင် ပညာရေးအစား ၄ နှစ်တက်ရောက်ရမယ့် ပညာရေး ဘွဲ့သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။ ပညာရေးဒီဂရီ ကောလိပ်တွေမှာ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အစီအစဉ်သစ်ရဲ့ ပထမနှစ် သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။ အမျိုးသားဦးရေနဲ့ အမျိုးသမီးဦးရေ (၅၀) ရာခိုင်နှုန်းစီ လက်ခံမှာဖြစ်ပြီး ပညာရေးဒီဂရီကောလိပ် (၂၅) ကျောင်းအတွက် လူဦးရေ (၃၃၇၀) ဦးလက်ခံမယ်လို့ သိရပါတယ်။

သတ်မှတ်အရည် အချင်းပြည့်မှီသူတွေကို တိုင်းဒေသကြီး ပြည်နယ်တွေ မြို့နယ်တွေအလိုက် မူလတန်းကျောင်းသား စုစုပေါင်းကို မူတည်ပြီး မြို့နယ်အလိုက် ကျောင်းသားဦးရေနဲ့ ပညာရေး ကောလိပ်တွေရဲ့ ဝင်ဆ့ံနိုင်တဲ့ အင်အားအရ မြို့နယ်တွေအလိုက် ဝင်ခွင့်ပြုမယ်လို့ သိရပါတယ်။ မူလတန်းပြ၊ အလယ်တန်းပြအဖြစ် ခန့်ထားပါက ဒေသမရွေးတာ ဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ခံဝန်ကတိကို ပျက်ကွက်ပါက လျော်ကြေးငွေကျပ် (၅) သိန်း ပေးလျော်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဝေးလံခေါင်ဖျားဒေသတွေက လျှောက်ထားတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ပညာရေးကောလိပ် အသီးသီးမှာ လက်ခံမယ့်ဦးရေရဲ့ (၅) ရာခိုင်နှုန်းကို ခွဲတမ်းအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပါက ပညာရေးဒီဂရီကောလိပ် တက်ရောက်ဖို့ လျှောက်ထားနိုင်မှာဖြစ်ပြီး အနည်းဆုံး ရမှတ်သတ်မှတ်ချက် အတိအကျ သတ်မှတ်ထားတာမျိုး မရှိပါဘူး။

ပညာရေး ဒီဂရီကောလိပ်အဖြစ်သို့ မြှင်တင်မည့် ပညာရေးကောလိပ်များ

– ကချင်ပြည်နယ် မြစ်ကြီးနား ပညာရေးကောလိပ်
– ကယားပြည်နယ် လွိုင်ကော်ပညာရေး ကောလိပ်
– ကရင်ပြည်နယ် ဘားအံ ပညာရေးကောလိပ်
– ချင်းပြည်နယ် ဟားခါး ပညာရေးကောလိပ်
– မွန်ပြည်နယ်မော်လမြိုင် ပညာရေးကောလိပ်
– ရခိုင်ပြည်နယ်ကျောက်ဖြူ ပညာရေးကောလိပ်
– ရှမ်းပြည်နယ် တောင်ကြီး ပညာရေးကောလိပ်၊ ကျိုင်းတုံပညာရေးကောလိပ်၊ လားရှိုး ပညာရေးကောလိပ်
– စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းပညာရေးကောလိပ်၊ မုံရွာ ပညာရေးကောလိပ်
– တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ပညာရေးကောလိပ်
– ပဲခူးတိုင်းဒေသကြီး တောင်ငူပညာရေးကောလိပ်၊ ပြည်ပညာရေးကောလ်ိပ်
– မကွေးတိုင်း ဒေသကြီး မကွေးပညာရေးကောလ်ိပ်၊ ပခုက္ကူ ပညာရေးကောလိပ််
– မန္တလေးတိုင်း ဒေသကြီး မန္တလေး ပညာရေးကောလိပ်၊ မိတ္ထီလာ ပညာရေးကောလိပ်၊ မုံရွာ ပညာရေးကောလိပ်
– ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပညာရေးကောလိပ်၊ သင်္ဃန်းကျွန်း ပညာရေး ကောလိပ်၊ လှည်းကူး ပညာရေး ကောလိပ်
– ဧရာဝတိီတိုင်း ဒေသကြီး ပုသိမ် ပညာရေးကောလိပ်၊ မြောင်းမြ ပညာရေးကောလိပ်၊ ဘိုကလေး ပညာရေးကောလိပ်

နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်)

နိုင်ငံခြားဘာသာ တက္ကသိုလ်ရန်ကုန်က သီးခြားလျှောက်ထားရမယ့် တက္ကသိုလ်တွေထဲက တစ်ခုဖြစ်ပြီး သို့ ပေါမောက္ခချုပ် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ကို လိပ်မူလျှောက်ထားရမှာ ဖြစ်ပါတတယ်။ ဝင်ခွင့်အတွက် ပြီးခဲ့တဲ့ ပညာသင်နှစ်က လူတွေ့စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် အခုနှစ်မှာတော့ လူတွေ့ စစ်ဆေးမှုတွေ မရှိတော့ပါဘူး။ “ကျောင်းသားတစ်ယောက်ဟာ ရန်ကုန် တက္ကသိုလ်ရော၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်ပါ ၀င်ခွင့်ရတယ်ဆိုတာ မရှိတော့ဘူး။ ကျောင်းသားတစ်ယောက်ဟာ တစ်ခုတည်းကိုပဲ ၀င်ခွင့်ရအောင် လုပ်ထားတာ။ အရင်နှစ်က အားနည်းတာတွေကို တတ်နိုင်သလောက် ပျောက်အောင် ကြိုးစားထားတာပါ” လို့ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ပါမ္ခောချုပ် ဒေါက်တာကြည်ရွှင်က ပြောပါတယ်။

ပထမနှစ်သင်တန်းအတွက် စုစုပေါင်းရမှတ် ၄၀၀ နှင့်အထက် ကျောင်းသား၊ ကျောင်းသူတွေ လျှောက်ထားနိုင်ပြီး လူဦးရေ ၈၀၀ ကျော် လက်ခံသင်ကြားပေးမှာ ဖြစ်ပါတယ်။ အင်္ဂလိပ် ဘာသာစကားအတွက် ဦးရေ ၁၅၀ ခေါ်ယူမည်ဖြစ်ပြီး စုစုပေါင်းရမှတ် ၄၀၀ အနည်းဆုံး ရရှိရမယ့်အပြင် အင်္ဂလိပ်စာမှာ ရမှတ် ၆၅ မှတ်အထက်ဖြစ်ဖို့ လိုပါတယ်။ အင်္ဂလိပ်ဘာသာကို လျှောက်ထားသူ ဦးရေများပါ က စုစုပေါင်းရမှတ် ၄၀၀ ထက် ပိုများမှာဖြစ်တယ်လို့ ဆိုပါတယ်။ အရင်နှစ်ကလိုမျိုး လူတွေ့စစ်ဆေးမှု ပြုလုပ်ကာ လက်ခံပေးမှာ မဟုတ်ဘဲ စုစုပေါင်း ရမှတ်တွေနဲ့ သာ အများကနေ အနည်းတန်းစီပြီး ကန့်သတ်ဦးရေ ရွေးချယ်မယ်လို့ သိရပါတယ်။

တရုတ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ၊ ရုရှားဘာသာတို့အတွက် ဦးရေ ၁၀၀ စီ လက်ခံသင်ကြားပေးမှာဖြစ်ပြီး ထိုင်းဘာသာအတွက် ဦးရေ ၅၀ လက်ခံသင်ကြားပေးမှာ ဖြစ်ပါတယ်။ အရင်နှစ်က ၀င်ခွင့်လျှောက်ထားသူ ၄၃၀၀ ခန့်ရှိခဲ့ပြီး ကျောင်းသူကျောင်းသား ၁၁၄၄ ဦး ဝင်ခွင့်ရရှိခဲ့ပြီး ယခင်နှစ်က အင်္ဂလိပ်ဘာသာ တက်ရောက်ဖို့
လျှောက်ထားမှုမှာ ၀င်ခွင့် အမြင့်ဆုံးရမှတ်မှာ ၅၃၉ မှတ်ဖြစ်ခဲ့ပြီး ရုရှားဘာသာက ၀င်ခွင့်အနိမ့်ဆုံး ရမှတ် ၄၂၂ မှတ် ဖြစ်ခဲ့ပါတယ်။