တကၠသိုလ္ ၁၁ ခုရဲ႕ ဝင္ခြင့္စာရင္း ေၾကညာမည့္ရက္ ေျပာင္းလဲ

ပညာေရးဝန္ႀကီးဌာနရွိ သီးျခားတကၠသိုလ္ဝင္ခြင့္ ေလွ်ာက္လႊာေခၚယူမယ့္ တကၠသိုလ္ ၁၁ ခုရဲ႕ ဝင္ခြင့္စာရင္းေၾကညာမယ့္ရက္ကုိ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ ၁၇ ရက္မွာ ေၾကညာမယ္လုိ႔ ေျပာင္းလဲ သတ္မွတ္လုိက္ပါတယ္။

ယခင္က ၾသဂုတ္လ ၁၅ ရက္မွာ ေၾကညာမယ္လုိ႔ သတ္မွတ္ထားေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေျပာင္းလဲလုိက္ရတာျဖစ္ပါတယ္။ ေငြသြင္းမွတ္ပံုတင္ရမယ့္ ရက္ကေတာ့ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ ၁၇ ရက္မွ ေအာက္တုိဘာလ ၁၇ ရက္ထိ ျဖစ္ပါတယ္။

ဝင္ခြင့္စာရင္းေၾကညာမယ့္ တကၠသိုလ္ေတြကေတာ့ ရန္ကုန္နည္းပညာတကၠသိုလ္၊ မႏၲေလးနည္းပညာတကၠသိုလ္၊ နည္းပညာတကၠသိုလ္ (မႏၲေလး)၊ သတင္းအခ်က္အလက္ နည္းပညာတကၠသိုလ္၊ မႏၲေလးကြန္ပ်ဴတာတကၠသိုလ္၊ ရန္ကုန္တကၠသိုလ္၊ မႏၲေလးတကၠသိုလ္၊ ရန္ကုန္စီးပြားေရးတကၠသိုလ္ (ရြာသာႀကီးနယ္ေျမ)၊ ရန္ကုန္စီးပြားေရးတကၠသိုလ္(လႈိင္နယ္ေျမ)၊ ရန္ကုန္ပညာေရး တကၠသိုလ္၊ ရန္ကုန္ႏိုင္ငံျခား ဘာသာတကၠသိုလ္၊ မႏၲေလးႏိုင္ငံျခား ဘာသာတကၠသိုလ္ေတြပဲ ျဖစ္ပါတယ္။

-သႏၲာ

[ Unicode ]

ပညာရေးဝန်ကြီးဌာနရှိ သီးခြားတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူမယ့် တက္ကသိုလ် ၁၁ ခုရဲ့ ဝင်ခွင့်စာရင်းကြေညာမယ့်ရက်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်မှာ ကြေညာမယ်လို့ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

ယခင်က သြဂုတ်လ ၁၅ ရက်မှာ ကြေညာမယ်လို့ သတ်မှတ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲလိုက်ရတာဖြစ်ပါတယ်။ ငွေသွင်းမှတ်ပုံတင်ရမယ့် ရက်ကတော့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်မှ အောက်တိုဘာလ ၁၇ ရက်ထိ ဖြစ်ပါတယ်။

ဝင်ခွင့်စာရင်းကြေညာမယ့် တက္ကသိုလ်တွေကတော့ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်တွေပဲ ဖြစ်ပါတယ်။