တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားတြင္ ေက်ာင္းလခေပးသြင္းျခင္းကို KBZ Pay ျဖင့္ေဆာင္ရြက္ရန္ ၫႊန္ၾကားခ်က္ထုတ္ထား

[ Zawgyi ]

တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားမွာ ေက်ာင္းလခေပးသြင္းျခင္းကို KBZ Pay နဲ႔ေဆာင္ရြက္ရန္ ပညာေရးဝန္ႀကီးဌာန အဆင့္ျမင့္ပညာဦးစီးဌာနမွ ဇြန္ ၂၇ ရက္၊ ရက္စြဲနဲ႔ ၫႊန္ၾကားခ်က္ထုတ္ထားေၾကာင္း သိရပါတယ္။

ေက်ာင္းလခေပးသြင္းျခင္းကို KBZ Pay နဲ႔ ေဆာင္ရြက္ႏုိင္ၿပီး ေက်ာင္းတည္ရွိရာ နယ္ေျမရွိ ကေမၻာဇဘဏ္နဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ရမွာျဖစ္တယ္လို႔ သိရပါတယ္။ KBZ Pay ျဖင့္ ေက်ာင္းလခ ေပးသြင္းျခင္းေၾကာင့္ ေငြစကၠဴ အတုကိစၥႏွင့္ပတ္သက္၍ ပူပန္ရန္ မလိုေတာ့ျခင္း၊ စာသင္ခ်ိန္ဖ်က္၍ ေငြသြင္းရန္ မလိုေတာ့ျခင္း၊ ေငြအေႂကြ ျပန္အမ္းရသည့္ အခက္အခဲ အဆင္ေျပျခင္း၊ အေဝးသင္တကၠသိုလ္မ်ားတြင္ ျဖစ္ေလ့ျဖစ္ထရွိေသာ ဝန္ေဆာင္ခေပး၍ ေက်ာင္းအပ္ရျခင္းမ်ား ေလွ်ာ့ခ်ႏုိင္ျခင္း၊ ေက်ာင္းသားမ်ား၏ေက်ာင္းလခ ေပးသြင္းပမာဏ အတိအက်ကို တကၠသိုလ္၏ ဘဏ္အေကာင့္တြင္ Web Portal မွတစ္ဆင့္ ၾကည့္႐ႈစစ္ေဆးႏုိင္သျဖင့္ ပြင့္လင္းျမင္သာမႈရွိၿပီး ေငြေၾကးႏွင့္ပတ္သက္ေသာ အ႐ႈပ္အရွင္းအမ်ားစုကို ေလွ်ာ့ခ်ႏုိင္ျခင္း၊ ေန႔စဥ္စာရင္း ေပါင္းခ်ဳပ္ (Excel Sheet) ကို WebPortal မွ တုိက္႐ိုက္ေဒါင္းလုတ္ဆြဲကာ စာရင္းပိတ္ႏုိင္ျခင္း၊ အခ်ိန္ကုန္ သက္သာသည့္အျပင္ အမွားအယြင္းရွိပါက ျပန္လည္စစ္ေဆးရာမွာ လြယ္ကူအဆင္ေျပျခင္း အက်ိဳးေက်းဇူးမ်ား ရႏုိင္ေၾကာင္း ၫႊန္ၾကားစာမွာ ေဖာ္ျပထားပါတယ္။

လက္ရွိမွာ ျပည္တကၠသိုလ္၊ အမ်ိဳးသားစီမံခန္႔ခြဲမႈပညာ ဒီဂရီေကာလိပ္၊ ရန္ကုန္စီးပြားေရးတကၠသိုလ္၊ ရန္ကုန္တကၠသိုလ္ အပါအဝင္ တကၠသိုလ္ခုနစ္ခုတုိ႔မွာ ေက်ာင္းလခေပးသြင္းျခင္းကို KBZ Pay နဲ႔ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရပါတယ္။

-ေဝေဝ

[ Unicode ]

KBZ Pay နဲ့ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ဇွန် ၂၇ ရက်၊ ရက်စွဲနဲ့ ညွှန်ကြားချက်ထုတ်ထားကြောင်း သိရပါတယ်။

ကျောင်းလခပေးသွင်းခြင်းကို KBZ Pay နဲ့ ဆောင်ရွက်နိုင်ပြီး ကျောင်းတည်ရှိရာ နယ်မြေရှိ ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။ KBZ Pay ဖြင့် ကျောင်းလခ ပေးသွင်းခြင်းကြောင့် ငွေစက္ကူ အတုကိစ္စနှင့်ပတ်သက်၍ ပူပန်ရန် မလိုတော့ခြင်း၊ စာသင်ချိန်ဖျက်၍ ငွေသွင်းရန် မလိုတော့ခြင်း၊ ငွေအကြွေ ပြန်အမ်းရသည့် အခက်အခဲ အဆင်ပြေခြင်း၊ အဝေးသင်တက္ကသိုလ်များတွင် ဖြစ်လေ့ဖြစ်ထရှိသော ဝန်ဆောင်ခပေး၍ ကျောင်းအပ်ရခြင်းများ လျှော့ချနိုင်ခြင်း၊ ကျောင်းသားများ၏ကျောင်းလခ ပေးသွင်းပမာဏ အတိအကျကို တက္ကသိုလ်၏ ဘဏ်အကောင့်တွင် Web Portal မှတစ်ဆင့် ကြည့်ရှုစစ်ဆေးနိုင်သဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး ငွေကြေးနှင့်ပတ်သက်သော အရှုပ်အရှင်းအများစုကို လျှော့ချနိုင်ခြင်း၊ နေ့စဉ်စာရင်း ပေါင်းချုပ် (Excel Sheet) ကို WebPortal မှ တိုက်ရိုက်ဒေါင်းလုတ်ဆွဲကာ စာရင်းပိတ်နိုင်ခြင်း၊ အချိန်ကုန် သက်သာသည့်အပြင် အမှားအယွင်းရှိပါက ပြန်လည်စစ်ဆေးရာမှာ လွယ်ကူအဆင်ပြေခြင်း အကျိုးကျေးဇူးများ ရနိုင်ကြောင်း ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ပြည်တက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ်ခုနစ်ခုတို့မှာ ကျောင်းလခပေးသွင်းခြင်းကို KBZ Pay နဲ့ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။