တကၠသိုလ္၀င္ခြင့္ေလွ်ာက္ထားရာတြင္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၏ ေထာက္ခံစာကို တင္သြင္းရမည္ဟု ေဖာ္ျပထားျခင္းမရွိဟုဆုိ

[Zawgyi]

တကၠသိုလ္ဝင္ခြင့္ ေလၽွာက္လႊာနဲ႔အတူ ပူးတြဲေပးပို႔ရတဲ့ ေထာက္ခံစာေတြထဲမွ အက်င့္စာရိတၱ ေကာင္းမြန္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔မွ တာဝန္ရွိသူရဲ႕ ေထာက္ခံစာကို ပူးတြဲတင္ျပရမယ္လုိ႔ တကၠသိုလ္၀င္ခြင့္လမ္းၫႊန္စာအုပ္မွာ ေဖာ္ျပထားျခင္းမရွိေၾကာင္း သိရပါတယ္။

၂၀၁၃ ခုႏွစ္၊ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္သူေတြက စတင္ၿပီး တကၠသိုလ္ဝင္ခြင့္လမ္းၫႊန္စာအုပ္ေတြရဲ႕ စာမ်က္ႏွာ ၂ မွာ အဆိုပါ ေထာက္ခံစာေတြ ပူးတြဲတင္ျပရမယ္လုိ႔ ထည့္သြင္းေဖာ္ျပသတ္မွတ္ထားျခင္း မရွိေတာ့ ပါေၾကာင္း ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမိ်ဳးသိမ္းႀကီးက ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းမွာ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ၂၀၁၇ ခုႏွစ္၊ တကၠသိုလ္ဝင္ခြင့္လမ္းၫႊန္စာအုပ္ရဲ႕ စာမ်က္ႏွာ ၁ မွာလည္း ေထာက္ခံစာေတြကုိ တင္ျပ ရမည္္ဟု ထည့္သြင္းေဖာ္ျပထားျခင္း မရွိေတာ့ပါေၾကာင္း ၎ကဆက္လက္ေျပာၾကားခဲ့ပါတယ္။

အဆိုပါ အေၾကာင္းအရာကို အင္းေတာ္မဲဆႏၵနယ္မွ ေဒါက္တာေဒၚၿပံဳးက တကၠသိုလ္ဝင္ခြင့္ေလၽွာက္လႊာႏွင့္အတူ ပူးတြဲေပးပို႔ရသည့္ ေထာက္ခံစာမ်ားအနက္ အက်င့္စာရိတၱ ေကာင္းမြန္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔မွ တာဝန္ရွိသူ၏ ေထာက္ခံစာကို ပယ္ဖ်က္ေပးရန္ အစီအစဥ္ရွိ၊ မရွိ ေမးျမန္းခဲ့တဲ့အေပၚ ေဒါက္တာမိ်ဳးသိမ္းႀကီးက ေမလ ၁၄ ရက္က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။

 

[Unicode]

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာနဲ့အတူ ပူးတွဲပေးပို့ရတဲ့ ထောက်ခံစာတွေထဲမှ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူရဲ့ ထောက်ခံစာကို ပူးတွဲတင်ပြရမယ်လို့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှာ ဖော်ပြထားခြင်းမရှိကြောင်း သိရပါတယ်။

၂၀၁၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေက စတင်ပြီး တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွေရဲ့ စာမျက်နှာ ၂ မှာ အဆိုပါ ထောက်ခံစာတွေ ပူးတွဲတင်ပြရမယ်လို့ ထည့်သွင်းဖော်ပြသတ်မှတ်ထားခြင်း မရှိတော့ ပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ရဲ့ စာမျက်နှာ ၁ မှာလည်း ထောက်ခံစာတွေကို တင်ပြ ရမည််ဟု ထည့်သွင်းဖော်ပြထားခြင်း မရှိတော့ပါကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။

အဆိုပါ အကြောင်းအရာကို အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံးက တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရသည့် ထောက်ခံစာများအနက် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ၏ ထောက်ခံစာကို ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့တဲ့အပေါ် ဒေါက်တာမျိုးသိမ်းကြီးက မေလ ၁၄ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။