တကၠသိုလ္ဝင္တန္း ေအာင္ျမင္ၿပီးသူမ်ားအတြက္ အႀကံျပဳခ်က္

[ Zawgyi ]

ေဒၚလြင္လြင္ေအာင္
Regent Consultancy Co.,Ltd

တကၠသိုလ္ဝင္တန္း ေအာင္ျမင္ၿပီးၿပီဆုိရင္ ျပည္တြင္းမွာ ျဖစ္ေစ၊ ျပည္ပမွာျဖစ္ေစ ကုိယ္လုိခ်င္တဲ့ ဘာသာရပ္အတြက္ကုိမွ တကၠသိုလ္ကုိ ေရြးခ်ယ္ၿပီး ဆက္လက္တက္ေရာက္ရမွာပါ။ အဲ့ဒါေၾကာင့္ မွန္ကန္စြာ ေရြးခ်ယ္ဖုိ႔က အရမ္းအေရးႀကီးတယ္။

ကုိယ္ကဘယ္ဘာသာကို စိတ္ဝင္စားလဲ။ အသက္အရြယ္အေနနဲ႔ၾကည့္မယ္ဆုိရင္ ကေလးဟာ ၁၅ ႏွစ္ ၁၆ ႏွစ္ပဲရွိေသးတာျဖစ္တဲ့ အတြက္ေၾကာင့္ ကုိယ္ကဘယ္ ဘာသာကို စိတ္ဝင္စားလဲဆုိတာ သိတဲ့ကေလးေတြ ရွိသလုိ မေသခ်ာတဲ့ ကေလးေတြရွိတယ္။ အဓိကကေတာ့ ဘာကိုေရြးခ်ယ္လဲ ဆုိတဲ့အျပင္ကို ဘာကုိစိတ္ပါလဲ။ Future က ဘာလုပ္ခ်င္လဲ ဒါေလးကိုပါ သိရတယ္ဆိုရင္
အႀကံေပးရတာပိုၿပီး အဆင္ေျပတယ္။ ဥပမာေပါ့ တခ်ိဳ႕က သားသမီးေလးေတြကရွိတယ္၊ သူက 0versea မွာ ေက်ာင္းတက္မယ္၊ ေက်ာင္းတက္ၿပီးရင္ ကုိယ့္ဘာသာကိုယ္ စြန္႔ဦးတီထြင္နဲ႔ပတ္သက္တဲ့ လုပ္ငန္းေတြကုိ လုပ္ခ်င္တယ္၊ အဲ့လုိမ်ိဳးေပါ့ တခ်ိဳ႕က်ေတာ့ရွိတယ္ သုေတသနပိုင္းမွာ စိတ္ဝင္စားတယ္။ တခ်ိဳ႕က်ေတာ့လဲ Engineering ပုိင္းမွာ စိတ္ဝင္စားတယ္ အဲ့ဒါမ်ိဳးေလးေတြရွိတယ္။ ဆယ္တန္းမွာ သင္ခဲ့တဲ့ ဘာသာရပ္ထဲကဆုိရင္ Bio, Chemistry, Physics တုိ႔ ဒါေလးေတြကုိ ျပန္သံုးသပ္ၾကည့္လုိ႔ရတယ္။ တခ်ိဳ႕ေက်ာင္း သားေတြဟာဆုိရင္ Physics ကုိအရမ္းဝါသနာပါတာကို ေတြ႕ရတယ္။ တခ်ိဳ႕က် Chemistry ကုိအရမ္း၀ါသနာပါတာကို ေတြ႕ရတယ္။ တခ်ိဳ႕က် Bio ကုိအရမ္းဝါသနာပါတာကို ေတြ႕ရတယ္။

တခ်ိဳ႕ကေလးေတြက်ေတာ့ ေဆးဘက္မွာ အရမ္းစိတ္ဝင္စားတာကုိ ေတြ႕ရတယ္။ ဒါေပမဲ့ ဆရာဝန္ေတာ့ မလုပ္ခ်င္ဘူး စသျဖင့္ေပါ့ေနာ္ ေတြ႕ရတယ္။ ဘာသာရပ္ ေရြးခ်ယ္မယ္ဆုိတဲ့အခ်ိန္မွာ ကိုယ္ကလက္ရွိရထားတဲ့ အထဲမွာ ဘာေတြကုိ ကုိယ္ကေရြးခ်ယ္သင့္လဲ ဆုိတာကို ကုိယ့္ရဲ႕ ရည္မွန္းခ်က္ကို ကိုယ္ျပန္ၿပီးေတာ့ တုိင္းတာဖုိ႔ လုိအပ္တယ္ ျမန္မာႏိုင္ငံမွာဆိုလို႔ရွိရင္ အေရွ႕ေတာင္ အာရွႏုိင္ငံမွာဆုိရင္ အဓိက အသြားအမ်ားဆံုးကေတာ့ စီးပြားေရးဘာသာရပ္၊ ဘာေၾကာင့္လဲဆုိေတာ့ လူတုိင္းက စီးပြားေရး ဘာသာရပ္မွာဆုိရင္ ကုိယ့္ရဲ႕ မိဘစီးပြားေရး လုပ္ငန္းမွာျဖစ္ေစ၊ ကိုယ္ပိုင္စီးပြားေရး ျဖစ္ေစလုပ္ခ်င္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူက ၈၀ ရာခုိင္ႏႈန္းေလာက္ ရွိၾကတယ္။ ဒါကုိမွ ၂၀ ရာခုိင္ႏႈန္းထဲမွာဆုိရင္ Engineering ကုိ စိတ္ဝင္စားတဲ့ ကေလးေတြရွိတယ္။ Engineering ေရြးခ်ယ္မယ္ဆုိတဲ့ ကေလးေတြ အရင္သိသင့္တာ ဘာလဲဆိုေတာ့ Chemistry က အေရးမပါေလာက္ဘူး ဆိုေပမယ့္ ခုနလို Physic တို႔ သခ်ၤာတုိ႔က အရမ္း Strong ျဖစ္ရမယ္။ Civil Engineering စိတ္၀င္စားတာျဖစ္ေစ Mechanical Engineering စိတ္ဝင္စားတာျဖစ္ေစ Electrical ျဖစ္ေစ Engineering စိတ္ဝင္စားၿပီဆုိကတည္းက သခ်ၤာပိုင္းကို ေတာ္ေတာ္ Strong ျဖစ္ရမယ္။

တခ်ိဳ႕ကေလးေတြရွိေသးတယ္။ ကၽြန္ေတာ္တုိ႔ကေတာ့ အတြက္အခ်က္ေတာ့ စိတ္ဝင္စားတယ္ အဂၤလိပ္စာနဲ႔ ပတ္သက္တာေတာ့ လံုးဝ ေပါ့ေနာ္။ ဝိဇၨာပိုင္းကို စီးပြားေရးပိုင္းကို လံုးဝစိတ္မဝင္စားဘူး။ အဲလုိဆိုရင္လဲ မျဖစ္ဘူး ေတာ္ေတာ္မ်ားမ်ား ထင္ၾကတာက Engineering မွာဆုိရင္ စီးပြားေရးပတ္သက္တဲ့ Mindset ေတြမလုိဘူးလုိ႔ထင္တယ္။ အဲ့ဒါကမဟုတ္ပါဘူး ဒီေခတ္မွာဆုိရင္ Engineering မွာလဲ စီးပြားေရးနဲ႔ ပတ္သက္တဲ့ Mindset နဲ႔ပတ္သက္တဲ့ ဘာသာရပ္ေလးေတြကုိ သင္ယူရတာမ်ိဳးေတြရွိတယ္။ Physics တို႔ သခ်ၤာတို႔ ထူးခြၽန္႐ံုနဲ႔တင္ မၿပီးဘူး ကေလးေတြက ကုိယ္ဘာကို ဝါသနာပါလဲ ဆုိတာကို အစ္မတုိ႔က တစ္ဦးခ်င္း လမ္းၫႊန္အႀကံျပဳ ေပးပါတယ္။ တစ္ဦးခ်င္းကို ေသခ်ာေဆြးေႏြးေပးတယ္ သူဘာကုိစိတ္ဝင္စားလဲေပါ့။ တခ်ိဳ႕က် သူတုိ႔က စီးပြားေရးပိုင္းကိုလဲ လံုးဝ စိတ္မဝင္စားဘူး။ Physics သခ်ၤာပိုင္းကို သူတို႔အေနနဲ႔ အားနည္းတယ္ စသျဖင့္ဆိုရင္ သူတုိ႔အေနနဲ႔ စဥ္းစားလုိ႔ ရတာက
လူေတြနဲ႔ စကားေျပာရတာ Customer ေတြနဲ႔ Serving လုပ္ရတာ စိတ္ဝင္စားလား သူတုိ႔အတြက္က Hotel and Tourism လုိင္းေလးရွိမယ္ သူတုိ႔စိတ္ဝင္စားတဲ့ လမ္းေပၚမူတည္ၿပီး ေရြးခ်ယ္လုိ႔ ရပါတယ္။ အဲ့လုိမွမဟုတ္ဘူး သုေတသနလုပ္ရတာ စိတ္ဝင္စားတယ္။ ဆရာဝန္အေနနဲ႔ ေဆးကုသမႈမလုပ္ခ်င္ဘူး ေဆးဘက္ပုိင္းကုိ စိတ္ဝင္စားတယ္ဆုိရင္ အရမ္းကို ဖြံ႕ၿဖိဳးလာတဲ့ Biotechnology တို႔ Biomedical Science ေတြ တက္လုိ႔ရတယ္။ ဆယ္တန္းေအာင္ၿပီးတဲ့ အခ်ိန္မွာ ဒီလုိမ်ိဳးဘာသာရပ္ေတြကုိ ေရြးခ်ယ္သင့္တယ္ဆုိေလးက ကိုယ့္ရဲ႕ ဒီလုိအေျခခံသိခဲ့တာေလးရယ္ ကုိယ့္ရဲ႕ အနာဂတ္မွာ ဘာလုပ္ခ်င္တယ္ဆုိတာေလးရယ္ မူတည္ၿပီး ကုိယ့္ရဲ႕အားသာခ်က္ အားသန္တဲ့ လမ္းေၾကာင္းေလးနဲ႔ တြဲၿပီးေတာ့ စဥ္းစားလုိ႔ရပါတယ္။ တခ်ိဳ႕ေက်ာင္းသားေလးေတြက ရွိတယ္။ ျပည္တြင္းမွာကုိပဲ အရင္ဆံုးေက်ာင္းတက္မယ္။ ေက်ာင္းတက္ၿပီးေတာ့မွ လြန္က်မွ ႏုိင္ငံျခားသြားမယ္ အဲ့အခ်ိန္က်လုိ႔ရွိတယ္။ ေရြးခ်ယ္မႈမမွားဖုိ႔ အရမ္းလုိအပ္တယ္။ ျပည္တြင္းမွာကိုပဲ ပုဂၢလိက ပညာေရးရွိတယ္၊ အစိုးရပညာေရးရွိတယ္ ကုိယ္ကဘယ္လမ္း ေၾကာင္းကို ေရြးခ်ယ္မလဲေပၚ မူတည္တယ္။ အစိုးရပညာေရးမွာဆုိရင္လည္း အစိုးရက တကၠသိုလ္ေတြ အမ်ားႀကီး ရွိတာျဖစ္တဲ့ အတြက္ေၾကာင့္ ကိုယ္ယူမယ့္လမ္းေၾကာင္းက ကေလးေတြ အတြက္အသံုး၀င္မလား။ ဥပမာ အစ္မတုိ႔ E Major ဆိုတဲ့ ဘာသာရပ္ရယ္ BBM ဘာသာရပ္ရယ္ ဥပမာအေနနဲ႔ေျပာျပတာပါ၊ စီးပြားေရးဘာသာရပ္ကုိစိတ္၀င္စားတယ္ဆုိရင္ေတာ့ ႏိုင္ငံျခားမွာလဲ ဘြဲ႕လြန္ Business နဲ႔ပတ္သက္ၿပီး တက္ခ်င္တယ္ဆုိရင္ေတာ့ BBM ကုိပုိၿပီးေတာ့ အႀကံေပးတာေပါ့ ဘာေၾကာင့္လဲ ကေလးေတြအေနနဲ႔
ေက်ာင္းၿပီးၿပီ ဆုိရင္ oversea မွာ စတက္တဲ့အခါ ဒီမွာၿပီးထားတဲ့ BBM က အမ်ားႀကီး အသိအမွတ္ျပဳျခင္းခံရတယ္။ E Major ၿပီးထား
တဲ့ကေလးနဲ႔ BBM ၿပီးထားတဲ့ကေလး ဘြဲ႕လြန္ေလွ်ာက္တဲ့အခ်ိန္မွာ ကြာဟခ်က္ေတြ ရွိပါတယ္။ ထုိနည္လည္းေကာင္းပဲ အေ​ဝးသင္ တက္မယ္၊ အေဝးသင္မွာလဲ E-Major တက္ထားတဲ့ကေလးနဲ႔ Geography, History တုိ႔တက္ထား တဲ့ကေလးတစ္ေယာက္နဲ႔ အရမ္းကုိကြာဟပါတယ္။ Geography, History တုိ႔တက္ထားတဲ့ ကေလးဆုိရင္ ဘြဲ႕လြန္တက္မယ္ဆုိရင္ အရမ္းကိုခက္ခဲတယ္။ ကိုယ့္အေနနဲ႔ ေရြးခ်ယ္တဲ့လမ္းေၾကာင္းက အရမ္းကို အေရးႀကီးပါတယ္။ ဆယ္တန္းေအာင္ျမင္ၿပီးတဲ့ ကေလးေတြဟာဆိုရင္ အရမ္း ႏုနယ္ပါတယ္။ ေရြးခ်ယ္စရာလမ္းေတြက အမ်ားႀကီးရွိတယ္။ တကၠသိုလ္ ေရြးခ်ယ္တဲ့ အပိုင္းမွာလည္း Certificate ေပးတဲ့ေနရာတစ္ခု အေနနဲ႔ မေရြးခ်ယ္ေစခ်င္ပါဘူး။ အစိုးရတကၠသိုလ္ျဖစ္ေစ၊ ပုဂၢလိကတကၠသိုလ္ ျဖစ္ေစ ကုိယ္တက္မယ့္ေက်ာင္းရဲ႕ ေက်ာင္းသား ေဟာင္းေတြရဲ႕ Record ကုိၾကည့္ေစခ်င္တယ္။ ေသခ်ာေလးေလ့လာေစခ်င္တယ္။ အဲ့ဒါမွ မွန္ကန္တဲ့လမ္းေၾကာင္းကို ေရြးခ်ယ္ ႏိုင္ေစမွာပါ။

[ Unicode ]

ဒေါ်လွင်လွင်အောင်
Regent Consultancy Co.,Ltd

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးပြီဆိုရင် ပြည်တွင်းမှာ ဖြစ်စေ၊ ပြည်ပမှာဖြစ်စေ ကိုယ်လိုချင်တဲ့ ဘာသာရပ်အတွက်ကိုမှ တက္ကသိုလ်ကို ရွေးချယ်ပြီး ဆက်လက်တက်ရောက်ရမှာပါ။ အဲ့ဒါကြောင့် မှန်ကန်စွာ ရွေးချယ်ဖို့က အရမ်းအရေးကြီးတယ်။

ကိုယ်ကဘယ်ဘာသာကို စိတ်ဝင်စားလဲ။ အသက်အရွယ်အနေနဲ့ကြည့်မယ်ဆိုရင် ကလေးဟာ ၁၅ နှစ် ၁၆ နှစ်ပဲရှိသေးတာဖြစ်တဲ့ အတွက်ကြောင့် ကိုယ်ကဘယ် ဘာသာကို စိတ်ဝင်စားလဲဆိုတာ သိတဲ့ကလေးတွေ ရှိသလို မသေချာတဲ့ ကလေးတွေရှိတယ်။ အဓိကကတော့ ဘာကိုရွေးချယ်လဲ ဆိုတဲ့အပြင်ကို ဘာကိုစိတ်ပါလဲ။ Future က ဘာလုပ်ချင်လဲ ဒါလေးကိုပါ သိရတယ်ဆိုရင်
အကြံပေးရတာပိုပြီး အဆင်ပြေတယ်။ ဥပမာပေါ့ တချို့က သားသမီးလေးတွေကရှိတယ်၊ သူက 0versea မှာ ကျောင်းတက်မယ်၊ ကျောင်းတက်ပြီးရင် ကိုယ့်ဘာသာကိုယ် စွန့်ဦးတီထွင်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို လုပ်ချင်တယ်၊ အဲ့လိုမျိုးပေါ့ တချို့ကျတော့ရှိတယ် သုတေသနပိုင်းမှာ စိတ်ဝင်စားတယ်။ တချို့ကျတော့လဲ Engineering ပိုင်းမှာ စိတ်ဝင်စားတယ် အဲ့ဒါမျိုးလေးတွေရှိတယ်။ ဆယ်တန်းမှာ သင်ခဲ့တဲ့ ဘာသာရပ်ထဲကဆိုရင် Bio, Chemistry, Physics တို့ ဒါလေးတွေကို ပြန်သုံးသပ်ကြည့်လို့ရတယ်။ တချို့ကျောင်း သားတွေဟာဆိုရင် Physics ကိုအရမ်းဝါသနာပါတာကို တွေ့ရတယ်။ တချို့ကျ Chemistry ကိုအရမ်းဝါသနာပါတာကို တွေ့ရတယ်။ တချို့ကျ Bio ကိုအရမ်းဝါသနာပါတာကို တွေ့ရတယ်။

တချို့ကလေးတွေကျတော့ ဆေးဘက်မှာ အရမ်းစိတ်ဝင်စားတာကို တွေ့ရတယ်။ ဒါပေမဲ့ ဆရာဝန်တော့ မလုပ်ချင်ဘူး စသဖြင့်ပေါ့နော် တွေ့ရတယ်။ ဘာသာရပ် ရွေးချယ်မယ်ဆိုတဲ့အချိန်မှာ ကိုယ်ကလက်ရှိရထားတဲ့ အထဲမှာ ဘာတွေကို ကိုယ်ကရွေးချယ်သင့်လဲ ဆိုတာကို ကိုယ့်ရဲ့ ရည်မှန်းချက်ကို ကိုယ်ပြန်ပြီးတော့ တိုင်းတာဖို့ လိုအပ်တယ် မြန်မာနိုင်ငံမှာဆိုလို့ရှိရင် အရှေ့တောင် အာရှနိုင်ငံမှာဆိုရင် အဓိက အသွားအများဆုံးကတော့ စီးပွားရေးဘာသာရပ်၊ ဘာကြောင့်လဲဆိုတော့ လူတိုင်းက စီးပွားရေး ဘာသာရပ်မှာဆိုရင် ကိုယ့်ရဲ့ မိဘစီးပွားရေး လုပ်ငန်းမှာဖြစ်စေ၊ ကိုယ်ပိုင်စီးပွားရေး ဖြစ်စေလုပ်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူက ၈၀ ရာခိုင်နှုန်းလောက် ရှိကြတယ်။ ဒါကိုမှ ၂၀ ရာခိုင်နှုန်းထဲမှာဆိုရင် Engineering ကို စိတ်ဝင်စားတဲ့ ကလေးတွေရှိတယ်။ Engineering ရွေးချယ်မယ်ဆိုတဲ့ ကလေးတွေ အရင်သိသင့်တာ ဘာလဲဆိုတော့ Chemistry က အရေးမပါလောက်ဘူး ဆိုပေမယ့် ခုနလို Physic တို့ သချင်္ာတို့က အရမ်း Strong ဖြစ်ရမယ်။ Civil Engineering စိတ်ဝင်စားတာဖြစ်စေ Mechanical Engineering စိတ်ဝင်စားတာဖြစ်စေ Electrical ဖြစ်စေ Engineering စိတ်ဝင်စားပြီဆိုကတည်းက သချင်္ာပိုင်းကို တော်တော် Strong ဖြစ်ရမယ်။

တချို့ကလေးတွေရှိသေးတယ်။ ကျွန်တော်တို့ကတော့ အတွက်အချက်တော့ စိတ်ဝင်စားတယ် အင်္ဂလိပ်စာနဲ့ ပတ်သက်တာတော့ လုံးဝ ပေါ့နော်။ ဝိဇ္ဇာပိုင်းကို စီးပွားရေးပိုင်းကို လုံးဝစိတ်မဝင်စားဘူး။ အဲလိုဆိုရင်လဲ မဖြစ်ဘူး တော်တော်များများ ထင်ကြတာက Engineering မှာဆိုရင် စီးပွားရေးပတ်သက်တဲ့ Mindset တွေမလိုဘူးလို့ထင်တယ်။ အဲ့ဒါကမဟုတ်ပါဘူး ဒီခေတ်မှာဆိုရင် Engineering မှာလဲ စီးပွားရေးနဲ့ ပတ်သက်တဲ့ Mindset နဲ့ပတ်သက်တဲ့ ဘာသာရပ်လေးတွေကို သင်ယူရတာမျိုးတွေရှိတယ်။ Physics တို့ သချင်္ာတို့ ထူးချွန်ရုံနဲ့တင် မပြီးဘူး ကလေးတွေက ကိုယ်ဘာကို ဝါသနာပါလဲ ဆိုတာကို အစ်မတို့က တစ်ဦးချင်း လမ်းညွှန်အကြံပြု ပေးပါတယ်။ တစ်ဦးချင်းကို သေချာဆွေးနွေးပေးတယ် သူဘာကိုစိတ်ဝင်စားလဲပေါ့။ တချို့ကျ သူတို့က စီးပွားရေးပိုင်းကိုလဲ လုံးဝ စိတ်မဝင်စားဘူး။ Physics သချင်္ာပိုင်းကို သူတို့အနေနဲ့ အားနည်းတယ် စသဖြင့်ဆိုရင် သူတို့အနေနဲ့ စဉ်းစားလို့ ရတာက
လူတွေနဲ့ စကားပြောရတာ Customer တွေနဲ့ Serving လုပ်ရတာ စိတ်ဝင်စားလား သူတို့အတွက်က Hotel and Tourism လိုင်းလေးရှိမယ် သူတို့စိတ်ဝင်စားတဲ့ လမ်းပေါ်မူတည်ပြီး ရွေးချယ်လို့ ရပါတယ်။ အဲ့လိုမှမဟုတ်ဘူး သုတေသနလုပ်ရတာ စိတ်ဝင်စားတယ်။ ဆရာဝန်အနေနဲ့ ဆေးကုသမှုမလုပ်ချင်ဘူး ဆေးဘက်ပိုင်းကို စိတ်ဝင်စားတယ်ဆိုရင် အရမ်းကို ဖွံ့ဖြိုးလာတဲ့ Biotechnology တို့ Biomedical Science တွေ တက်လို့ရတယ်။ ဆယ်တန်းအောင်ပြီးတဲ့ အချိန်မှာ ဒီလိုမျိုးဘာသာရပ်တွေကို ရွေးချယ်သင့်တယ်ဆိုလေးက ကိုယ့်ရဲ့ ဒီလိုအခြေခံသိခဲ့တာလေးရယ် ကိုယ့်ရဲ့ အနာဂတ်မှာ ဘာလုပ်ချင်တယ်ဆိုတာလေးရယ် မူတည်ပြီး ကိုယ့်ရဲ့အားသာချက် အားသန်တဲ့ လမ်းကြောင်းလေးနဲ့ တွဲပြီးတော့ စဉ်းစားလို့ရပါတယ်။ တချို့ကျောင်းသားလေးတွေက ရှိတယ်။ ပြည်တွင်းမှာကိုပဲ အရင်ဆုံးကျောင်းတက်မယ်။ ကျောင်းတက်ပြီးတော့မှ လွန်ကျမှ နိုင်ငံခြားသွားမယ် အဲ့အချိန်ကျလို့ရှိတယ်။ ရွေးချယ်မှုမမှားဖို့ အရမ်းလိုအပ်တယ်။ ပြည်တွင်းမှာကိုပဲ ပုဂ္ဂလိက ပညာရေးရှိတယ်၊ အစိုးရပညာရေးရှိတယ် ကိုယ်ကဘယ်လမ်း ကြောင်းကို ရွေးချယ်မလဲပေါ် မူတည်တယ်။ အစိုးရပညာရေးမှာဆိုရင်လည်း အစိုးရက တက္ကသိုလ်တွေ အများကြီး ရှိတာဖြစ်တဲ့ အတွက်ကြောင့် ကိုယ်ယူမယ့်လမ်းကြောင်းက ကလေးတွေ အတွက်အသုံးဝင်မလား။ ဥပမာ အစ်မတို့ E Major ဆိုတဲ့ ဘာသာရပ်ရယ် BBM ဘာသာရပ်ရယ် ဥပမာအနေနဲ့ပြောပြတာပါ၊ စီးပွားရေးဘာသာရပ်ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ နိုင်ငံခြားမှာလဲ ဘွဲ့လွန် Business နဲ့ပတ်သက်ပြီး တက်ချင်တယ်ဆိုရင်တော့ BBM ကိုပိုပြီးတော့ အကြံပေးတာပေါ့ ဘာကြောင့်လဲ ကလေးတွေအနေနဲ့
ကျောင်းပြီးပြီ ဆိုရင် oversea မှာ စတက်တဲ့အခါ ဒီမှာပြီးထားတဲ့ BBM က အများကြီး အသိအမှတ်ပြုခြင်းခံရတယ်။ E Major ပြီးထား
တဲ့ကလေးနဲ့ BBM ပြီးထားတဲ့ကလေး ဘွဲ့လွန်လျှောက်တဲ့အချိန်မှာ ကွာဟချက်တွေ ရှိပါတယ်။ ထိုနည်လည်းကောင်းပဲ အေ​ဝးသင် တက်မယ်၊ အဝေးသင်မှာလဲ E-Major တက်ထားတဲ့ကလေးနဲ့ Geography, History တို့တက်ထား တဲ့ကလေးတစ်ယောက်နဲ့ အရမ်းကိုကွာဟပါတယ်။ Geography, History တို့တက်ထားတဲ့ ကလေးဆိုရင် ဘွဲ့လွန်တက်မယ်ဆိုရင် အရမ်းကိုခက်ခဲတယ်။ ကိုယ့်အနေနဲ့ ရွေးချယ်တဲ့လမ်းကြောင်းက အရမ်းကို အရေးကြီးပါတယ်။ ဆယ်တန်းအောင်မြင်ပြီးတဲ့ ကလေးတွေဟာဆိုရင် အရမ်း နုနယ်ပါတယ်။ ရွေးချယ်စရာလမ်းတွေက အများကြီးရှိတယ်။ တက္ကသိုလ် ရွေးချယ်တဲ့ အပိုင်းမှာလည်း Certificate ပေးတဲ့နေရာတစ်ခု အနေနဲ့ မရွေးချယ်စေချင်ပါဘူး။ အစိုးရတက္ကသိုလ်ဖြစ်စေ၊ ပုဂ္ဂလိကတက္ကသိုလ် ဖြစ်စေ ကိုယ်တက်မယ့်ကျောင်းရဲ့ ကျောင်းသား ဟောင်းတွေရဲ့ Record ကိုကြည့်စေချင်တယ်။ သေချာလေးလေ့လာစေချင်တယ်။ အဲ့ဒါမှ မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ် နိုင်စေမှာပါ။