[ Zawgyi ]
ဒေါ်အိအိကျော်
ပညာရေးအတိုင်ပင်ခံ
OHIO University
Lakehead University
Bodwell High School
-သန္တာ
[ Unicode ]
တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီးသူများ ပြည်ပတွင်ပညာ သင်ခြင်းအတွက် လိုအပ်သော အချက်အလက်များနှင့် အကြံပြုချက်များ
တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီးသူတွေအနေနဲ့ ပြည်ပမှာဆက်လက် ပညာသင်လိုတဲ့အခါ လိုအပ်တဲ့ အချက်လက်တွေနဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒေါ်အိအိကျော်
ပညာရေးအတိုင်ပင်ခံ
Jenko Mindwork Education
မလေးရှားကတော့သူတို့ရဲ့ ဆယ်တန်းပျှမ်းမျှ တစ်ဘာသာမှာ ၆၀ စီရှိထားရင် တက္ကသိုလ် foundation ကိုစတက်လို့ ရတယ်။ မြန်မာနိုင်ငံမှာ ဆေးကျောင်း အမှတ်မမီတဲ့ ကလေးတွေအနေနဲ့ တစ်ဘာသာကို ပျှမ်းမျှအမှတ် ၆၀ ရှိရုံနဲ့ မလေးရှားနိုင်ငံမှာ ဆေးကျောင်းရဲ့ Foundation ကို တက်ရောက်နိုင်ပါတယ်။ မလေးရှားပညာရေးလမ်းကြောင်းကျတော့ တက္ကသိုလ်တက်မယ်ဆို ဖောင်ဒေးရှင်းတစ်နှစ်ခံပြီးမှ တက္ကသိုလ် Level ကိုသွားရတယ်။ အင်္ဂလိပ်စာလိုပါမယ်။ IELTS က ကျတော့ Foundationဆို 5.5 ရှိထားရပါမယ်။ Degree ဆိုရင် 6 ရှိထားရပါတယ်။
US အနေနဲ့ကတော့ ကလေးတွေအတွက် ပိုမိုလွယ်ကူသွားသလိုပါပဲ။ ဆယ်တန်းအောင်ပြီးတဲ့ ကလေးတွေကို Year 1 ပေးတက်တယ်။ Foundation တောင်ခံစရာမလိုဘူး။ ရရမယ့်အ မှတ်ကတော့ တစ်ဘာသာကို ရ၀ လောက်စီရှိရမယ်။ TOEFL တို့ IELTS တို့လဲရှိရမယ်။ အမေရိကကျောင်းတွေကျတော့ Business ဆိုရင် IELTS ကို ပိုပြီးတော့ တောင်းတယ်။ Bus-iness ကကျတော့ အရေးအသားပိုင်းမှာ အင်္ဂလိပ်လို သွားရတာတွေက ပိုခက်တယ်၊ တစ်ခြားလိုင်းတွေထက် စာရင်ပေါ့။ တစ်ခြားဘာသာတွေဆို 6 လောက်ဆိုရတယ်။ IELTS 6.5 လောက် ရှိထားရပါမယ်။
IELTS လိုအပ်ချက်မှာ မလေးရှားနဲ့အမေရိကနဲ့ ဘာကွာသွားလဲဆိုရင် မလေးရှားကပိုပြီးတော့ Overall ကိုပဲကြည့်တယ်။ US ကတော့ Each Component လေးတွေကအစ ကြည့်တယ်။ 6.5 ဆိုလဲ Writing, Reading, Speaking, Listening ကအစ ကြည့်ပါတယ်။ ဆယ်တန်းပြီးရင် SAT လိုလားလို့ တချို့တွေက မေးကြပါတယ်။ အမေရိကန် ပညာရေးလမ်းကြောင်းမှာ SAT တွေ ဘာတွေလိုလားဆိုတော့ Convestory ရှိထားရမယ်လို့ မဆိုလိုဘူး။ ဆယ်တန်းအမှတ်နဲ့ သူတို့ year 1 ကိုသွားတက်လို့ရတယ်။ SAT တို့ ACT တို့ ရှိထားရင်တော့ ပညာသင်ဆုအတွက် အခွင့်အရေး ပိုများပါတယ်။ SAT အမှတ် ဆယ်တန်းအမှတ်တွေ ကောင်းမယ်ဆိုရင် ပညာသင်ဆု ၅၀ ရာခိုင်နှုန်းထိ ရရှိနိုင်ပါတယ်။ အဲလိုပေးနိုင်တဲ့ တက္ကသိုလ်ကြီးတွေ လဲရှိပါတယ်။ အမေရိကမှာ တစ်ခုကောင်းတာကျတော့ ကလေးတွေက စာသင်ရင်းနဲ့ တရားဝင် အလုပ်လုပ်ခွင့်ရှိပါတယ်။
ကနေဒါပညာရေးကကျတော့ ၁၂ တန်း ပညာရေးရှိထားမှာ သူတို့ရဲ့ Degree Year 1 ကို၀င်လို့ရတယ်။ ကနေဒါနိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းပညာရေးဟာ ၁၂ တန်းပဲ၊ ဒါပေမဲ့ ဆယ်တန်းက တန်းဝင်လို့ရတဲ့ တချို့တက္ကသိုလ်လေးတွေလဲရှိတယ်။ ၁၀ ရာခိုင်နှုန်းကတော့ ဆယ်တန်းကနေ ၀င်လို့ရတယ်။ စောစောက US လိုမျိုးပေါ့ ဆယ်တန်းပြီးရင်တန်းဝင် လက်ခံပေးတယ်။ A Level ပြီးထားတဲ့ ကလေးတွေဆိုရင် တက္ကသိုလ် တန်းတက်လို့ ရပါတယ်။ ကနေဒါက ကောင်းတဲ့အချက်တစ်ခုကတော့ သူက Mygration နဲ့ ဆက်နွှယ်နေတယ်။ ကလေးတွေက သက်ဆိုင်ရာမေဂျာကို တက်ပြီးလို့ ဘွဲ့ရသွားရင် အစိုးရက အော်တိုဗီဇာ သုံးနှစ်ထပ်ပေးတယ်။ Student Visa လို့လဲ မခေါ်ဘူး နေခွင့်ဗီဇာ သုံးနှစ်ထပ်ပေးတယ်။ အဲ့သုံးနှစ် အတွင်းမှာ ကလေးတွေဟာသူတို့ ကနေဒီယန်တွေနဲ့ တန်းတူအလုပ်ကို ရွေးချယ်ခွင့်ရှိတယ်။ အလုပ်ပိုင်းဆိုင်ရာကျတော့ မလေးရှားတို့၊ စင်ကာပူတို့က ခက်သွားမယ်။ ယူအက်စ်နဲ့ ကနေဒါမှာက undergraduate ဆို လေးနှစ်တက်ရတယ်။ Post Graduate, Master တွေဆို ဘယ်ဘာသာမဆို နှစ်နှစ်တက်ရတယ်။ မလေးရှားနဲ့ ယူအက်စ်၊ ကနေဒါဘက်မှာ ကျတော့ မလေးရှားနိုင်ငံမှာ Private Universtiy တွေက ဝင်ခွင့်လွယ်တယ်။ Private Universtiy ကြီးတွေမှာ Program တွေလဲ အစုံရှိတယ်။ သူတို့ကနေတစ်ဆင့် သူတို့နဲ့ ချိတ်ဆက်ထားတဲ့ US, UK, Australia, Canada တို့မှာရှိတဲ့ Partner Unviersity တွေ ဆက်တက်မယ့်လမ်းကြောင်း တွေရှိတယ်။ မလေးရှားဘက်ပိုင်းကျတော့ Private က ပိုပြီးအားသာပါတယ်။ ယူအက်စ် ကနေဒါကကျတော့ University ဆိုတာက Public ကိုပြောတာ အစိုးရကျောင်းကြီးတွေပါ။ Private ဆိုရင် Level ကျသွားပြီ။ Private က Institution တို့ ဒီပလိုမာလေးတွေ ပေးတာပါ။ မြန် မာနိုင်ငံမှာ ဆေးကျောင်းအမှတ်မမီတဲ့ ကလေးတွေအနေနဲ့ တစ်ဘာသာကို ပျှမ်းမျှအမှတ် ၆၀ ရှိရုံနဲ့ မလေးရှားနိုင်ငံမှာ ဆေးကျောင်းရဲ့ Foundation ကို တက်ရောက်နိုင်ပါတယ်။
OHIO University
OHIO University ဟာ အမေရိကန်နိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်ပြီး တက္ကသိုလ်သက်တမ်း ၂၁၄ နှစ် ရှိပါတယ်။ အိုဟိုင်းရိုးပြည်နယ်၊ အေသင်မြို့မှာ တည်ရှိတာပါ။ ဘွဲ့ဘာသာရပ်ပေါင်း ၂၅၀ ကျော်နဲ့ မဟာဘွဲ့၊ ပါရဂူဘွဲ့ဘာသာရပ် ပေါင်း ၁၈၀ ကျော်ကို သင်ယူနိုင်မှာဖြစ်ပြီး နိုင်ငံတကာကျောင်း သားတွေအတွက် အထူးပြုအခြေခံ အင်္ဂလိပ်ဘာသာ သင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားလျက် ရှိပါတယ်။ အဆိုပါက္ကသိုလ်မှာ နိုင်ငံပေါင်း ၁၀၈ နိုင်ငံမှ နိုင်ငံတကာ ကျောင်းသားပေါင်း ၁၃၀၀ ကျော် ပညာသင်ကြားလျက်ရှိပြီး ပညာသင်ဆု အစီအစဉ်တွေ ရှိပါတယ်။ တက်ရောက်လိုသူတွေဟာ အနည်းဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ၊ GCE ‘O’ Level အောင်မြင်ပြီးသူတွေ ဖြစ်ရပါမယ်။ ဘွဲ့ရရှိပြီးသူတွေ အနေနဲ့ ဆေးပညာကို ဆက်လက် သင်ယူနိုင်ပါတယ်။
Aviation Insititute of Maintenance (AIM)
Aviation Insititute of Maintenance (AIM) ကို ၁၉၆၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး FAA (Federal Aviation Administration) အမေရိကန်အစိုးရရဲ့ ပြည်ထောင်စု လေကြောင်းဆိုင်ရာအုပ် ချုပ်ရေးအဖွဲ့၊ Accredtitong Commission of Carreer Schools and Colleges (AACCSC ) အမေရိကန်ပညာရေးဌာန အသိအမှတ်ပြု ပုဂ္ဂလိက ပညာရေး အသိအမှတ်ပြုအဖွဲ့ အစည်းတွေက အသိအမှတ်ပြုတဲ့ လေယာဉ်ပြုပြင်ထိန်းသိမ်းမှု သင်တန်းကျောင်း ဖြစ်ပါတယ်။
သင်တန်းကျောင်းပေါင်း ၁၂ ခုရှိပြီး Aviation Maintence Technology Program, Main-tence Technology Technician, Maintence Technology Technician Avionics, Maintence Technology Technical Engineer,Maintence Technology Technician Helicopter, Avionics Technician အစရှိတဲ့ဘာသာရပ်တွေကို သင်ကြားနိုင်ပါတယ်။ လုပ်ငန်းခွင် ဝင်ရောက်နိုင်ရေးဗဟိုပြုတဲ့ သင်တန်းတွေဖြစ်ပါတယ်။ အနည်းဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး TOEFL 475 ရှိသူတွေတွေ တက်ရောက်နိုင်ပါတယ်။
Lakehead University
Lakehead University ဟာ ကနေဒါနိုင်ငံရဲ့ နံပါတ် ၁ Undergraduate Research University တစ်ခုဖြစ်ပြီး 2019 Primarily Undergraduate University Ranking မှာ အဆင့် ၈ မှာရှိတဲ့ တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။ ကနေဒါနိုင်ငံရဲ့ ဒုတိယအကြီးဆုံးပြည်နယ် Ontario မှာ တည်ရှိတာပါ။ တက္ကသိုလ်နယ်မြေ ၃ ခုရှိပြီး ပညာရေးလမ်းကြောင်း ၅၇ ခု ရှိ ပါတယ်။ အင်ဂျင်နီယာ၊ စီးပွားစီမံ၊ ဆေး၊ ကျန်းမာရေးနှီးနွယ်၊ ဥပဒေ၊ ပညာရေးအစရှိတဲ့ ဘာသာရပ်တွေအပြင် လူသားဖြစ်စဉ်ဗေဒ၊ Bioinformatics, Criminology, သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သော ဘာသာရပ်များ၊ သယံဇာတ သဘာဝအရင်းအမြစ် ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်များ၊ ရေအရင်းအမြစ် သိပ္ပံဘာသာရပ်၊ ပထဝီ၊ သချင်္ာ၊ မီဒီယာ၊ Social Work, Visual Arts, Women’s Studies အစရှိတဲ့ လူသားနှင့် ပတ်ဝန်းကျင် အထူးပြု ဘာသာရပ်တွေကို တက်ရောက်သင်ကြား နိုင်ပါတယ်။ သုတေသနအထူးပြု တက္ကသိုလ်တစ်ခုဖြစ်ပြီး Foundation, Pre-University Programs ပြီးထားသူတွေ တက်ရောက်နိုင်ပါတယ်။ ‘A’ Level နဲ့ IB မှာ အမှတ်ကောင်းသူတွေ အနေနဲ့ Year One အတွက် Credit Transfer ရရှိမှာဖြစ်ပြီး ဘွဲ့ရရှိသူတွေ အနေနဲ့ ဆေးပညာရပ်ကိုလည်း ဆက်လက်သင်ယူနိုင်မှာ ဖြစ်ပါတယ်။
Bodwell High School
Bodwell High School ဟာ ကနေဒါနိုင်ငံ British Columbia ပြည်နယ် North Vancouver မှာ တည်ရှိတာဖြစ်ပြီး ကနေဒါနိုင်ငံရဲ့ ထိပ်တန်း ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ဖြစ်ပါတယ်။ Borading School လည်းဖြစ်ပြီး နိုင်ငံပေါင်း ၄၀ ကျော်မှနိုင်ငံတ ကာကျောင်းသားတွေ ပညာသင်ကြားလျက် ရှိပါတယ်။ British Columbia ပညာရေးဌာနရဲ့ ကျောင်းပြီး အသိအမှတ်ပြု High School Diploma ရရှိပြီး နိုင်ငံတကာ တက္ကသိုလ်ကြီးတွေမှာ အဆင့်မြင့် ပညာတွေကို သင်ယူနိုင်ပါတယ်။
မြန်မာနိုင်ငံမှ Grade 8 အောင်မြင်ပြီးသူတွေက စပြီး Grade 12 အောင်မြင်ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။