တကၠသိုလ္ဝင္တန္းေအာင္ျမင္သည့္ Grab ယာဥ္ေမာင္း သားသမီးမ်ားအား ပညာသင္ဆုေပးမည္

[ Zawgyi ]

စာေမးပြဲေအာင္ျမင္တဲ့ Grab မိတ္ဖက္ယာဥ္ေမာင္းေတြရဲ႕ မိသားစုဝင္ေတြကို ဆုေၾကးေငြ ေပးမယ္လို႔ သိရပါတယ္။

၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ကေနစလို႔ ေပးမွာျဖစ္ေၾကာင္း၊ တကၠသိုလ္ဝင္တန္း စာေမးပြဲမွာ ထူးထူးခြ်န္ခြ်န္ေအာင္ျမင္သူေတြကို ေပးမွာျဖစ္ေၾကာင္း သိရပါတယ္။ ရရွိခဲ့တဲ့ဂုဏ္ထူးအေရအတြက္အလိုက္ တစ္ဦးကို ၅၀၀၀၀ က်ပ္ကေန ၁၀၀၀၀၀ က်ပ္အထိ ဆုေပါင္း ၅၀ ကို ႏွစ္စဥ္ေပးမွာျဖစ္ေၾကာင္း၊ Grab မွ ထူးခြ်န္ဆုေၾကးေပးဖို႔အတြက္ အနည္းဆံုးဂုဏ္ထူး (၃) ဘာသာရရွိထားသူေတြကေန စတင္စိစစ္ေရြးခ်ယ္မွာျဖစ္ေၾကာင္း သိရပါတယ္။

Grab မွာေမာင္းႏွင္ေနတဲ့ ယာဥ္ေမာင္းေတြအေနနဲ႔ ထူးထူးခြ်န္ခြ်န္ေအာင္ျမင္ခဲ့တဲ့သားသမီးေတြရွိရင္ ဇူလိုင္ ၂ ရက္ကေနစၿပီး Grab ျမန္မာရံုးမွာ ဆုေၾကးလာေရာက္ေလွ်ာက္ထားႏိုင္ၿပီျဖစ္ေၾကာင္း သိရ ပါတယ္။ အဲဒီအစီအစဥ္ဟာ Grab ယာဥ္ေမာင္းေတြအတြက္ ေဆာင္ရြက္တဲ့ Better 365 အစီအစဥ္မွာ အက်ံဳးဝင္တာျဖစ္ပါတယ္။ ပလက္တီနမ္ အဆင့္ယာဥ္ေမာင္းေတြအတြက္ အထူးအစီအစဥ္၊ မိတ္ဖက္ယာဥ္ေမာင္းေတြအတြက္ GrabBenefits အစီအစဥ္နဲ႔ စြမ္းေဆာင္ရည္ျမင့္ ယာဥ္ေမာင္းေတြအတြက္ အပတ္စဥ္အပိုဆုအစီအစဥ္ စတဲ့ အပိုင္းသံုးပိုင္းနဲ႔ အက်ိဳးခံစားခြင့္ကို တစ္ႏွစ္တာအတြင္း ၃၆၅ ရက္လံုးရယူခံစားႏိုင္မယ္လို႔ Grab ရဲ႕ Training Manager ဦးမ်ိဳးသိန္းကေျပာပါတယ္။

-ထြန္းထြန္း

[ Unicodr]

စာမေးပွဲအောင်မြင်တဲ့ Grab မိတ်ဖက်ယာဉ်မောင်းတွေရဲ့ မိသားစုဝင်တွေကို ဆုကြေးငွေ ပေးမယ်လို့ သိရပါတယ်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကနေစလို့ ပေးမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ထူးထူးချွန်ချွန်အောင်မြင်သူတွေကို ပေးမှာဖြစ်ကြောင်း သိရပါတယ်။ ရရှိခဲ့တဲ့ဂုဏ်ထူးအရေအတွက်အလိုက် တစ်ဦးကို ၅၀၀၀၀ ကျပ်ကနေ ၁၀၀၀၀၀ ကျပ်အထိ ဆုပေါင်း ၅၀ ကို နှစ်စဉ်ပေးမှာဖြစ်ကြောင်း၊ Grab မှ ထူးချွန်ဆုကြေးပေးဖို့အတွက် အနည်းဆုံးဂုဏ်ထူး (၃) ဘာသာရရှိထားသူတွေကနေ စတင်စိစစ်ရွေးချယ်မှာဖြစ်ကြောင်း သိရပါတယ်။

Grab မှာမောင်းနှင်နေတဲ့ ယာဉ်မောင်းတွေအနေနဲ့ ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့သားသမီးတွေရှိရင် ဇူလိုင် ၂ ရက်ကနေစပြီး Grab မြန်မာရုံးမှာ ဆုကြေးလာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရ ပါတယ်။ အဲဒီအစီအစဉ်ဟာ Grab ယာဉ်မောင်းတွေအတွက် ဆောင်ရွက်တဲ့ Better 365 အစီအစဉ်မှာ အကျုံးဝင်တာဖြစ်ပါတယ်။ ပလက်တီနမ် အဆင့်ယာဉ်မောင်းတွေအတွက် အထူးအစီအစဉ်၊ မိတ်ဖက်ယာဉ်မောင်းတွေအတွက် GrabBenefits အစီအစဉ်နဲ့ စွမ်းဆောင်ရည်မြင့် ယာဉ်မောင်းတွေအတွက် အပတ်စဉ်အပိုဆုအစီအစဉ် စတဲ့ အပိုင်းသုံးပိုင်းနဲ့ အကျိုးခံစားခွင့်ကို တစ်နှစ်တာအတွင်း ၃၆၅ ရက်လုံးရယူခံစားနိုင်မယ်လို့ Grab ရဲ့ Training Manager ဦးမျိုးသိန်းကပြောပါတယ်။

-ထွန်းထွန်း