တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာနှင့် စာမေးပွဲဝင်ကြေးအတွက် ငွေသွင်းတံဆိပ်ခေါင်းများကို စက်တင်ဘာလတွင် စတင်ရောင်းချမည်

[ Zawgyi ]


တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် ငွေကျပ် ၂၀၀ နှင့် စာမေးပွဲဝင်ကြေးအတွက် ငွေကျပ် ၇၀၀ တန် ပညာရေးဝန်ကြီးဌာနတံဆိပ်ခေါင်းတွေကို ၀ယ်ယူရမှာ ဖြစ်ပါတယ်။ စာမေးပွဲဝင်ခွင့် လျှောက်လွှာကတ်ပြားတွေကို အရောင်ခွဲခြားထားပြီး ဘာသာတွဲအမှတ်စဉ် ၁၊ ၅၊ ၆၊ ၇၊ ၈ တို့နဲ့ ဖြေဆိုမယ့်သူတွေဟာ အစိမ်းရောင် ၀င်ခွင့်လျှောက်လွှာနဲ့ ကတ်ပြားပုံစံကိုလည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် ၂၊ ၃၊ ၄၊ တို့နဲ့ ဖြေဆိုရမယ့်သူတွေ အတွက် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနဲ့ ကတ်ပြားပုံစံဖြင့်လည်းကောင်း တင်သွင်းရမှာဖြစ်ပါတယ်။

ပြင်ပမှဖြေဆိုမယ့်သူတွေ အနေနဲ့ လျှောက်လွှာတွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေမှာ စာမေးပွဲ ၀င်ကြေးအတွက် ငွေကျပ် ၇၀၀ တန် ငွေသွင်းတံဆိပ်ခေါင်းတွေကို ၀ယ်ယူပြီး ၀င်ခွင့်လျှောက်လွှာရဲ့ လက်ဝဲဘက် ထိပ်ပိုင်းမှာကပ်ကာ စက်တင်ဘာ ၂ ရက်မှ ၃၀ ရက်အတွင်း မိမိအမှန်တကယ် နေထိုင်တဲ့ မြို့နယ်ပညာရေးမှူးရုံးမှာ ပြန်လည်တင်းသွင်းရမှာဖြစ်ပါတယ်။


-သန္တာ

[ Unicode ]

၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာနဲ့ စာမေးပွဲဝင်ကြေးအတွက် ငွေသွင်း တံဆိပ်ခေါင်းတွေကို စက်တင်ဘာ ၂ ရက်မှ စတင်ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် ငွေကျပ် ၂၀၀ နှင့် စာမေးပွဲဝင်ကြေးအတွက် ငွေကျပ် ရ၀၀ တန် ပညာရေးဝန်ကြီးဌာနတံဆိပ်ခေါင်းတွေကို ၀ယ်ယူရမှာ ဖြစ်ပါတယ်။ စာမေးပွဲဝင်ခွင့် လျှောက်လွှာကတ်ပြားတွေကို အရောင်ခွဲခြားထားပြီး ဘာသာတွဲအမှတ်စဉ် ၁၊ ၅၊ ၆၊ ရ၊ ၈ တို့နဲ့ ဖြေဆိုမယ့်သူတွေဟာ အစိမ်းရောင် ၀င်ခွင့်လျှောက်လွှာနဲ့ ကတ်ပြားပုံစံကိုလည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် ၂၊ ၃၊ ၄၊ တို့နဲ့ ဖြေဆိုရမယ့်သူတွေ အတွက် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနဲ့ ကတ်ပြားပုံစံဖြင့်လည်းကောင်း တင်သွင်းရမှာဖြစ်ပါတယ်။

ပြင်ပမှဖြေဆိုမယ့်သူတွေ အနေနဲ့ လျှောက်လွှာတွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေမှာ စာမေးပွဲ ၀င်ကြေးအတွက် ငွေကျပ် ရ၀၀ တန် ငွေသွင်းတံဆိပ်ခေါင်းတွေကို ၀ယ်ယူပြီး ၀င်ခွင့်လျှောက်လွှာရဲ့ လက်ဝဲဘက် ထိပ်ပိုင်းမှာကပ်ကာ စက်တင်ဘာ ၂ ရက်မှ ၃၀ ရက်အတွင်း မိမိအမှန်တကယ် နေထိုင်တဲ့ မြို့နယ်ပညာရေးမှူးရုံးမှာ ပြန်လည်တင်းသွင်းရမှာဖြစ်ပါတယ်။

လျှောက်လွှာပုံစံနဲ့ ငွေသွင်းတံဆိပ်ခေါင်းတွေကို နေပြည်တော်၊ ရုံးအမှတ် (၅၂) မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ အမှတ် ၁၂ ရပ်ကွက်၊ ပါရမီလမ်း၊ အခြေခံပညာကျောင်းသုံးစာအုပ် သိုလှောင်ရုံအနီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနနှင့် ရန်ကုန်မြို့၊ လသာလမ်း အမှတ် (၁၆၆) မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့မှာ ၀ယ်ယူနိုင်ပါတယ်။