တကၠသိုလ္ဝင္ခြင့့္ ေလွ်ာက္ထားရမည့္ ပံုစံစာအိတ္ကို ဇြန္လ ၂၅ ရက္တြင္ ထုတ္ယူႏုိင္မည္

[ Unicode ]

၂၀၁၈ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္သူေတြ အေနနဲ႔ တကၠသိုလ္ဝင္ခြင့့္ေလွ်ာက္ထားရမယ့္ ပံုစံ စာအိတ္ကို ဇြန္လ ၂၅ ရက္မွာ ထုတ္ယူႏုိင္မယ္လုိ႔သိရပါတယ္။

တကၠသိုလ္ဝင္ခြင့္ စိစစ္ေ႐ြးခ်ယ္ေရးအဖြဲ႕သို႔ တကၠသိုလ္ဝင္ခြင့္ေလွ်ာက္ထားႏိုင္ရန္အတြက္ မိမိတို႔ စာေမးပြဲ ေျဖဆိုခဲ့တဲ့ စာစစ္ဌာန ႀကီးၾကပ္ေရးမွဴးမ်ား (အေျခခံပညာ အထက္တန္းေက်ာင္းအုပ္ႀကီးမ်ား) ထံမွာ အမွတ္စာရင္း၊ အရည္အခ်င္း မွတ္တမ္းခ်ဳပ္ ရမွတ္အဆင့္၊ တကၠသိုလ္ဝင္ခြင့္ လမ္းၫႊန္စာအုပ္နဲ႔ တကၠသိုလ္ဝင္ခြင့္ ေလွ်ာက္ထားရမယ့္ ပုံစံ စာအိတ္ေတြကို ထုတ္ယူႏုိင္ပါတယ္။

တကၠသိုလ္ဝင္ခြင့္ ေလွ်ာက္လႊာအိတ္ကို ဇြန္လ ၂၆ ရက္မွ ဇူလိုင္ လ ၂၀ ရက္အထိ (သတ္မွတ္ရက္အတြင္း) စေန၊ တနဂၤေႏြ႐ုံးပိတ္ရက္မ်ား အပါအဝင္ (ပိတ္ရက္မရွိ) ျမစ္ႀကီးနားတကၠသိုလ္၊ လြိဳင္ေကာ္တကၠသိုလ္၊ ဘားအံတကၠသိုလ္၊ ဟားခါးတကၠသိုလ္၊ မုံ႐ြာတကၠသိုလ္၊ စစ္ကိုင္းတကၠသိုလ္၊ ထားဝယ္တကၠသိုလ္၊ ေတာင္ငူတကၠသိုလ္၊ ျပည္တကၠသိုလ္၊ ပဲခူးတကၠသိုလ္၊ မေကြးတကၠသိုလ္၊ ပခုကၠဴတကၠသိုလ္၊ မႏၱေလးအေဝးသင္တကၠသိုလ္၊ မိတၳီလာတကၠသိုလ္၊ ေမာ္လၿမိဳင္တကၠသိုလ္၊ စစ္ေတြတကၠသိုလ္၊ ေတာင္ကုတ္ ဒီဂရီေကာလိပ္၊ ရန္ကုန္အေဝးသင္တကၠသိုလ္၊ ေတာင္ႀကီးတကၠသိုလ္၊ လား႐ိႈးတကၠသိုလ္၊ က်ိဳင္းတုံတကၠသိုလ္၊ ပုသိမ္တကၠသိုလ္နဲ႔ ဟသၤာတတကၠသိုလ္ေတြမွာ ေလွ်ာက္လႊာတင္သြင္းႏုိင္ပါတယ္။

သတ္မွတ္ရက္ေက်ာ္လြန္ၿပီး ေလွ်ာက္ထားသူေတြ အေနနဲ႔ အဆင့္ျမင့္ပညာဦးစီးဌာန (ရန္ကုန္႐ုံးခြဲ)၊ သထုံလမ္း၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ကို ေပးပို႔ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

-သႏၲာ

[ Zawgyi ]

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေ အနေနဲ့ တက္ကသိုလ်ဝင်ခွင့့်လျှောက်ထားရမယ့် ပုံစံ စာအိတ်ကို ဇွန်လ ၂၅ ရက်မှာ ထုတ်ယူနိုင်မယ်လို့သိရပါတယ်။

တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့သို့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲ ဖြေဆိုခဲ့တဲ့ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ) ထံမှာ အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမယ့် ပုံစံ စာအိတ်တွေကို ထုတ်ယူနိုင်ပါတယ်။

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ကို ဇွန်လ ၂၆ ရက်မှ ဇူလိုင် လ ၂၀ ရက်အထိ (သတ်မှတ်ရက်အတွင်း) စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ တောင်ကုတ် ဒီဂရီကောလိပ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်နဲ့ ဟင်္သာတတက္ကသိုလ်တွေမှာ လျှောက်လွှာတင်သွင်းနိုင်ပါတယ်။

သတ်မှတ်ရက်ကျော်လွန်ပြီး လျှောက်ထားသူတွေ အနေနဲ့ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ကို ပေးပို့ လျှောက်ထားရမှာဖြစ်ပါတယ်။

-သန္တာ