တကၠသိုလ္ဘြဲ႕ရမ်ား အလုပ္အကိုင္ရရွိမႈ ကိုယ္ရည္ကိုယ္ေသြးနဲ႔သာ သက္ဆိုင္သည္ဟုဆို

[ Zawgyi ]

တကၠသိုလ္ဘြဲ႕ရမ်ား အလုပ္အကိုင္ ရရွိမႈတစ္ဦးခ်င္း အခြင့္အလမ္းဟာ သူတို႔ရရွိတဲ့ ဘြဲ႔၊ ဒီကရီေတြနဲ႔ သက္ဆိုင္မႈမရွိေၾကာင္း၊ သူတို႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႔သာ သက္ဆိုင္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ နဝမ ပုံမွန္အစည္းအေဝး (၁၃) ရက္ေျမာက္ေန႔ အစီအစဥ္မွာ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ထည္႔သြင္းေျပာၾကားခဲ့ပါတယ္။

တကၠသိုလ္မ်ားမွ အင္ဂ်င္နီယာဘြဲ႔ရရွိသူမ်ား၏ အလုပ္အကိုင္အခြင့္အလမ္း စီစဥ္ထားရွိမႈႏွင့္ အျခားနည္းပညာတကၠသိုလ္မ်ားမွ ရရွိေသာဘြဲ႔သည္ မည္သို႔ကြာျခားမႈ ရွိသည္ကို သိလိုျခင္းႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းကို ျပန္လည္ေျဖၾကားခဲ့တာမွာ ထည့္သြင္းေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

“ တကၠသိုလ္ဘြဲ႕ရေတြ အလုပ္အကိုင္ရရွိမွု တစ္ဦးခ်င္းရဲ႕ အခြင့္အလမ္းဟာ ၄င္းတို႔ရရွိတဲ့ ဘြဲ႕ဒီကရီတို႔ႏွင့္ သက္ဆိုင္မွုမရွိပဲ ၄င္းတို႔ရဲ႕ လူေကာင္းျဖစ္ျခင္း၊ အသင္းအဖြဲ႕ စိတ္ဓါတ္ ရွိျခင္း၊ ပင္ကိုယ္ ကိုယ္ရည္ကိုယ္ေသြးရွိျခင္း၊ ဓမၼဒိဌာန္က်ျခင္း၊ ဇြဲလံု႔လ ရွိျခင္း၊ ျပႆနာ ေျဖရွင္းႏိုင္မွု စြမ္းရည္ရွိျခင္း၊ ပါဝင္ႏိုင္မွု တာဝန္ယူေျဖရွင္းႏိုင္မွုရွိျခင္း၊ ဆန္းသစ္တီထြင္ႏိုင္ျခင္းတို႔မွာ မ်ားစြာမူတည္ပါတယ္” လို႔ ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

တစ္ဦးခ်င္းစီရဲ႕ ကိုယ္ပိုင္အရည္အေသြးနဲ႔ အလုပ္အကိုင္ အခြင့္အလမ္း ရရွိမွုအတြက္ အေထာက္အကူျပဳတဲ့ ဘြဲ႕နဲ႔ အထူူးပညာရပ္ ရရွိတဲ့ ဘြဲ႔တို႔မွာ လုပ္ငန္းရွင္မ်ား၊ လုပ္ငန္းခြင္အႀကီးအကဲမ်ား စတဲ့ End User (or) End Customer ေတြရဲ႕ ထည္႔သြင္းစဥ္းစားမယ့္ အခ်က္အလက္မ်ားသာ ျဖစ္ေၾကာင္းကိုလည္း ျဖည္႔စြတ္ေျပာၾကားခဲ့ပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

တက္ကသိုလ်ဘွဲ့ရများ အလုပ်အကိုင် ရရှိမှုတစ်ဦးချင်း အခွင့်အလမ်းဟာ သူတို့ရရှိတဲ့ ဘွဲ့၊ ဒီကရီတွေနဲ့ သက်ဆိုင်မှုမရှိကြောင်း၊ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့သာ သက်ဆိုင်ကြောင်း ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ အစီအစဉ်မှာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

တက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ရရှိသူများ၏ အလုပ်အကိုင်အခွင့်အလမ်း စီစဉ်ထားရှိမှုနှင့် အခြားနည်းပညာတက္ကသိုလ်များမှ ရရှိသောဘွဲ့သည် မည်သို့ကွာခြားမှု ရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာမှာ ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ တက္ကသိုလ်ဘွဲ့ရတွေ အလုပ်အကိုင်ရရှိမှု တစ်ဦးချင်းရဲ့ အခွင့်အလမ်းဟာ ၄င်းတို့ရရှိတဲ့ ဘွဲ့ဒီကရီတို့နှင့် သက်ဆိုင်မှုမရှိပဲ ၄င်းတို့ရဲ့ လူကောင်းဖြစ်ခြင်း၊ အသင်းအဖွဲ့ စိတ်ဓါတ် ရှိခြင်း၊ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးရှိခြင်း၊ ဓမ္မဒိဌာန်ကျခြင်း၊ ဇွဲလုံ့လ ရှိခြင်း၊ ပြဿနာ ဖြေရှင်းနိုင်မှု စွမ်းရည်ရှိခြင်း၊ ပါဝင်နိုင်မှု တာဝန်ယူဖြေရှင်းနိုင်မှုရှိခြင်း၊ ဆန်းသစ်တီထွင်နိုင်ခြင်းတို့မှာ များစွာမူတည်ပါတယ်” လို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အရည်အသွေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုအတွက် အထောက်အကူပြုတဲ့ ဘွဲ့နဲ့ အထူူးပညာရပ် ရရှိတဲ့ ဘွဲ့တို့မှာ လုပ်ငန်းရှင်များ၊ လုပ်ငန်းခွင်အကြီးအကဲများ စတဲ့ End User (or) End Customer တွေရဲ့ ထည့်သွင်းစဉ်းစားမယ့် အချက်အလက်များသာ ဖြစ်ကြောင်းကိုလည်း ဖြည့်စွတ်ပြောကြားခဲ့ပါတယ်။