တကၠသိုလ္ပဋိညာဥ္စာတမ္းအတုိင္း တကၠသိုလ္ေကာင္စီဖြဲ႕စည္းကာ ဝင္ခြင့္ေခၚယူျခင္းမ်ား ျပဳလုပ္မည္

[ Zawgyi ]

ျပ႒ာန္းထားၿပီးျဖစ္တဲ့ အမ်ဳိးသားပညာေရးဥပေဒအရ တကၠသိုလ္ေတြကို ကိုယ္ပိုင္စီမံခန္႔ခြဲတဲ့ စနစ္အား က်င့္သံုးေဆာင္ရြက္ခြင့္ျပဳေရးအတြက္ တကၠသိုလ္ပဋိညာဥ္စာတမ္းမ်ားကို တကၠသိုလ္အလုိက္ ေရးဆြဲအတည္ျပဳၿပီးပါက ပဋိညာဥ္စာတမ္းအတုိင္း တကၠသိုလ္ေကာင္စီ ဖြဲ႕စည္းကာ တကၠသိုလ္၀င္ခြင့္ ေခၚယူျခင္းေတြကို ဆက္လက္ က်င့္သံုးေဆာင္ရြက္သြားမယ္လုိ႔ အမ်ိဳးသားလႊတ္ေတာ္အစည္းအေ၀းမွ သိရပါတယ္။

ပညာေရး၀န္ႀကီးဌာန အေနနဲ႔ အမ်ိဳးသားပညာေရးဥပေဒနဲ႔အညီ သီးျခား၀င္ခြင့္ ေခၚယူမယ့္ တကၠသိုလ္ေတြ သတ္မွတ္ၿပီး သက္ဆုိင္ရာတကၠသိုလ္ေတြရဲ႕ သတ္မွတ္ခ်က္ေတြအလုိက္ ၀င္ခြင့္ ေရြးခ်ယ္ျခင္းကို တုိက္႐ိုက္ေလွ်ာက္ထားတဲ့စနစ္နဲ႔ ေဆာင္ရြက္ေပးလ်က္ရွိပါေၾကာင္း၊ ေဆာင္ရြက္ရာမွာလည္း ၂၀၁၈ ခုႏွစ္ အတြက္ သီးျခား၀င္ခြင့္ေခၚယူခဲ့တဲ့ တကၠသိုလ္ကုိ ၁၁ ခုဟု သတ္မွတ္ခဲ့ၿပီး ယခု ၂၀၁၉ ခုႏွစ္ အတြက္ သီးျခား၀င္ခြင့္ ေခၚယူတဲ့ တကၠသိုလ္ ၁၄ ခု သို႔ တုိးျမႇင့္သတ္မွတ္ေပးခဲ့ကာ တုိက္ရိုက္ေလွ်ာက္ထားခြင့္ျပဳ ခဲ့ပါေၾကာင္း မႏၱေလးတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္(၇) မွ ဦးေက်ာ္တုတ္ က ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

တကၠသိုလ္ ဆက္လက္ တက္ေရာက္လုိသူေတြ အေနနဲ႔ တကၠသိုလ္၀င္ခြင့္စာေမးပြဲကို မျဖစ္မေန ၀င္ေရာက္ေျဖဆိုၿပီးမွသာ သက္ဆိုင္ရာတကၠသိုလ္ေတြကို တက္ေရာက္ခြင့္ျပဳမွာ ျဖစ္တယ္လုိ႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။ ထပ္မံတိုးျမႇင့္လုိက္တဲ့ သီးျခား၀င္ခြင့္ေခၚယူတဲ့ တကၠသိုလ္ ၃ ခုမွာ ဆိုင္ဘာယူနီဗာစတီ (ျပင္ဦးလြင္)၊ အာကာသသိပၸံတကၠသိုလ္ (မိတၳီလာ) နဲ႔ ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္ေတြပဲ ျဖစ္ပါတယ္။

-သႏၲာ

[ Unicode ]

ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေအရ တက္ကသိုလ်တွေကို ကိုယ်ပိုင်စီမံခန့်ခွဲတဲ့ စနစ်အား ကျင့်သုံးဆောင်ရွက်ခွင့်ပြုရေးအတွက် တက္ကသိုလ်ပဋိညာဉ်စာတမ်းများကို တက္ကသိုလ်အလိုက် ရေးဆွဲ အတည်ပြုပြီးပါက ပဋိညာဉ်စာတမ်းအတိုင်း တက္ကသိုလ်ကောင်စီ ဖွဲ့စည်းကာ တက္ကသိုလ်ဝင်ခွင့် ခေါ်ယူခြင်းတွေကို ဆက်လက် ကျင့်သုံးဆောင်ရွက်သွားမယ်လို့ အမျိုးသားလွှတ်တော်အစည်းအဝေးမှ သိရပါတယ်။

ပညာရေးဝန်ကြီးဌာန အနေနဲ့ အမျိုးသားပညာရေးဥပဒေနဲ့ အညီ သီးခြားဝင်ခွင့် ခေါ်ယူမယ့် တက္ကသိုလ်တွေ သတ်မှတ်ပြီး သက်ဆိုင်ရာတက္ကသိုလ်တွေရဲ့ သတ်မှတ်ချက်တွေအလိုက် ၀င်ခွင့် ရွေးချယ်ခြင်းကို တိုက်ရိုက်လျှောက်ထားတဲ့စနစ်နဲ့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆောင်ရွက်ရာမှာလည်း ၂၀၁၈ ခုနှစ် အတွက် သီးခြားဝင်ခွင့်ခေါ်ယူခဲ့တဲ့ တက္ကသိုလ်ကို ၁၁ ခုဟု သတ်မှတ်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ် အတွက် သီးခြားဝင်ခွင့် ခေါ်ယူတဲ့ တက္ကသိုလ် ၁၄ ခု သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ကာ တိုက်ရိုက်လျှောက်ထားခွင့်ပြု ခဲ့ပါကြောင်း မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇) မှ ဦးကျော်တုတ် က ရှင်းလင်းပြောကြားခဲ့ပါတယ်။

တက္ကသိုလ် ဆက်လက် တက်ရောက်လိုသူတွေ အနေနဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေ ၀င်ရောက်ဖြေဆိုပြီးမှသာ သက်ဆိုင်ရာတက္ကသိုလ်တွေကို တက်ရောက်ခွင့်ပြုမှာ ဖြစ်တယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ ထပ်မံတိုးမြှင့်လိုက်တဲ့ သီးခြားဝင်ခွင့်ခေါ်ယူတဲ့ တက္ကသိုလ် ၃ ခုမှာ ဆိုင်ဘာယူနီဗာစတီ (ပြင်ဦးလွင်)၊ အာကာသသိပ္ပံတက္ကသိုလ် (မိတ္ထီလာ) နဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် တွေပဲ ဖြစ်ပါတယ်။