တက္ကသိုလ် ၁၆ ခုကို အာဆီယံဒေသတွင်းနိုင်ငံများရှိ တက္ကသိုလ်များကဲ့သို့ ပြင်ဆင်ဖွဲ့စည်း

မြန်မာနိုင်ငံရှိ တက္ကသိုလ် ၁၆ ခုကို မဟာ ဌာန ဖွဲ့စည်းပုံတွေပါဝင်သော တက္ကသိုလ်များ အဆင့်သို့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ပညာရေးဝန်ကြီးဌာန မှ ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် မန္တလေး၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် မန္တလေး၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် တွေကို အရာထမ်း ရာထူး ( ၅၆၈၂ ) နေရာ ၊ အမှုထမ်း ရာထူး ( ၃၉၀၁ ) နေရာ ထပ်မံတိုးချဲ့ပြီး အရာထမ်း ရာထူး ( ၆၂၁၇၁ ) နေရာ ၊ အမှုထမ်း ရာထူး ( ၈၄၆၃၃ ) နေရာ ၊ စုစုပေါင်း ရာထူး ( ၁၄၆၈၀၄ ) နေရာဖြင့် တိုးချဲ့ ပြင်ဆင် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ၂ နှစ်သင်ပညာရေးကောလိပ် ကျောင်း ( ၂၅ ) ကျောင်းကို ( ၄ ) နှစ် သင် ပညာရေးဒီဂရီကောလိပ် အဆင့် သို့လည်းကောင်း ၊ ဒီဂရီကောလိပ် /ကောလိပ်ကျောင်း ( ၆ ) ကျောင်း ( မိုးညှင်း ၊ တောင်ကုတ် ၊ ဟားခါး ၊ မြင်းခြံ ၊ ရေနံချောင်း ၊ မန္တလာ ) ကို တက္ကသိုလ်အဆင့်သို့ လည်းကောင်း တိုးမြှင့်လိုက်တယ်လို့သိရပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««