တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်များ ဆက်လက်ပိတ်ထားရန် ပညာရေးဝန်ကြီးဌာနထုတ်ပြန်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဖွင့်လှစ်ထားတဲ့ ပုံမှန်ဘွဲ့ကြို၊ မဟာတန်းနဲ့ ပါရဂူဘွဲ့သင်တန်းများနဲ့ HRD သင်တန်းများကို ဆက်လက်ပိတ်ထားရန် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေ အနေနဲ့ COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များအတိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဖွင့်လှစ်ထားတဲ့ ပုံမှန်ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများနဲ့ HRD သင်တန်းတွေရဲ့ သင်ကြားရေး လက်တွေ့ကွင်းဆင်း၊ Internship နဲ့ မဟာတန်း၊ ပါရဂူတန်းများရဲ့ ကျမ်းပြုစုခြင်းဆိုင်ရာ ကျမ်းကြီးကြပ်ခြင်း၊ လက်တွေ့၊ သုတေသန၊ Seminar နဲ့ Defence ကိစ္စများကို Face-to Face သော်လည်းကောင်း၊ အွန်လိုင်းဖြင့်သော်လည်းကောင်း ဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားခြင်းဖြစ်ပါတယ်။

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ကျင်းပလျက်ရှိတဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းကာလ၊ ပုံမှန်ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများရဲ့ ပထမနှစ်ဝက်စာမေးပွဲတွေကို ၂၀၂၀ ခုနှစ် မတ် ၂၄ ရက် နံနက်ပိုင်းမှ စတင် ယာယီရပ်ဆိုင်းခဲ့ရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ  ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««