တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ လက်ရှိဖြေဆိုနေသည့်စာမေးပွဲများဆိုင်းငံ့ထား

အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရန်အတွက် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ လက်ရှိဖြေဆိုနေတဲ့စာမေးပွဲတွေကိုဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

မတ် ၂၄ ရက်မှစတင်ကာ ရက်အကန့်အသတ်မရှိယာယီရပ်ဆိုင်းထားမှာဖြစ်ကြောင်း၊ ကျန်ရှိနေတဲ့ ဘာသာရပ်တွေအတွက် ပြန်လည်ဖြေ ဆိုရမယ့် ရက်ကို ထပ်မံကြောညာပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဖြေဆိုပြီးသော ဘာသာများထပ်မံဖြေဆိုရန် မလိုအပ်ကြောင်းသိရပါတယ်။ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှု သိပ္ပံများ အားလုံးအပါအဝင် နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္က သိုလ်များက စာမေးပွဲကို ယာယီ ရပ်ဆိုင်းကြောင်း မတ် ၂၄ ရက် နံနက်ပိုင်းတွင် ကြေညာခဲ့ပါတယ်။

တက္ကသိုလ် စာမေးပွဲ ဆက်လက် ကျင်းပမှု၊ ရပ်ဆိုင်းခြင်းနဲ့ ပတ်သက်ပြီး သက် ဆိုင်ရာ တက္ကသိုလ်ပညာရေးအဖွဲ့ကို ဆုံးဖြတ်ခွင့်ပေး ထားကြောင်း၊ ဝန်ကြီးရုံးမှလည်း တရားဝင်ကြေညာပေးသွားမယ်လို့ သိရပါတယ်။

-ဝေဝေ