တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ American University of Yangon တွင် လျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေအနေနဲ့ အမေရိကန်တက္ကသိုလ်တွေက သင်ရိုးအတိုင်း သင်ကြားပေးမယ့် American University of Yangon မှာ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

American University of Yangon ရဲ့သင်ကြားမှုပုံစံက အမေရိကန်တက္ကသိုလ်တွေက ဘာသာရပ်တွေအတိုင်း ဘာသာရပ် (၂၂) ခု ရွေးချယ်တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ကာလ (၂) နှစ် ကြာမြင့်မှာ ဖြစ်ပြီး ပြီးဆုံးပါက မြန်မာနိုင်ငံမှာပဲ Associate Degree ရယူနိုင်သလို Bachelor Degree ကိုလည်း အမေရိကန် အစိုးရတက္ကသိုလ်တွေမှာ ချိတ်ဆက်တက်ရောက်နိုင်မယ်လို့ သိရပါတယ်။ အမေရိကန်တက္ကသိုလ်ပရိုဂရမ် (၂+၂) အပြင်၊ နွေရာသီ လူငယ်ခေါင်းဆောင်မှုသင်တန်း၊ အင်္ဂလိပ်စာနှင့် IELTS သင်တန်းများ၊ အခမဲ့ အင်္ဂလိပ်စာ စကားဝိုင်းများနဲ့ Public Events တွေလည်း တက်ရောက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိကာလမှာ American University of Yangon မှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူ (၄၆) ဦး အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တွေမှာ တက်ရောက်နေတယ်လို့ သိရပါတယ်။

-ဝေဝေ