တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သို့) IGCSE ဖြေဆိုထားသူများကို Pre-University Programme 2020 ကိုအခမဲ့ပို့ချပေးမည်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားသူတွေနဲ့ IGCSE စာမေးပွဲ ဖြေဆိုထားတဲ့ ကျောင်းသား/သူတွေအတွက် Strategy First University Extension – SFUx မှ Pre-University Programme 2020 ကို မေ ၁၈ ရက် မှစတင်ကာ Online Platform မှတစ်ဆင့် အခမဲ့ သင်ကြားပို့ချပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ Program အတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုထားသော ကျောင်းသား/သူအားလုံး အခမဲ့ပညာသင်ဆုလျှောက်ထားနိုင်မှာ ဖြစ်ပြီး လျှောက်ထားလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိမိရဲ့ အမည်၊ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော ခုံအမှတ်၊ ဖုန်းနံပါတ်၊ မိဘအမည်၊ မိဘဖုန်းနံပါတ်၊ အီးလ်မေး၊ တက္ကသိုလ်ဝင်တန်း (သို့) IGCSE ဖြေဆိုထား‌သောခုနှစ်၊ တက္ကသိုလ်ဝင်တန်း (သို့) IGCSE ဖြေဆိုထား‌သောမြို့၊ တက္ကသိုလ်ဝင်တန်း (သို့) IGCSE တက်ရောက်ခဲ့သောကျောင်းတို့ကို ဒီနေရာမှာ ဖြည့်စွက်၍သော်လည်းကောင်း၊ SFUx Page တွင်ဖော်ပြထား တဲ့ QR code ကို scan ၍သော်လည်းကောင်း ပြည့်စုံစွာဖြည့်စွက်ကာ SFUx နှင့် SFU page messenger သို့ ဆက်သွယ်လျှောက်ထားနိုင်ပါတယ်။

Pre-University Programme 2020 မှာ သင်ကြားပေးသွားမယ့် ဘာသာရပ်တွေကတော့ Module 1 – Soft Skills, Module 2 – Introduction to Business Management, Module 3 – Introduction to Civil Engineering, Module 4 – Introduction to IT နဲ့ Module 5 – General English တွေပဲဖြစ်ပါတယ်။

သင်တန်းကို ဘာသာရပ်နယ်ပယ်အသီးသီးမှာ သင်ကြားပြသနေသော ဝါရင့်ဆရာကြီး၊ ဆရာမကြီးများဖြစ်တဲ့ ဆရာ ဦးအောင်ချစ်ခင်၊ ပါမောက္ခဒေါက်တာဒေါ်လှမြင့်၊ ပါမောက္ခ‌ ဒေါက်တာဒေါ်အေးသူထွန်း၊ ဒေါက်တာ‌ ဒေါ်နီလာဝင်း၊ ဒေါက်တာဒေါ်မြတ်မဉ္ဇူကျော်၊ ဒေါက်တာဒေါ်လဝန်းစန္ဒီနဲ့ ဆရာဦးခန့်အုပ်စိုးတို့ကိုယ်တိုင် သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး မိမိစိတ်ဝင်စားတဲ့ ဘာသာရပ်ကို အောင်စာရင်းများမထွက်မီ ဝေခွဲမရဖြစ်နေသူတွေအတွက် ဘာသာရပ်များကို အစမ်းကြိုတင်လေ့လာနိုင်စေရန်၊ တက္ကသိုလ်ပထမနှစ်တက်ရောက်ရာမှာ အထောက်အကူဖြစ်စေရန်၊ အရည်အချင်းပြည့်ဝ‌သော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်၊ အချိန်နေရာမရွေး လွယ်ကူအဆင်ပြေစွာ သင်ယူနိုင်စေရန် ရည်ရွယ်ကာ သင်ကြားပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကိုတက်ရောက်ပြီး Strategy First University မှဖွင့်လှစ်ထားတဲ့ UK အသိအမှတ်ပြုဘွဲ့ကြိုသင်တန်းတွေမှာဆက်လက်တက်ရောက်ပါက ထိုဘွဲ့ကြိုသင်တန်းများအတွက် သင်တန်းကြေး ၃၀,၀၀၀ ကျပ် သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။ သင်တန်းကာလမှာ နှစ်ပတ်ကြာမြင့်မည်ဖြစ်ပြီး စာသင်ချိန်စုစုပေါင်း နာရီ (၂၀) ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်း (၂) ပတ် အောင်မြင်စွာ ပြီးစီးသွားပါက SFUx Certificate တွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ ကျောင်းခွဲတွေမှာ ထုတ်ပေးသွားမှာ ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက info@sfux.strategyfirst.edu.mm နဲ့ SFUx Facebook page messenger m.me/SFUExtension. တို့မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

-သန္တာ

သတင်းတွေကို စာဖတ်စရာမလိုဘဲ အသံပဲ နားထောင်နိုင်တဲ့ https://anchor.fm/internetjournal ရှိတယ်နော် . . .