တက္ကသိုလ်ဝင်တန်းကိုထူးချွန်စွာအောင်မြင်ခဲ့သူများအတွက် Kaplan Myanmar University College မှ ပညာသင်ဆုများ ပေးအပ်မည်

Kaplan Myanmar University College မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းမှာ ထူးချွန် အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရာနှုန်းပြည့် ပညာသင်ဆုတွေအပါအဝင် သိန်းတစ်ထောင်ကျော် ပညာသင်ဆုတွေကို ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

Bachelor’s degree ရဲ့ ပထမနှစ် အတန်းမှာ တက်ရောက်ခွင့် ရာနှုန်းပြည့် ပညာသင်ဆု (၃) ဆု၊ Bachelor’s degree ရဲ့ ပထမနှစ် အတန်းမှာ တက်ရောက်ခွင့် ၅၀% ကင်းလွတ်ခွင့် ပညာသင်ဆု (၃) ဆု နဲ့ Certificate in University Foundation Studies Programme အတွက် ၆ ဘာသာ ဂုဏ်ထူးရှင်များအတွက် ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆု၊ ၅ ဘာသာ ဂုဏ်ထူးရှင်များအတွက် ၇၅ ရာခိုင်နှုန်း ပညာသင်ဆု၊ ၄ ဘာသာ ဂုဏ်ထူးရှင်များအတွက် ၅၀ ရာခိုင်နှုန်း ပညာသင်ဆု၊ ၃ ဘာသာ ဂုဏ်ထူးရှင်များအတွက် ၂၅ ရာခိုင်နှုန်း ပညာသင်ဆု၊ ၂ ဘာသာ ဂုဏ်ထူးရှင်များအတွက် ၁၅ ရာခိုင်နှုန်း ပညာသင်ဆု၊ ၁ ဘာသာ ဂုဏ်ထူးရှင်များအတွက် ၁၀ ရာခိုင်နှုန်း ပညာသင်ဆုတွေပေးအပ်သွားမှာ ဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားသူတွေအားလုံး ပညာသင်ဆုဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမှာ ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲရဲ့ ရလဒ်တွေအတိုင်း Bachelor’s degree အတန်းတွေ တက်တဲ့အခါ ပညာသင်ဆုတွေ ရရှိမှာ ဖြစ်ပါတယ်။ဒါပေမဲ့ Certificate in University Foundation Studies Programme အတွက်ကတော့ Scholarship ဝင်ခွင့် စာမေးပွဲရလဒ်တွေနဲ့ မသက်ဆိုင်ဘဲ ဂုဏ်ထူးအလိုက် ပညာသင်ဆုတွေ ရရှိမှာ ဖြစ်ပါတယ်။

Academic Merit Scholarship- ထိုက်တန်သူများသို့ ဂုဏ်ပြုခြင်း ပညာသင်ဆုအကြောင်း အသေးစိတ်ကို Kaplan Myanmar University College ဖုန်း- ၀၉၇၇၇၆၃၆၀၀၀ နဲ့ ၀၉၇၇၇၆၈၆၀၀၀ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ်တဲ့ ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««