တက္ကသိုလ်များဗဟိုစာကြည့်တိုက်၏ အွန်လိုင်းဝန်ဆောင်မှုကို ရယူနိုင်

တက္ကသိုလ်များစာကြည့်တိုက် (UCL) မှာ စုဆောင်းထားရှိတဲ့ အင်္ဂလိပ်၊ မြန်မာစာအုပ်၊ Thesis and Dissertation၊ ပေစာ၊ ebook တွေ၊ eResource database တွေကို UCL ဝက်ဘ်ဆိုက် www.uclmyanmar.org မှာရှာဖွေနိုင်မယ်လို့ သိရပါတယ်။

လိုအပ်တဲ့စာအုပ်တွေကို ရှာဖွေရာမှာ UCL ဝက်ဘ်ဆိုက်ရှိ OPAC (Online Public Access Catalogue) မှာ စာရေးသူအမည်၊ စာအုပ်အမည်၊ ပညာရပ်အမည်တို့နဲ့ အလွယ်တကူ ရှာဖွေနိုင်ပြီး Union Catalogue မှ အခြားသော တက္ကသိုလ် ၂၅ ခုရှိ အင်္ဂလိပ်၊ မြန်မာစာအုပ်များကိုလည်း ရှာဖွေနိုင်ပါတယ်။ eResource အောက်မှာ eResource database များမှ လိုအပ်တဲ့ ebook တွေနဲ့ article တွေကိုလည်း ရှာဖွေနိုင်တဲ့အပြင် မိမိတို့သိရှိလိုတာတွေကိုလည်း ask a librarian ကနေ တစ်ဆင့် မေးမြန်းနိုင်ပြီး လိုအပ်တဲ့ ebook တွေကိုလည်း UCL ရဲ့ အီးမေးလ်ကနေ ဆက်သွယ်ရယူနိုင်မှာပါ။

အသေးစိတ်ထပ်မံသိရှိလိုသူတွေအနေနဲ့ ဖုန်း-၀၁-၅၃၆၉၇၂၊ ၀၉၂၅၀၀၇၄၂၇၀၊ ၀၉၄၂၇၈၀၂၀၅၉ အပြင် uclmyanmarlibrary@gmail.com နဲ့ nininaing@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။