တက္ကသိုလ်ဘွဲ့ကြိုတန်း တက်ရောက်လိုသူများအတွက် Study in Japan Online Seminar ပြုလုပ်မည်

ဂျပန်နိုင်ငံမှာ တက္ကသိုလ်ဘွဲ့ကြိုတန်း တက်ရောက်လိုတဲ့ ကျောင်းသားတွေ အတွက် Study in Japan Online Seminar ကို ဒီဇင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီမှ ၂ နာရီခွဲအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ Institute of Global Human Resource Development, Okayama University မှ Assoc.Prof. Takao Inamori က ဂျပန်ပညာတော်သင်အချက်အလက်များ၊ တက္ကသိုလ်တွေကို ဘယ်လိုရှာမလဲ၊ အင်္ဂလိပ်ဘာသာဖြင့် ဒီဂရီရယူနိုင်သော Course တွေ ရှိသလား၊ ဘယ်လိုပညာသင်ဆုတွေ ရှိသလဲ၊ ကျောင်းလခ၊ နေထိုင်စရိတ်ကရော ဘယ်လောက်ကုန်ကျမလဲ အစရှိတာတွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲပြီးဆုံးပါက တစ်ဦးချင်းဆွေးနွေးမှုများ ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ OJEIC Facebook Page ရဲ့ Messenger မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။

အသေးစိတ်ကို ဖုန်း- ၀၉-၂၆၁၈၄၁၀၅၄ (ရန်ကုန်), ၀၉၄၅၉၃၄၃၃၄၀ (မန္တလေး) ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««