တက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့် တက္ကသိုလ်ကောင်စီဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ

DAAD နဲ့ ပူးပေါင်းကျင်းပတဲ့ တက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့် တက္ကသိုလ်ကောင်စီဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များတွင် တက္ကသိုလ်ပဋိညာဉ်စာတမ်းရေးဆွဲ အတည်ပြုရေး၊ ယင်းပဋိညာဉ်စာတမ်းနှင့်အညီ တက္ကသိုလ်ကောင်စီဖွဲ့စည်းရေး၊ မဟာဌာနကြီးများဖွဲ့စည်းရေး၊ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး၊ သင်ကြားသင်ယူမှု အရည်အသွေးမြှင့်တင်ရေး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေး၊ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အသုံးချသုတေသနဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနှင့် အခြေခံအဆောက်အအုံ ဖြည့်ဆည်းရေးတို့အတွက် နိုင်ငံတကာ အတွေ့အကြုံ၊ DAAD အတွေ့အကြုံနဲ့ ဂျာမနီနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတက္ကသိုလ်များ၏ အတွေ့အကြုံများကို ဤအလုပ်ရုံဆွေးနွေးပွဲတွင် မျှဝေဆွေးနွေးပေးရန် မေတ္တာရပ်ခံလိုကြောင်းနဲ့ ဂျာမနီနိုင်ငံ DAAD ကို အထူးကျေးဇူးတင်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

အဆိုပါဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E. Thomas Neisinger ၊ ဂျာမနီနိုင်ငံ ပညာရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(DAAD), Central European University (CEU) ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များ၊ ကော်မတီဝင်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««