ဈေးအသက်သာဆုံး Poco ဖြစ်လာတဲ့ Poco C3

Poco ဟာနောက်ဆုံးပေါ် စမတ်ဖုန်း Poco C3 ကိုမိတ်ဆက်လိုက်ပါတယ်။ C ကတော့ ကင်မရာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ Poco C3 ကတော့ Redmi 9C နဲ့တူပြီး အသေးစိတ် အချက်အလက်တွေလည်း ဆင်ပါတယ်။ Poco ကတော့ C3 ကို နှစ်ရောင်စပ် ထုတ်လုပ်ထားတဲ့အတွက် လက်ရာမထင်သလို မြဲမြဲကိုင်ထားနိုင်ပါတယ်။ Poco C3 အတွက် အပြာ၊ အစိမ်းနဲ့ အနက် ဆိုပြီး ထုတ်လုပ်ထားပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၅၃ လက်မ ဖြစ်ပြီး HD+ ရုပ်ထွက်အရည်အသွေးနဲ့ 20:9 aspect ratio ရှိပါတယ်။ အဓိက ကင်မရာကတော့ 13MP အပြင် 2MP macro နဲ့ 2MP depth တို့ပါဝင်လာပါတယ်။ Poco C3 မှာတော့ Helio G35 ပါဝင်ပြီး 3/4G RAM နဲ့ storage 32/64GB ရွေးချယ်နိုင်သလို SD ကတ် ထပ်ထည့်လို့ရပါတယ်။

ဖုန်းမှာတော့ Android 10 အခြေခံ MIUI12 နဲ့ 10W အားသွင်းမြန်ဆန်စနစ်နဲ့ 5,000mAh ဘက်ထရီ ပါဝင်လာပါတယ်။ Poco C3 ဖုန်းရဲ့ 3/32GB ကတော့ ၁၀၂ ဒေါ်လာ၊ 4/64GB ကတော့ ၁၂၂ဒေါ်လာပဲ ကျသင့်ပြီး အောက်တို ဘာ ၁၆ ရက်မှာ ရောင်းချမယ်လို့ သိရပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««