ဈေးအသက်သာဆုံး 5G ဖုန်းနဲ့ Trio ကြိုးမဲ့ charger တို့ကို Samsung မိတ်ဆက်

Samsung ဟာ Life Unstoppable အမည်ရ အွန်လိုင်းပွဲမှာ ထုတ်ကုန်သစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီပွဲမှာ Galaxy A42 5G ဆိုတဲ့ ဈေးသက်သာတဲ့ 5G ဖုန်းအပြင် ထုတ်ကုန်များစွာ အားသွင်းနိုင်တဲ့ ကြိုးမဲ့ charger စနစ်အပြင် Galaxy Tab A7 အမည်ရ Android tablet ကိုလည်း ပြသခဲ့ပါတယ်။

Galaxy A42 5G ကတော့ Samsung ရဲ့ A စီးရီး အလယ်အလတ်တန်းစားဖုန်း ဖြစ်ပါတယ်။ ကျောဘက်မှာ ကင်မရာ ၄ လုံးပါဝင်ပြီး မျက်နှာပြင်က ၆.၆ လက်မ OLED display နဲ့ဖြစ်ပါတယ်။ အနက်ရောင်အနေနဲ့ ဒီနှစ် နှောင်းပိုင်းမှာ ထွက်ရှိလာမှာဖြစ်ပါမယ်။

Wireless Charger Trio ကတော့ တစ်ပြိုင်နက်တည်း ထုတ်ကုန် ၃ ခုအထိ ကြိုးမဲ့အားသွင်းနိုင်ပါတယ်။ Wireless Charger Duo နေရာဆက်ခံတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ Samsung ရဲ့ထုတ်ပြန်ချက်ထဲမှာ အားသွင်းမြန်နှုန်းကို မဖော်ပြထားပါဘူး။ SamMobile ဖော်ပြချက်အရ ယူရို ၉၉နဲ့ ကျသင့်ပါတယ်။

မျက်နှာပြင် ၁၀.၄ လက်မအရွယ် Galaxy Tab A7 မှာတော့ Doblby Atmos ထောက်ပံ့ထားတဲ့ စပီကာ ၄ လုံး ပါဝင်လာပါတယ်။ ဈေးနှုန်းကတော့ မသိရသေးပါဘူး။

စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««