ဈေးသက်သာပြီး feature စုံလင်တဲ့ Xiaomi ရဲ့ Mi Note 10 Lite

Xiaomi ဟာ Mi Note 10 Lite ကိုတရားဝင်မိတ်ဆက်လိုက်ပါတယ်။ Mi Note 10 Lite တရားဝင် မထွက်လာခင်ကတည်းက အမြည်းမိတ်ဆက်တာနဲ့ ပေါက်ကြားထွက်ပေါ်မှုတွေ ထွက်ခဲ့ပါတယ်။ Mi Note 10 Lite ရဲ့ 6/64GB ဗားရှင်းကို ယူရို ၃၄၉ နဲ့ ရောင်းပါမယ်။ Mi Note Lite အတွက် 6/128GB ကိုတော့ ယူရို ၃၉၉ နဲ့ ရောင်းချသွားပါမယ်။ ဖုန်းဗားရှင်း ၂ မျိုးစလုံးကို မေလလယ်မှာ ရောင်းသွားမယ်လို့ သိရပါတယ်။

Xiaomi Mi 10 Lite ဒီဇိုင်းက Mi Note 10 နဲ့တော်တော်တူပါတယ်။ Mi Note 10 Lite မှာတော့ မျက်နှာပြင် ၆.၄၇ လက်မ 1080p AMOLED မျက်နှာပြင် သုံးထားပြီး Snapdragon 730G chipset နဲ့ 30W အားသွင်းမြန်ဆန်စနစ် ပါဝင်တဲ့ ဘက်ထရီ 5,260mAh လည်းပါလာပါတယ်။

ကျောဘက်မှာ 64MP Sony IMX6886 အဓိက sensor နဲ့ Samsung ဖန်တီးထားတဲ့ 108MP sensor ကို 8MP ultrawide, 5MP macro နဲ့ 2MP depth sensor တို့နဲ့ တွဲဖက်ပေးထားပါတယ်။ Mi Note 10 Lite နဲ့ Mi Note 10 /Mi Note 10 Pro အကြားကွာတာက telephoto ကင်မရာ ၂ လုံးမပါတာဘဲ ဖြစ်ပါတယ်။

Xiaomi Mi Note 10 Lite ကိုတော့ ခရမ်း၊ အဖြူနဲ့ အနက်ဆိုပြီး ထုတ်လုပ်သွားပါမယ်။

စိုးထက်
Ref: GSMArena

Facebook မှာ နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းက နည်းပညာသတင်းတွေ၊ ပညာရေးသတင်းတွေ ဖတ်ချင်ရင် https://www.facebook.com/InternetJournal ကို like လုပ်ထားဖို့တော့ လိုမယ်နော်…