
IFA 2019 ပြပွဲမတိုင်မီ Lenovo အနေနဲ့ ဈေးနှုန်းသက်သာတဲ့ Tab M7 နဲ့ Tab M8 tablet ထုတ်ကုန်တွေကို မိတ်ဆက်ခဲ့ပါတယ်။ Lenovo tablet သစ် ၂မျိုးစလုံးဟာ ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက်ကြည့်ရာမှာ အသုံးဝင်ပြီး ကလေးတွေအတွက် အကျွမ်းဝင်မယ့် Kid’s Mode လည်းပါဝင်လာပါတယ်။ ထုတ်ကုန်သစ်တွေဟာ ဘေးဘောင်သေးငယ်ပြီး LTE ထုတ်ကုန်ဗားရှင်းလည်း ထုတ်လုပ်ထားပါတယ်။ Tab M7 နဲ့ Tab M8 တို့ကို အောက်တိုဘာလအတွင်း စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Lenovo Tab M8
အရွယ်ပိုမိုကြီးမားတဲ့ Tab M8 မှာ ၈လက်မအရွယ် IPS panel နဲ့ ပါဝင်ပြီး HD နဲ့ FHD ဗားရှင်းတွေလည်း ထုတ်လုပ်ထားပါတယ်။ Tablet မှာ Helio A22 chipset အသုံးပြုထားပြီး RAM 2/3GB နဲ့ storage 16/32GB တို့ပါဝင်လာပါတယ်။ ရှေ့ကင်မရာက 2MP နဲ့ကျောဘက်ကင်မရာကတော့ 5MP ပဲဖြစ်ပါတယ်။
ထုတ်ကုန်မှာ Android 9 Pie ကိုအသုံးပြုထားကာ ဘက်ထရီ 5,000mAh ပါဝင်တဲ့အတွက် ဗီဒီယိုတွေကို ၁၂နာရီဒါမှမဟုတ် ဝက်ဘ်ဆိုက်တွေကို ၁၈နာရီအထိ ကြည့်ရှုနိုင်ပါတယ်။ အခု tablet မှာ 3.5mm နားကြပ်ပေါက်ပါဝင်လာပါတယ်။ Tab M8 ရဲ့ HD ဗားရှင်းကတော့ ၁၅၄ဒေါ်လာကျသင့်ကာ FHD ကတော့ ၁၇၅ဒေါ်လာကျသင့်ပါမယ်။
Lenovo Tab M7
အရွယ်သေးငယ်တဲ့ Tab M7 မှာတော့ ၇လက်မ 1024x 600 IPS display ပါဝင်လာပါတယ်။ ရှေ့ကင်မရာ 2MP နဲ့ကျောဘက်မှာ အခြား 2MP ကင်မရာ၁လုံးပါဝင်လာပါတယ်။ Wi-Fi ဗားရှင်းမှာတော့ MediaTek MT8321 ပါဝင်သလို LTE ဗားရှင်းမှာတော့ MediTek MT8765B ပါဝင်လာပါတယ်။ ထုတ်ကုန်၂မျိုးစလုံးမှာ 1/2GB RAM နဲ့ 16/32GB storage တို့ပဲဖြစ်ပါတယ်။
Lenovo Tab M7 မှာတော့ Android 9 Pie (Go Edition) ကိုထည့်သွင်းထားပြီး ဘက်ထရီကတော့ 3,450 mAh ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၀၉ဒေါ်လာနဲ့ မီးခိုး၊ ပလတ်တီနမ်မီးခိုးနဲ့ အနက်ဆိုပြီး အရောင်၃မျိုး ထုတ်လုပ်သွားပါမယ်။
စိုးထက်
Ref: GSMArena