ဈေးသက်သာတဲ့ Oculus Go VR headset ကို Facebook ဖျက်သိမ်း

Facebook ဟာ VR ဖျော်ဖြေရေးနဲ့ gaming အတွက် သီးသန့် Oculus Quest ကိုအောင်မြင်စွာ ဖြန့်ချိပြီးနောက် ၂၀၁၉ အားလပ်ရက် ရာသီမှာ ရောင်းကုန်ခဲ့ပါတယ်။ နောက်ပိုင်း ထုတ်လုပ်တဲ့ ဈေးသက်သာတဲ့ Oculus Go ကတော့ လူကြိုက်နည်းပါတယ်။

Oculus Go ဟာ ၁၄၉ ဒေါ်လာအထိ ဈေးနှုန်းကျဆင်းသွားပြီး Facebook က တရားဝင် ပိတ်သိမ်းပါတော့မယ်။ လက်ရှိမှာ Facebook က ထုတ်လုပ်ထားတဲ့ VR ထုတ်ကုန် ၂ မျိုးပဲ ကျန်တော့ပါတယ်။ PC နဲ့ချိတ်ဆက်နိုင်တဲ့ Quest နဲ့ ကွန်ပျူတာကို အားထားရတဲ့ Rift S တို့ပဲ ဖြစ်ပါတယ်။ Facebook ဟာ 6DOF (၆ ဒီဂရီအထိ လှုပ်ရှား) ခြေရာခံစနစ်ပါဝင်တဲ့ headset တွေ ထုတ်လုပ်ဖို့အတွက် 3DOF စနစ် အသုံးပြုထားတဲ့ Go ကိုဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

“3DOF ထုတ်ကုန်တွေကို တင်ပို့ရောင်းချတော့မှာ မဟုတ်ဘူး” လို့ ကုမ္ပဏီက ပြောထားပါတယ်။ ဒီနှစ်ကုန်အတွင်း Go ရောင်းချမှုကို အဆုံးသတ်ပြီး Quest နဲ့ Rift အတွက် လုပ်ဆောင်ချက်အသစ်တွေ ဖြန့်ချိမှုကို တိုးမြှင့်မယ်လို့ Facebook က ပြောထားပါတယ်။

စိုးထက်
Ref: VentureBeat