ဈေးသက်သာတဲ့ K စီးရီး စမတ်ဖုန်းမှာ 48-megapixel ကင်မရာ LG ထည့်သွင်း

LG ဟာ ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်း K စီးရီးစမတ်ဖုန်းသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။

LG ရဲ့ K စီးရီးဖုန်းသစ်တွေဖြစ်တဲ့ K61, K51S နဲ့ K41S အတွက် ကျောဘက်ကင်မရာ ၄ လုံးနဲ့ ရုပ်ထွက်အရည်အသွေးမြင့် အဓိက ကင်မရာ၊ depth sensor နဲ့ macro lens တို့ပါဝင်လာပါတယ်။LG ရဲ့ K61 စမတ်ဖုန်းဟာ 48-megapixel အဓိက ကင်မရာ ပါဝင်လာတဲ့ ပထမဆုံး LG စမတ်ဖုန်းဖြစ်လာပါတယ်။ LG G8 ThinQ လိုမျိုး 12-megapixel မှန်ဘီလူးကိုလည်း K61 မှာထည့်သွင်းထားပါတယ်။ K51S ဖုန်းမှာတော့ အဓိကကင်မရာ 32-megapixel ပဲပါဝင်လာပါတယ်။

K61 ဖုန်းမျက်နှာပြင် အရွယ်အစား ၆.၅ လက်မ FHD+ display ပါဝင်ပေမယ့် K51S မှာတော့ ၆.၅ လက်မအရွယ် HD+ မျက်နှာပြင် ပါဝင်လာပါတယ်။ ဖုန်းရဲ့ရှေဘက်ထောင့်မှာ punch-hole ကင်မရာထည့်သွင်းထားပြီး K61 မှာတော့ 16-megapixel နဲ့ K51S မှာတော့ 13-megapixel lens တို့ပါဝင်လာပါတယ်။ ဖုန်းတွေမှာ 2.3 GHz octa-core ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ K61 မှာတော့ RAM 4GB နဲ့ storage ကတော့ 64 ဒါမှမဟုတ် 128GB အသုံးပြုထားပါတယ်။ K51S မှာတော့ RAM 3GB နဲ့ storage 64GB ကိုအသုံးပြုထားပါတယ်။ K41S မှာတော့ မျက်နှာပြင် ၆.၅ လက်မ HD+ display နဲ့ ကျောဘက်ကင်မရာ 13-megapixel နဲ့ ရှေ့ကင်မရာ 8-megapixel အပြင် RAM 3GB နဲ့ storage 32GB တို့ပါဝင်လာပါမယ်။

LG အနေနဲ့ ဖုန်းမော်ဒယ်တွေရဲ့ ဈေးနှုန်းကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ ဒေါ်လာ ၆၀ နဲ့ ဒေါ်လာ ၁၃၀အကြားရှိနိင်ပါတယ်။

စိုးထက်
Ref: Engadget