ဈေးသက်သာတဲ့ ခေါက်စမတ်ဖုန်းတစ်မျိုးကို Samsung ဖန်တီးနေ

Samsung ဟာ ဈေးသက်သာတဲ့ ခေါက်စမတ်ဖုန်းတစ်မျိုးကို လုပ်ကိုင်နေတယ်လို့ SamMobile က ပြောခဲ့ပါတယ်။ ဈေးသက်သာတဲ့ ခေါက်စမတ်ဖုန်း မော်ဒယ်နံပါတ်က SM-F415 ဖြစ်ပါတယ်။

အဲဒီဖုန်းမှာ storage 64GB ဒါမှမဟုတ် 128GB ကိုရွေးချယ်ဝယ်ယူနိုင်ပြီး အပြာ၊ အစိမ်းနဲ့ အနက်ရောင်တို့နဲ့ ထုတ်လုပ်ထားပါတယ်။ Samsung ရဲ့ ဒုတိယမြောက် ခေါက်စမတ်ဖုန်း Galaxy Z Flip ကတော့ မူလ Fold ထက် ဈေးသက်သာပြီး ဒေါ်လာ ၁,၃၈၀ နဲ့ ရောင်းခဲ့ပါတယ်။ Motorola Razr ဖုန်းကိုတော့ ဒေါ်လာ ၁,၄၉၉ နဲ့ ရောင်းချခဲ့ပါတယ်။

Samsung အနေနဲ့ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၉၀၀ လောက်ပဲ ကျသင့်မယ့် Galaxy Z Fold 2 အသေးစားကို ဖြန့်မယ်လို့ သတင်းထွက်နေပါတယ်။ အခု SM-F415 ဖုန်းဈေးနှုန်းကလည်း ဒေါ်လာ ၉၀၀ အောက်ရှိမယ်လို့ သိရပါတယ်။

-စိုးထက်
Ref: Phonarena

အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel မှာ Subscription လုပ်ထားဖို့လိုမယ်နော်….