ဈေးနှုန်းသင့်တင့်ပြီး Stylus ပါဝင်တဲ့ LG Stylo 6

LG ရဲ့ Stylo အမှတ်တံဆိပ်က ဈေးနှုန်းသင့်တင့်တဲ့ Android စမတ်ဖုန်းဖြစ်ပါတယ်။ Stylo 6 ကို အမေရိကန် Boost Mobile မှာ ၁၇၉.၉၉ ဒေါ်လာနဲ့ ရောင်းချနေပါတယ်။

ဖုန်းမျက်နှာပြင်အရွယ်အစားက ၆.၈ လက်မ FHD+ touchscreen နဲ့ ကျောဘက်ကင်မရာ ၃ လုံး 13MP (အဓိက၊ ultrawid နဲ့ depth) တို့ပါဝင်ပြီး 13MP selfie ကင်မရာကို U ပုံသဏ္ဍာန် notch ထဲထည့်သွင်းထားပါတယ်။ ဖုန်းမှာ RAM 3GB, storage 64GB နဲ့ ဘက်ထရီ 4,000mAh ပါဝင်လာပါတယ်။

MediaTek Helip P25 chipset အသုံးပြုထားပြီး Android 10 ကိုအသုံးပြုထားပါတယ်။ ကျောဘက်မှာ fingerprint sensor ပါဝင်သလို stylus လည်းထည့်သွင်းထားပါတယ်။

စိုးထက်
Ref: GSMArena

စာဖတ်ပရိတ်သတ်ကြီးထဲမှာ Twitter သုံးတဲ့သူတွေရှိလား? https://twitter.com/internetjournal မှာလည်း အင်တာနက်ဂျာနယ်က တင်ဆက်ပေးနေတဲ့ သတင်းတွေဖတ်လို့ရတယ်နော် . . .