ဈေးနှုန်းသင့်တင့်တဲ့ Samsung Galaxy A31

Samsung Galaxy A31 ဟာ ဈေးကွက်သက်သာတဲ့ ဈေးကွက်ထဲကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ Samsung Galaxy A31 ဟာ M31 နဲ့နှိုင်းယှဉ်ရင် ပိုမိုသွယ်လျပြီး aspect ratio ပိုမိုရှည်လျားကာ ၆.၄ လက်မ Super AMOLED မျက်နှာပြင် ပါဝင်လာပါတယ်။ ဒါ့အပြင် ဖုန်းမှာ in-display fingerprint reader အစား ကျောဘက်မှာ fingerprint reader ကိုအသုံးပြုထားပါတယ်။

မျက်နှာပြင်ကတော့ 1080p+ ဖြစ်ပြီး U ပုံသဏ္ဍာန် notch ထဲမှာ 20MP selfie ကင်မရာကို ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ 20:9 aspect ratio ကတော့ A စီးရီးဖုန်းတွေကို M31 ထက် ၂ မီလီမီတာ ကျဉ်းမြောင်းစေပါတယ်။ ဒါကြောင့် A31 ကပါးလွှာ၊ ပေါ့ပါးပါတယ်။

ကျောဘက်ကင်မရာမှာ ကင်မရာ ၄ လုံး ပါဝင်ပြီး M ဖုန်းတွေနဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ ဖုန်းရဲ့ အဓိက sensor ကတော့ 48MP (f/2.0 aperture. 0.8µm pixels), 8MP ultrawide-angle ကင်မရာ (၁၂၃ ဒီဂရီ)၊ 5MP macro ကင်မရာနဲ့ 5MP depth sensor တို့ပါဝင်လာပါတယ်။

Samsung ကတော့ Galaxy A31 ဖုန်း chipset နဲ့ပတ်သက်ပြီး အသေးစိတ်မဖော်ပြခဲ့ပေမယ့် ထွက်ပေါ်လာတဲ့ benchmark အမှတ်အရ MediaTek Helio P655 ကိုအသုံးပြုထားဖွယ်ရှိပါတယ်။ ဖုန်းမှာ Cortex A75 CPU core တွေအသုံးပြုထားပြီး M31 အတွင်းက A73 core တွေထက် စွမ်းဆောင်ရည်ပိုမြင့်ပါတယ်။ စွမ်းဆောင်ရည်ကလည်း သိပ်မခြားနားပါဘူး။

               

ဖုန်းကို RAM 4GB နဲ့ storage 64GB ဗားရှင်းထုတ်လုပ်မှာ ဖြစ်ပေမယ့် 6/128GB မော်ဒယ်ကိုလည်း ထုတ်လုပ်ထားပါသေးတယ်။ ဒါ့အပြင် storage ပိုမိုလိုချင်တယ်ဆိုရငင် 512GB အထိတိုးချဲ့နိုင်မယ့် microSD ကတ်အပေါက် ပါဝင်လာပါတယ်။

                                 

Samsung Galaxy A31 မှာဘက်ထရီ 5,000mAh ပါဝင်သလို USB-C port ကတစ်ဆင့် 15W အားသွင်းမြန်ဆန်မှုစနစ် ပါဝင်လာပါတယ်။

ဖုန်းကိုတော့ Prism Crush ဒီဇိုင်းအခြေခံ အနက်၊ အပြာ၊ အနီ၊ အဖြူဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ မကြာခင် ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကို ကြေညာမှာ ဖြစ်ပါတယ်။

-စိုးထက်
Ref: GSMArena