ဈေးနှုန်းသက်သာတဲ့ vivo Y50 မှာ ကင်မရာ ၄ လုံးအထိ ပါဝင်လာ

ကမ္ဘောဒီးယားနိုင်ငံရှိ vivo ရုံးက Facebook ကတစ်ဆင့် vivo Y50 ကို မိတ်ဆက်လိုက်ပါတယ်။ vivo Y50 ကို ဒေါ်လာ ၂၅၀နဲ့ ကြိုတင်မှာယူနိုင်ပြီး ဧပြီ ၁၁ရက်မှာ တင်ပို့ရောင်းချပေးမှာ ဖြစ်ပါတယ်။

vivo Y50 ဟာ မျက်နှာပြင် ၆.၅၃ လက်မဖြစ်ပြီး 1080p ရုပ်ထွက်အရည်အသွေးနဲ့ဖြစ်ပါတယ်။ vivo Y50 မှ Ultra O မျက်နှာပြင်ကို အသုံးပြုထားတဲ့အတွက် ရှေ့ဘက်ရဲ့ဘယ်ဘက်မှာ selfie ကင်မရာအတွက် punch hole တစ်ခုပါဝင်လာပါတယ်။

ကျောဘက်မှာ ကင်မရာ ၄လုံးပါဝင်လာပြီး 13MP အဓိကကင်မရာအပြင် 8MP ultrawide-angle (၁၂၀ဒီဂရီ), 2MP macro ကင်မရာနဲ့ 2MP depth sensor တို့နဲ့ တွဲဖက်ပေးထားပါတယ်။

ဖုန်းမှာပါဝင်တဲ့ ဘက်ထရီကတော့ အလွန်ကြီးမားပြီး 5,000mAh ဖြစ်ကာ USB-C ကတစ်ဆင့် 18W အားသွင်းမြန်ဆန်စနစ် ထောက်ပံ့ထားပါတယ်။ ကျောဘက်မှာ fingerprint reader ကိုနေရာချထားပါတယ်။

ဖုန်းမှာ Snapdragon 665 chipset ကို RAM 8GB နဲ့ storage 128GB တို့နဲ့ တွဲဖက်ထားပြီး microSD ကတ်ထည့်နိုင်တဲ့ အပေါက်တစ်ခု ပါဝင်လာပါတယ်။
စိုးထက်