ဈေးနှုန်းသက်သာတဲ့ dual VoLTE ဖုန်း LG W10 Alpha ကိုထုတ်ဖော်ပြသ

LG ဟာ MWC ပွဲမှာ ထုတ်ဖော်ပြသဖို့ စီစဉ်ထားတဲ့ ဖုန်းတွေကို ဆက်လက်မိတ်ဆက်နေပါတယ်။ ဒီနေ့မှာလည်း ဈေးသက်သာတဲ့ LG W10 Alpha ဖုန်းကို ပြသလိုက်ပါတယ်။

ဒေါ်လာ ၁၄၀ တန်ဖိုးရှိ LG W10 Alpha မှာ Android 9.0 Pie အသုံးပြုထားပါတယ်။ ဖုန်းမှာ Unisoc SC9863A chipset ထောက်ပံ့ထားပြီး RAM 3GB နဲ့ storage 32GB နဲ့တွဲဖက်ထားကာ 128GB အထိ တိုးချဲ့နိုင်မယ့် microSD ကတ်ပေါက် ပါဝင်လာပါတယ်။

LG W10 Alpha မျက်နှာပြင်အရွယ်အစားက ၅.၇၁ လက်မရှိပြီး ရုပ်ထွက်အရည်အသွေး 720p+ (19:9 aspect ratio) ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ 8MP ရေစက်ပုံစံ notch ထဲ ထည့်သွင်းထားကာ ကျောဘက်မှာလည်း 8MP ဖုန်းကင်မရာ ထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာမှာ autofocus ပါဝင်ပြီး 1080p ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။

ဖုန်းမှာ fingerprint reader မပါဝင်ဘဲ face unlock ကိုအမှီပြုထားပါတယ်။ ဖုန်းရဲ့ face unlock က 128 point အထိခြေရာခံပြီး ၀.၃ စက္ကန့်နဲ့ ပွင့်နိုင်ပါတယ်။ ဖုန်းမှာ dual VoLTE ထောက်ပံမှုနဲ့ dual SIM ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3,450mAh ဖြစ်ပြီး ဖုန်းကို ၁၂ နာရီအထိ အသုံးပြုနိုင်ပြီး ဗီဒီယိုကို ၅ နာရီဖွင့်နိုင်ကာ သီချင်းနားထောင်ခြင်းတွေကို တော့ ၂၉ နာရီအထိ ပြုလုပ်နိုင်ပါတယ်။

စိုးထက်
Ref: GSMArena