ဈေးကွက်များစွာမှာ iOS 14 နဲ့ macOS လုပ်ဆောင်ချက်များစွာ ဖြန့်ချိမယ့် Apple

Apple ဟာ နှစ်စဉ်ကျင်းပနေကျ WWDC ကို စတင်ပြုလုပ်ခဲ့ပါတယ်။ ပွဲအတွင်းမှာ မိတ်ဆက်ခဲ့တဲ့ iOS, iPadOS နဲ့ macOS operating system တွေကို အိန္ဒိယ၊ တရုတ်နဲ့ အခြားအပြည်ပြည်ဆိုင်ရာ ဈေးကွက်က သုံးစွဲသူအတွက် လုပ်ဆောင်ချက် အသစ်နဲ့ အဆင့်မြှင့်တင်မှုများစွာ ဖြန့်ချိမယ်လို့ သိရပါတယ်။

ဒီနှစ်နှောင်းပိုင်းမှာ iOS 14 ကို သုံးစွဲသူတွေအတွက် ဖြန့်ချိပါမယ်။ iOS 14 အတွင်း ပြင်သစ်နဲ့ ဂျာမနီ၊ အင်ဒိုနီးရှားနဲ့ အင်္ဂလိပ်၊ ဂျပန်နဲ့ တရုတ်၊ ပိုလန်နဲ့ အင်္ဂလိပ် စတဲ့ နှစ်ဘာသာ အဘိဓာန်ကို ထောက်ပံ့ပါမယ်။ Apple ရဲ့အကြီးမားဆုံး နိုင်ငံရပ်ခြားဈေးကွက် တရုတ်သုံးစွဲသူအတွက် Wubi keyboard ထောက်ပံ့မယ်လို့ သိရပါတယ်။

အိန္ဒိယသုံးစွဲသူအတွက် Apple က လူတွေပိုမိုရွေးချယ်နိုင်ဖို့ ရှိပြီးသား font ၁၈ ခုကို အဆင့်မြှင့်တင်ကာ စာရွက်စာတမ်း font သစ် ၂၀ ကို ထပ်မံထည့်သွင်းလိုက်ပါတယ်။ Mail app ထဲမှာလည်း အိန္ဒိယအက္ခရာ အီးမေးလ်လိပ်စာကိုလည်း ထောက်ပံ့လိုက်ပါတယ်။ အိန္ဒိယအတွက် လုပ်ဆောင်ချက်အမျိုးမျိုးကို ဖြန့်ချိဦးမယ်လို့ Apple က ပြောထားပါတယ်။

အခုဆိုရင် Messages အတွင်းမှာ အိန္ဒိယဒေသတွင်း ဘာသာစကား ၂၃ ခု ထဲက တစ်ခုနဲ့ “Happy Holi” ဆိုတဲ့ ခရီးဦးကြိုစကားကို ပို့လိုက်ရင် full-screen effect တွေအသုံးပြုနိုင်မယ်။iOS 14 အတွင်း smart download လည်းပါဝင်လာပါတယ်။ အိန္ဒိယ သုံးစွဲသူတွေက အိန္ဒိယဆန်တဲ့ Siri အသံကို download လုပ်နိုင်ပါတယ်။ Apple TV+ အစီအစဉ်တွေကိုလည်း ဆယ်လူလာကွန်ရက်ကနေ ကြည့်ရှုကာ download လုပ်နိုင်ပါမယ်။ အဲဒီ feature ကိုတော့ အိန္ဒိယအတွက်ပဲ ဖြန့်ချိထားတာ ဖြစ်ပါတယ်။

အိုင်ယာလန်နဲ့ နော်ဝေက သုံးစွဲသူတွေ iOS 14 မှာ အိုင်းရစ်ဂေးလစ်နဲ့ နော်ဝေနူးနော့ဘာသာစကားအတွက် autocorrection လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါပြီ။ ဂျပန်အတွက် Kana keyboard ဒီဇိုင်းကို ပြင်ဆင်ပေးထားတဲ့ အတွက် ကိန်းဂဏန်းတွေ ရိုက်ရာမှာ ပိုမိုအဆင်ပြေလာပါမယ်။

-စိုးထက်
Ref: TechCrunch