ဇွန် ၁၆ မှာ ပွဲထွက်လာမယ့် HTC Desire 20 Pro

HTC ကတော့ ဆက်လက်ရှိနေသေးပြီး စမတ်ဖုန်းတွေ ထုတ်လုပ်နေဆဲပါ။ အခုဆိုရင် Android 10 အသုံးပြုထားတဲ့ ထုတ်ကုန်ကို ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ HTC Desire 20 Pro လို့အမည်ရတဲ့ ဖုန်းကို ဇွန် ၁၆ ရက်မှာ မိတ်ဆက်မယ်လို့ ကြေညာလိုက်ပါတယ်။

HTC Desire 20 Pro နဲ့ပတ်သက်ပြီး ကောလာဟလသတင်းတွေ မရှိပါဘူး။ HTC ထိုင်ဝမ်ဝက်ဘ်ဆိုက်ရဲ့ နယူးစည်းမှာ အခုပုံကို ဖော်ပြထားပါတယ်။

ဖုန်းကောက်ကြောင်းပုံအရ ရှေ့ဘက်မှာ selfie ကင်မရာအတွက် punch-hole ပါဝင်ပြီး ကျောဘက်မှာ ကင်မရာအစိတ်အပိုင်းတစ်ခု ပါဝင်တာကို တွေ့ရပါတယ်။ HTC Desire 20 Pro ကျောဘက်မှာ ကင်မရာ ၄ လုံးနဲ့ fingerprint sensor ပါဝင်တယ်လို့ ပေါက်ကြားထွက်လာတဲ့ ပုံအရ သိရပါတယ်။ ဒါ့အပြင် benchmark စာရင်းတွေအရ Desire 20 Pro မှာ Snapdragon 660 ဒါမှမဟုတ် 665 SoC ကို RAM 6GB နဲ့တွဲဖက်ထားပါတယ်။ ဖုန်းမှာ 3.5mm နားကြပ်ပေါက်ပါတယ်လို့ သိရပါတယ်။ မျက်နှာပြင်အရွယ်က ၆.၅ လက်မ LCD နဲ့အတူ FHD+ ရုပ်ထွက်အရည်အသွေး ပါဝင်လာနိုင်ပါတယ်။

စိုးထက်
Ref: GSMArena