
PlayStation 5 ပွဲကို ဇွန် ၄ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပေးမယ့် အမေရိကန်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကြောင့် Sony ကရွှေ့ဆိုင်းခဲ့ပါတယ်။ အခုဆိုရင် PlayStation 5 ပွဲကို ဇွန် ၁၁ မှာ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
See you Thursday, June 11 at 1:00pm Pacific time (9:00pm BST) for a look at the future of gaming on #PS5: https://t.co/9XJkXYProo pic.twitter.com/8EoN34UPdd
— PlayStation (@PlayStation) June 8, 2020
Sony PlayStation 5 ပွဲကို ကြိုတင်ရိုက်ကူးပြီး အွန်လိုင်းသီးသန့်ပွဲအဖြစ် ထုတ်လွှင့်သွားပါမယ်။ ပွဲအတွက် 30fps နဲ့ ရုပ်ထွက်အရည်အသွေး 1080p နဲ့နေ့လယ် ၁ နာရီ ပစိဖိတ်အချိန် (ည၈နာရီ UTC) ထုတ်လွှင့်ပါမယ်။ Sony အနေနဲ့ နားကြပ်နဲ့ နားထောင်ဖို့ အကြံပြုထားပါတယ်။ ပွဲအတွင်း အသံပိုင်းဆိုင်ရာက အလွန်ကောင်းမွန်ပြီး ဖုန်းဒါမှမဟုတ် laptop စပီကာကတစ်ဆင့် အသံနားထောင်မယ်ဆိုရင် အရသာအပြည့်အဝရဖို့ ခက်နိုင်တယ်လို့ Sony ကပြောထားပါတယ်။
ပွဲအတွင်း Sony က PlayStation 5 ဂိမ်းတွေကို မြည်းစမ်းမိတ်ဆက်ပါမယ်။ ဒါ့အပြင် Sony က PlayStation 5 ဂိမ်းစက် ဒီဇိုင်းကိုလည်း ပြသဖို့ ကျန်ပါသေးတယ်။ မျိုးဆက်သစ်ဂိမ်းစက်ပိုင်းနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်ထားပါတယ်။
-စိုးထက်
Ref: GSMArena