ဇွန် ၁၁ ရက်က ထုတ်ဖော်ပြသခဲ့တဲ့ Sony PlayStation 5 အကြောင်း သိသင့်သမျှ

Sony ဟာ PlatStation 5 ဂိမ်းစက်ကို ၂၀၂၀အားလပ်ရက်ရာသီမှာ ရောင်းချပါမယ်။ PlayStation 5 ဂိမ်းစက်ကို သမားရိုးကျပုံစံနဲ့ အခွေထည့်တဲ့ drive မပါတဲ့ ဒီဂျစ်တယ်ဗားရှင်း ဆိုပြီး ၂မျိုးရောင်းချပါမယ်။ ဒါ့အပြင် Sony က ၁၁ရက်မှာ ပြုလုပ်ခဲ့တဲ့ နာရီပေါင်းများစွာ ကြာတဲ့ အွန်လိုင်းပွဲအတွင်း PlayStation 5 ဂိမ်းများစွာကိုလည်း ပြသခဲ့ပါတယ်။

PlayStation 5 ဈေးနှုန်းနဲ့ ကြိုတင်မှာယူနိုင်မယ့် အချက်အလက်ကို မထုတ်ပြန်သေးပါဘူး။

Sony အနေနဲ့ PlayStation 5 ဒီဇိုင်းပိုင်း ပထမဆုံးပြသတဲ့ ပွဲအတွင်း PS5 ရဲ့ Dual Sense ဂိမ်းခလုတ်နဲ့ PlayStation 5 ဂိမ်းများစွာ ကြေညာခဲ့ပါတယ်။ ကြေညာခဲ့တဲ့ ဂိမ်း trailer တွေထဲမှာ “Spider-Man: Miles Morales,” “Gran Turismo 7,” “Resident Evil: Village,” နဲ့ “Ratchet and Clank: Rift Apart” တို့ပါဝင်လာပါတယ်။

PlayStation 4 ဟာအကျော်ကြားဆုံး ဗီဒီယိုဂိမ်းစက်ဖြစ်လာပြီး ၂၀၁၃ နိုဝင်ဘာလနောက်ပိုင်း အလုံးရေ သန်း ၁၀၀ ရောင်းချခဲ့ရပါတယ်။ PlayStation 5 က ၂၀၂၀အားလပ်ရက်ရာသီမှာ ဂိမ်မာတွေရဲ့ အားပေးမှုရဖို့ Microsoft အသစ်ထွက်ရှိမယ့် Xbox Series X နဲ့ယှဉ်ပြိုင်ရပါမယ်။

PlayStation နဲ့ Xbox ဂိမ်းစက်အသစ်တွေ ထွက်ရှိမယ့်ရက်က လအနည်းငယ်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ PlayStation 4 နဲ့ Xbox One ဂိမ်းစက်တွေကလည်း ကပ်ရောဂါအတွင်း ရောင်းအားကောင်းပြီး မှာယူမှုတွေ ဆက်လက်ရှိနေတုန်းပါပဲ။

Sony PlayStation 5 ဈေးနှုန်း

PlayStation 5 က မော်ဒယ် ၂ မျိုးနဲ့ ထွက်ရှိပါမယ်။ PlayStation မော်ဒယ်တစ်မျိုးက 4K Ultra HD Blu-ray drive ဖြစ်ပြီး နောက်တစ်မျိုးကတော့ အခွေထည့်စရာမလိုတဲ့ “digital edition” ဖြစ်ပါတယ်။ တရားဝင်ဈေးနှုန်း မထုတ်ပြန်သေးပေမယ့် ဂိမ်းစက်က ဒေါ်လာ ၅၀၀ ဒါမှမဟုတ် ၅၅၀ နီးပါးကျသင့်မယ်လို့ သတင်းထွက်နေပါတယ်။

Sony PlayStation 5 အသေးစိတ်အချက်အလက်

PlayStation 5 ဂိမ်းစက်က PlayStation 4 နဲ့ PS4 Pro ထက်စွမ်းဆောင်ရည်မြင့်တဲ့ hardware တွေပါဝင်တယ်လို့ Sony ကပြောထားတယ်။ PlayStation 5 အတွက် solid-state hard drive နဲ့ ray-tracing နည်းပညာ graphic ကတ်တွေ အဆင့်မြှင့်တင်ထားပါတယ်။

“Fortnite” ဖန်တီးသူ Epic Games ကလည်း PlayStation 5 ဂိမ်းစက်ကို အသုံးပြုပြီး အသစ်ထွက်ရှိမယ့် Unreal Engine 5 နဲ့ နည်းပညာဆိုင်ရာ သရုပ်ပြသမှုပြုလုပ်ခဲ့ပါတယ်။ ဂိမ်းစက်အသစ်ရဲ့ စွမ်းဆောင်ရည်ပိုင်းကို Unreal Engine 5 နဲ့ဂိမ်မာတွေကို ပြသခဲ့တယ်။

-စိုးထက်
Ref: BusinessInsider