[ Zawgyi ]
ဒီႏွစ္ရဲ႕ MWC ပြဲမွာ HMD ဟာ Nokia 3.2 နဲ႔ 4.2 တို႔ကုိ မိတ္ဆက္ခဲ့ၿပီးေနာက္ အလယ္အလတ္တန္း စားဖုန္းျဖစ္တဲ့ Nokia 5.2 နဲ႔ 6.2 တို႔ကုိ ထပ္မံမိတ္ဆက္ဖို႔ ျပင္ဆင္ေနပါတယ္။
See things in a new light on 06 June 2019. 😎 Stay tuned to #GetAhead in life. pic.twitter.com/Jy01t9Zyp5
— Nokia Mobile (@NokiaMobile) May 30, 2019
အဲဒီဖုန္းေတြဟာ ဇြန္ ၆ရက္မွာ ျပဳလုပ္မယ့္ပြဲမွာ မိတ္ဆက္ဖြယ္ရွိပါတယ္။ အဲဒီပြဲကုိ အီတလီနဲ႔ အိႏၵိယမွာ တစ္ၿပိဳင္နက္တည္း ျပဳလုပ္မယ္လုိ႔ သိရပါတယ္။ HMD ဟာ ဗီဒီယိုအတိုေလးေတြမ်ားစြာနဲ႔ ဖုန္းရဲ႕ feature သစ္ေတြကို Twitter account ကေနအျမည္းမိတ္ဆက္ခဲ့ပါတယ္။
#GetAhead with a sleek design & customizability. Stay tuned!
👉 06 June 2019 pic.twitter.com/hBUVc1BpGa— Nokia Mobile (@NokiaMobile) June 1, 2019
ပထမဆုံး ဗီဒီယိုကေတာ့ ဖုန္းသစ္ေတြမွာ ပါဝင္လာမယ့္ Night Mode ကုိျပသခဲ့ပါတယ္။ ညဘက္မွာ ေတာင္တန္းပုံေတြကုိ zoom ဆြဲၿပီး ကင္မရာ ၁ လုံးနဲ႔ ႐ိုက္ကူးခဲ့တာ ေတြ႕ရပါတယ္။ ထုတ္ကုန္သစ္ေတြမွာ အလင္းအားနည္းတဲ့ ေနရာမွာ ဓာတ္ပုံကုိ ႐ိုက္ကူးႏိုင္ပုံကို အရိပ္အျမြက္ျပသခဲ့ပါတယ္။
#GetAhead with just a tap on 06 June 2019. Stay tuned! pic.twitter.com/9O61Oyqxov
— Nokia Mobile (@NokiaMobile) June 3, 2019
ဒုတိယဗီဒီယိုမွာေတာ့ ဖုန္းအေရာင္ေတြျဖစ္တဲ့ အနက္၊ အျဖဴ၊ အစိမ္း၊ ပန္းေရာင္နဲ႔ အျပာအပါအဝင္ ဖုန္းေထာင့္ေကြးနဲ႔အတူ သန္႔စင္ထားတဲ့ ဒီဇိုင္းကို ျပသခဲ့ပါတယ္။ ဒါ့အျပင္ ဖုန္းရဲ႕ထိပ္ဘက္မွာ 3.5mm audio jack ကိုလည္းေတြ႕ႏိုင္ပါတယ္။Nokia ထုတ္ကုန္သစ္ေတြရဲ႕ ပါဝါခလုတ္မွာ built-in သတိေပးခ်က္ အလင္းပါဝင္လာမွာပါ။ အဲဒီ feature ကုိ Nokia X71 မွာေတြ႕ရၿပီး အခုအခါ ထုတ္ကုန္သစ္ေတြမွာ ပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။
-စိုးထက္
Ref: GSMArena
[ Unicode ]
ဒီနှစ်ရဲ့ MWC ပွဲမှာ HMD ဟာ Nokia 3.2 နဲ့ 4.2 တို့ကို မိတ်ဆက်ခဲ့ပြီးနောက် အလယ်အလတ်တန်း စားဖုန်းဖြစ်တဲ့ Nokia 5.2 နဲ့ 6.2 တို့ကို ထပ်မံမိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။
အဲဒီဖုန်းတွေဟာ ဇွန် ၆ရက်မှာ ပြုလုပ်မယ့်ပွဲမှာ မိတ်ဆက်ဖွယ်ရှိပါတယ်။ အဲဒီပွဲကို အီတလီနဲ့ အိန္ဒိယမှာ တစ်ပြိုင်နက်တည်း ပြုလုပ်မယ်လို့ သိရပါတယ်။ HMD ဟာ ဗီဒီယိုအတိုလေးတွေများစွာနဲ့ ဖုန်းရဲ့ feature သစ်တွေကို Twitter account ကနေအမြည်းမိတ်ဆက်ခဲ့ပါတယ်။
ပထမဆုံး ဗီဒီယိုကတော့ ဖုန်းသစ်တွေမှာ ပါဝင်လာမယ့် Night Mode ကိုပြသခဲ့ပါတယ်။ ညဘက်မှာ တောင်တန်းပုံတွေကို zoom ဆွဲပြီး ကင်မရာ ၁ လုံးနဲ့ ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ ထုတ်ကုန်သစ်တွေမှာ အလင်းအားနည်းတဲ့ နေရာမှာ ဓာတ်ပုံကို ရိုက်ကူးနိုင်ပုံကို အရိပ်အမြွက်ပြသခဲ့ပါတယ်။
ဒုတိယဗီဒီယိုမှာတော့ ဖုန်းအရောင်တွေဖြစ်တဲ့ အနက်၊ အဖြူ၊ အစိမ်း၊ ပန်းရောင်နဲ့ အပြာအပါအဝင် ဖုန်းထောင့်ကွေးနဲ့အတူ သန့်စင်ထားတဲ့ ဒီဇိုင်းကို ပြသခဲ့ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ထိပ်ဘက်မှာ 3.5mm audio jack ကိုလည်းတွေ့နိုင်ပါတယ်။Nokia ထုတ်ကုန်သစ်တွေရဲ့ ပါဝါခလုတ်မှာ built-in သတိပေးချက် အလင်းပါဝင်လာမှာပါ။ အဲဒီ feature ကို Nokia X71 မှာတွေ့ရပြီး အခုအခါ ထုတ်ကုန်သစ်တွေမှာ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
Ref: GSMArena