ဇြန္ ၂၄ ရက္မွာ စတင္ေရာင္းခ်မယ့္ Samsung Chromebook Plus V2 လက္ေတာ့ပ္

Samsung ဟာ ဇြန္လ ၂၄ ရက္မွာ ေရာင္းခ်မယ့္ Chromebook Plus V2 လက္ေတာ့ပ္သစ္ကို မိတ္ဆက္ခဲ့ပါတယ္။ အဆိုပါ Chrome OS convertible လက္ေတာ့ပ္ရဲ႕တန္ဖိုးက ၄၉၉.၉၉ ေဒၚလာျဖစ္ၿပီး Best Buy ဝက္ဘ္ဆိုက္နဲ႔ လက္လီစတိုးေတြကေန စတင္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Samsung က ဗားရွင္းသစ္အတြက္ ပိုမိုျမန္ဆန္တဲ့ Intel Celeron 3965Y processor နဲ႔အတူ Intel integrated graphics ကို အသံုးျပဳဖို႔ ေရြးခ်ယ္ခဲ့တာက ၂၀၁၇ ခုႏွစ္ကျဖန္႔ခ်ိခဲ့တဲ့ Chromebook Plus နဲ႔ V2 ေမာ္ဒယ္တို႔အၾကားက အႀကီးမားဆံုး အေျပာင္းအလဲ ျဖစ္ပါတယ္။ Chromebook Plus မွာတုန္းက ARM ခ်စ္ပ္ကို အသံုးျပဳခဲ့တာျဖစ္ပါတယ္။

အေလးခ်ိန္ ၂.၉၃ ေပါင္ရိွတဲ့ Chromebook Plus V2 မွာ 4GB RAM နဲ႔ 32GB onboard storage ပါဝင္ပါတယ္။ ဒါ့အျပင္ microSD card slot တစ္ခုကေန 400GB အထိ သိုေလွာင္မႈပမာဏ တိုးျမွင့္ႏိုင္ပါတယ္။

Chromebook Plus V2 မွာ ၁၂.၂ လက္မ screen ပါဝင္ၿပီး resolution က 1,920 x 1,080 ျဖစ္ပါတယ္။ ဒါဟာ Chromebook Plus ရဲ႕ ၁၂.၃ လက္မ 2,400 x 1,600 resolution display ထက္ ေသးငယ္ပါတယ္။ V2 ေမာ္ဒယ္ဟာ convertible လက္ေတာ့ပ္ျဖစ္တာေၾကာင့္ သံုးစြဲသူေတြက screen ကိုလွန္ၿပီး touchscreen တက္ဘလက္တစ္ခု အေနနဲ႔ အသံုးျပဳႏိုင္ပါတယ္။ Stylus တစ္ခုပါဝင္ပါတယ္။ အေရွ႕ဘက္ကင္မရာက 1MP ျဖစ္ၿပီး 13MP ကင္မရာကိုေတာ့ ကီးဘုတ္ေပၚမွာ တပ္ဆင္ထားပါတယ္။ ကီးဘုတ္ကို လွန္လိုက္တဲ့အခါမွာ ေက်ာဘက္ကင္မရာအေနနဲ႔ အသံုးျပဳႏိုင္ပါတယ္။

Samsung Chromebook Plus V2 မွာ 39Wh ဘက္ထရီ ပါဝင္ပါတယ္။ USB Type-C port ႏွစ္ခု၊ USB 3.0 port တစ္ခုနဲ႔ 3.5mm နားၾကပ္ေပါက္တစ္ခုတို႔လည္း ပါဝင္ပါတယ္။ Chrome OS အသံုးျပဳထားေပမယ့္လည္း Google Play Store က Android app ေတြကိုပါ အသံုးျပဳႏိုင္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: AndroidAuthority

Samsung ဟာ ဇွန်လ ၂၄ ရက်မှာ ရောင်းချမယ့် Chromebook Plus V2 လက်တော့ပ်သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Chrome OS convertible လက်တော့ပ်ရဲ့တန်ဖိုးက ၄၉၉.၉၉ ဒေါ်လာဖြစ်ပြီး Best Buy ဝက်ဘ်ဆိုက်နဲ့ လက်လီစတိုးတွေကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Samsung က ဗားရှင်းသစ်အတွက် ပိုမိုမြန်ဆန်တဲ့ Intel Celeron 3965Y processor နဲ့အတူ Intel integrated graphics ကို အသုံးပြုဖို့ ရွေးချယ်ခဲ့တာက ၂၀၁၇ ခုနှစ်ကဖြန့်ချိခဲ့တဲ့ Chromebook Plus နဲ့ V2 မော်ဒယ်တို့အကြားက အကြီးမားဆုံး အပြောင်းအလဲ ဖြစ်ပါတယ်။ Chromebook Plus မှာတုန်းက ARM ချစ်ပ်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

အလေးချိန် ၂.၉၃ ပေါင်ရှိတဲ့ Chromebook Plus V2 မှာ 4GB RAM နဲ့ 32GB onboard storage ပါဝင်ပါတယ်။ ဒါ့အပြင် microSD card slot တစ်ခုကနေ 400GB အထိ သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ပါတယ်။

Chromebook Plus V2 မှာ ၁၂.၂ လက်မ screen ပါဝင်ပြီး resolution က 1,920 x 1,080 ဖြစ်ပါတယ်။ ဒါဟာ Chromebook Plus ရဲ့ ၁၂.၃ လက်မ 2,400 x 1,600 resolution display ထက် သေးငယ်ပါတယ်။ V2 မော်ဒယ်ဟာ convertible လက်တော့ပ်ဖြစ်တာကြောင့် သုံးစွဲသူတွေက screen ကိုလှန်ပြီး touchscreen တက်ဘလက်တစ်ခု အနေနဲ့ အသုံးပြုနိုင်ပါတယ်။ Stylus တစ်ခုပါဝင်ပါတယ်။ အရှေ့ဘက်ကင်မရာက 1MP ဖြစ်ပြီး 13MP ကင်မရာကိုတော့ ကီးဘုတ်ပေါ်မှာ တပ်ဆင်ထားပါတယ်။ ကီးဘုတ်ကို လှန်လိုက်တဲ့အခါမှာ ကျောဘက်ကင်မရာအနေနဲ့ အသုံးပြုနိုင်ပါတယ်။

Samsung Chromebook Plus V2 မှာ 39Wh ဘက်ထရီ ပါဝင်ပါတယ်။ USB Type-C port နှစ်ခု၊ USB 3.0 port တစ်ခုနဲ့ 3.5mm နားကြပ်ပေါက်တစ်ခုတို့လည်း ပါဝင်ပါတယ်။ Chrome OS အသုံးပြုထားပေမယ့်လည်း Google Play Store က Android app တွေကိုပါ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: AndroidAuthority