ဇူလိုင် ၂၃ ရက်မှာ Xbox Series X ဂိမ်းတွေ မိတ်ဆက်မယ့် Microsoft

Microsoft ဟာ ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီ (ပစိဖိတ်အချိန်) မှာ Xbox Series X ဂိမ်းတွေကို မိတ်ဆက်ပါမယ်။ Microsoft က Halo Infinite အပြင် Xbox Game Studios က ထုတ်လုပ်ထားတဲ့ ဂိမ်းတွေကို ပြသပါမယ်။ လွန်ခဲ့တဲ့အပတ်ကတော့ 343 industry က Halo Infinite ကို အမြည်းမိတ်ဆက်ခဲ့ပြီး Halo ဂိမ်းသစ် အတွက် ပြည်နှင်ဒဏ်ပေးခံရတဲ့ ဗီလိန်တွေ ပြန်လည်ပါဝင်လာပါမယ်။

ဒါ့အပြင် Microsoft ဟာ ဂိမ်းစတူဒီယိုတွေ ထပ်ဝယ်ယူဖို့ ရှိပါတယ်။ Microsoft က Faceble placeholder ဆိုတဲ့ Twitter accunt ကိုဖန်တီးခဲ့ပါတယ်။ Microsoft က Fable ဂိမ်းသစ်ကို မိတ်ဆက်မလားဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေပါတယ်။ Microsoft က USB chargers, စပီကာ၊ နားကြပ်နဲ့ အခြားအရာတွေမှာ Fable အမှတ်တံဆိပ်ကို တိုးချဲ့အသုံးပြုဖို့ရှိပါတယ်။

-စိုးထက်
Ref: TheVerge