ဇူလိုင် ၁၄ မှာ ကွန်ပျူတာအတွက် ထွက်ရှိမယ့် Halo 3 ဂိမ်း

Halo 3 ဟာ The Master Chief Collection တစ်စိတ်တစ်ပိုင်းအဖြစ် ဇူလိုင် ၁၄ ရက်မှာ ကွန်ပျူတာအတွက် ထွက်ရှိပါမယ်။ ကွန်ပျူတာကနေ ကစားလိုသူတွေက Microsoft Store ဒါမှမဟုတ် Steam ကနေ Halo 3 ကို ကစားနိုင်ပါမယ်။ Xbox Game Pass လစဉ်ကြေးပေးသွင်းသူတွေက အခမဲ့ ကစားနိုင်ပါမယ်။ ကွန်ပျူတာအတွက် Halo 3 နဲ့အတူ Halo: Combat Evolved, Halo 2 နဲ့ Halo: Reach တို့ထွက်ရှိထားပါတယ်။ ဂိမ်းဖန်တီးသူ 343 Industry ကတော့ နောက်ပိုင်း Halo 3: ODST နဲ့ Halo 4 တို့ကို ဖြန့်ချိပါမယ်။Bungie ကဖန်တီးခဲ့တဲ့ Halo 3 ဂိမ်းက မူရင်း Halo ဂိမ်းတွေရဲ့ နောက်ဆုံးအခန်းဖြစ်ပါတယ်။ Halo 3 က ဂိမ်းရဲ့ နာမည်ကျော် အစိတ်အပိုင်း ဖြစ်ခဲ့ပြီး မြေပုံပေါ် လက်နက်နဲ့ ယာဉ်တွေကို စိတ်ကြိုက် ပြုပြင်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

343 Industries ကတော့ မျိုးဆက်သစ် Halo Infinite ဂိမ်းကို ဒီလနှောင်းပိုင်းမှာ မိတ်ဆက်ဖွယ်ရှိပါတယ်။ Microsoft က ဇူလိုင် ၂၄ ရက်မှာ မျိုးဆက်သစ် ဂိမ်းပေါင်းများစွာနဲ့ Halo Infinite ဂိမ်းတွေကို ထုတ်ဖော်မိတ်ဆက်ဖို့ Xbox Game Studios ကဖန်တီးသွားပါမယ်။

စိုးထက်
Ref: TheVerge