ဇူလိုင်လမှာ under display ကင်မရာပါဝင်တဲ့ Galaxy Fold 2 ကို Samsung ရောင်းချနိုင်

ပြီးခဲ့တဲ့အပတ်က Samsung ဟာ ကုမ္ပဏီရဲ့ဒုတိယမြောက်ခေါက်စမတ်ဖုန်း Galaxy Z Flip ကို မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာလည်း Samsung ဟာ Galaxy Fold ဗားရှင်းတစ်မျိုးကို ထုတ်လုပ်ဖို့ ပြင်ဆင်တယ်လို့ သတင်းတွေကဖော်ပြလာကြပါတယ်။

ကိုရီးယားသတင်းဌာန Ajunews နဲ့ Display Supply chain Consultants (DSCC) တည်ထောင်သူ ရော့စ်ယန်းတို့က Galaxy Fold 2 အကြောင်းကို ပြောခဲ့ကြပါတယ်။ Samsung ဟာ စီမံကိန်းအမည် Champ နဲ့ Galaxy Fold 2 ကိုလုပ်ကိုင်နေပါတယ်။

ထုတ်ကုန်သစ်မှာ မျက်နှာပြင်အရွယ်အစားက ၇.၇ လက်မအထိ ရှိလာပါမယ်။ Samsung ဟာ notch မပါဝင်တဲ့ display အသုံးပြုဖို့ under display ကင်မရာ နည်းပညာကို စမ်းသပ်လျက်ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က Oppo နဲ့ Xiaomi တို့က under display နည်းပညာကို ပြသခဲ့ကြပါတယ်။ အဲဒီနည်းပညာက လူသုံးကုန်ပစ္စည်းလိုမျိုး အမြောက်အမြားထုတ်လုပ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ Xiaomi ကပြောထားပါတယ်။

စိုးထက်
Ref: TheNextWeb