ဇူလိုင်တွင် ကျင်းပမည့် Japanese-Language Proficiency Test (JLPT) စာမေးပွဲကြေးများ ပြန်လည်ထုတ်ပေးမည်

၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ ကျင်းပမယ့် Japanese-Language Proficiency Test (JLPT) စာမေးပွဲကြေးတွေကို AYA PAY, KBZ PAY ဘဏ်အကောင့်တွေနဲ့ ပြန်လည်ထုတ်ပေးမယ်လို့ သိရပါတယ်။

စာမေးပွဲကြေးပြန်လည်ထုတ်ယူခြင်းလျှောက်လွှာတွေကို ဇူလိုင် ၁၃ ရက် မှ သြဂုတ် ၃၁ ရက် အတွင်း လျှောက်ထားရမှာ ဖြစ်ပြီး စာမေးပွဲကြေးတွေကို ဇူလိုင် ၂၁ ရက် မှ စက်တင်ဘာ ၃၀ ရက် အတွင်း ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ တစ်ဦးချင်း လျှောက်ထားသူများ အတွက် ပူးတွဲပါ လျှောက်လွှာတွင် ဖြည့်သွင်းပြီး လျှောက်ထားတဲ့ စာဖြေသူတွေရဲ့ စာမေးပွဲဖြေဆိုခွင့်လက်မှတ် (စာမေးပွဲဖြေဆိုခွင့် လက်မှတ်ထုတ်ပြီးသူများ) သို့မဟုတ် ငွေသွင်းပြေစာ (စာမေးပွဲဖြေဆိုခွင့်လက်မှတ် မထုတ်ရသေးသူများ)၊ လျှောက်ထားစဉ်က အသုံးပြုထားတဲ့ စာဖြေသူရဲ့ သက်သေခံကတ်ပြားတွေရဲ့ ဓာတ်ပုံ (သို့) Scan ဒေတာကို သက်ဆိုင်ရာ စာဖြေဌာနအလိုက် သက်မှတ်ထားတဲ့ E-mail သို့မဟုတ် Viber သို့ ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။

စာဖြေသူတွေအနေနဲ့ KBZ PAY (သို့မဟုတ်) AYA PAY အကောင့် (LEVEL-2) ရှိရမှာ ဖြစ်ပါတယ်။သင်တန်းကျောင်းအနေနဲ့ လျှောက်ထားသူတွေဟာ သင်တန်းကျောင်းမှ မိမိသင်တန်းသားတွေ အတွက် လျှောက်လွှာတင်ထားတဲ့ စာမေးပွဲကြေးတွေကို ကျောင်းအနေနဲ့ တစ်စုတစ်စည်းတည်း လျှောက်ထားထုတ်ယူနိုင်မှာပါ။

အထက်ပါ နည်းလမ်းတွေနဲ့ ငွေပြန်ထုတ်ဖို့ အဆင်မပြေသူတွေ အနေနဲ့ ယခုဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် အတွက် (၂၀၂၀ ခုနှစ် အောက်တိုဘာ ၁ ရက် မှ ၂၀၂၀ ခုနှစ် နို၀င်ဘာ ၃၀ ရက် အတွင်း) ဖုန်းဖြင့် ကြိုတင်ရက်ချိန်း (Appointment) ယူကာ လျှောက်ထားရမှာ ဖြစ်ပြီး အသေးစိတ်ကို စက်တင်ဘာလကုန်တွင် ထပ်မံကြေညာပေးသွားမှာ ဖြစ်ပါတယ်။

လျှောက်လွှာများကို https://www.ascoja-maja.org.mm/frontend/jlptDetail/42 မှာ ဒေါင်းလုတ် ရယူနိုင်ပြီး ရန်ကုန်စာဖြေဌာန [email protected] (သို့မဟုတ်) Viber- ၀၉၉၆၂၇၅၁၃၇၃ ၊ မန္တလေးစာဖြေဌာန [email protected] (သို့မဟုတ်) Viber- ၀၉၂၅၅၁၆၂၅၃၃၊ ပဲခူးစာဖြေဌာန [email protected] (သို့မဟုတ်) Viber- ၀၉၆၉၂၂၈၈၇၅၁ သို့ ပေးပို့ရမှာ ဖြစ်ပါတယ်။

-သန္တာ